This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

တီကီတာကာ ကစားဟန္နဲ႔ ေခတ္တစ္ေခတ္ကို အုပ္စိုးခဲ့တဲ့ စပိန္အသင္း

စပိန္အသင္း
တီကီတာကာ ကစားဟန္နဲ႔ ေမာ္ဒန္ေခတ္ေဘာလံုးေလာကကို သိမ္းပိုက္ၿပီး ဆုဖလားေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့တဲ့ အသင္းတစ္သင္း ျဖစ္ပါတယ္။ အာရာဂူးနက္စ္ ပံုေဖာ္ေပးခဲ့တဲ့ အသင္းကို ဒဲလ္ေဘာ့စေကး ဆက္လက္ အသက္သြင္းႏိုင္ခဲ့ေပမယ့္ အသင္းရဲ႕ ေဒါက္တိုင္ ကစားသမားေတြ အနားယူသြားခ်ိန္မွာ ယိုယြင္းလာတဲ့ အသင္းရဲ႕ အေျခအေနကို ထိန္းသိမ္းႏိုင္ျခင္းမရွိလို႔ လူငယ္နည္းျပ လိုပယ္တက္ဂီ လက္ထဲကို လြဲေျပာင္းေပးခဲ့ရပါတယ္။ ၿပိဳင္ပြဲႀကီး (၃)ခု (ယူရို-၂၀၀၈၊ ၂၀၁၀ ကမၻာ႔ဖလား၊ ယူရို-၂၀၁၂)ဆက္ ဗိုလ္စြဲႏိုင္ခဲ့တဲ့ ပထမဆံုးအသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့သလို ၂၀၀၈ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အထိ ကမၻာ႔အဆင့္ (၁)ေနရာမွာ (၆)ႏွစ္ၾကာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒီမွတ္တမ္းဟာ ဘရာဇီးလ္အသင္းၿပီးရင္ ဒုတိယေျမာက္ ကာလအရွည္ဆံုး ရပ္တည္ႏိုင္မႈ ျဖစ္ပါတယ္။ (၃၅)ပြဲဆက္ ရံႈးပြဲမရွိကစားႏိုင္ခဲ့တဲ့ ႏိုင္ငံလက္ေရြးစင္အသင္းတစ္သင္းျဖစ္ခဲ့ၿပီး ၂၀၁၀ ကေန ၂၀၁၂ ကာလအတြင္း ကမၻာ႔ေဘာလံုးေလာကရဲ႕ အျငင္းပြားဖြယ္ရာမရွိ အေကာင္းဆံုးႏိုင္ငံအသင္းအျဖစ္ ကစားသမားေဟာင္းေတြရဲ႕ တစ္ညီတစ္ညြတ္တည္း သတ္မွတ္ျခင္းကို ခံခဲ့ရပါတယ္။ ဥေရာပခ်န္ပီယံဆုကို (၃)ႀကိမ္အထိ ရယူႏိုင္ခဲ့ၿပီး ယူရိုၿပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆံုးအသင္းအျဖစ္ ဂ်ာမနီအသင္းပူးတြဲ ရပ္တည္ေနသလို သမိုင္းတစ္ေလွ်ာက္ ယူရိုခ်န္ပီယံဘြဲ႔ကို ကာကြယ္ႏိုင္တဲ့ ပထမဆံုးအသင္းအျဖစ္ မွတ္တမ္းေကာင္းေတြ ေရးထုိးထားႏိုင္တဲ့ အသင္းတစ္သင္းျဖစ္ခဲ့ပါတယ္။ ဒဲလ္ေဘာ့စေကး ေနရာကို ဆက္ခံခဲ့တဲ့ လိုပယ္တက္ဂီအေနနဲ႔လည္း စပိန္အသင္းကို တာ၀န္ယူၿပီးေနာက္ပိုင္း ရံႈးပြဲမရွိေအာင္ စြမ္းေဆာင္ေပးထားႏိုင္ေပမယ့္ ၿပိဳင္ပြဲစတင္ဖို႔ ရက္ပိုင္းအလိုမွာ ရာထူးက ထုတ္ပယ္ခံခဲ့ရၿပီး အသင္း ဂႏၳ၀င္ ေနာက္ခံလူ ဟီယာရိုကို ခန္႔အပ္ခဲ့တာေၾကာင့္ စပိန္ရဲ႕ အေျခအေနေတြက ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။

Spain-Players-react-after-losing-their-match

Spain-Players-react-after-losing-their-match

ကမၻာ႔ဖလားသမိုင္းေၾကာင္း
က်င္းပၿပီးစီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲ အႀကိမ္ (၂၀)မွာ (၁၄)ႀကိမ္အထိ ၀င္ေရာက္ ယွဥ္ၿပိဳင္ခြင့္ရခဲ့ၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၁၀ ၿပိဳင္ပြဲကလြဲလို႔ ၁၉၅၀ ၿပိဳင္ပြဲမွာ စတုတၳေနရာကို ရယူႏိုင္ခဲ့တာက အျမင့္ဆံုးေအာင္ျမင္မႈတစ္ခု ျဖစ္ခဲ့ပါတယ္။ ၂၀၁၀ ၿပိဳင္ပြဲမွာ နယ္သာလန္အသင္းကို အႏိုင္ယူၿပီး ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ သမိုင္း၀င္ေအာင္ျမင္မႈကို ရယူႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ၂၀၁၄ ၿပိဳင္ပြဲမွာေတာ့ နယ္သာလန္၊ ခ်ီလီအသင္းေတြကို ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိလို႔ အုပ္စုအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ အစဥ္အလာအရ ဥေရာပေျမမွာ က်င္းပခဲ့တဲ့ ၿပိဳင္ပြဲတိုင္း စပိန္အသင္းအတြက္ ခက္ခဲခဲ့ၿပီး ဒုတိယအႀကိမ္ေျမာက္ က်င္းပခဲ့တဲ့ ၁၉၃၄ ၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္ကို ေရာက္ရွိခဲ့တာက အျမင့္ဆံုးရပ္တည္မႈ ျဖစ္ခဲ့ပါတယ္။

ေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
အီတလီအသင္းကလြဲလို႔ အသင္းငယ္အမ်ားစု ပါ၀င္တဲ့ အုပ္စုမွာ ပါ၀င္ခဲ့လို႔ စပိန္အသင္းရဲ႕ ေျခစစ္ပြဲအဆင့္က ခက္ခဲမႈမရွိခဲ့ပါဘူး။ အဖြင့္ပြဲစဥ္မွာကတည္းက လက္ခ်န္စတိန္းအသင္းကို (၈)ဂိုးအထိ သြင္းကာ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး ေနာက္တစ္ဆင့္အတြက္ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ အီတလီအသင္းကို အေ၀းကြင္းမွာ သေရကစားကာ အိမ္ကြင္းမွာ ဂိုးျပတ္အႏိုင္ရခဲ့လို႔ အုပ္စုပထမေနရာအတြက္ အခက္အခဲမရွိခဲ့ပါဘူး။ (၉)ပြဲႏိုင္၊ (၁)ပြဲသေရ၊ ရံႈးပြဲမရွိဆိုတဲ့ မွတ္တမ္းေကာင္းတစ္ရပ္နဲ႔ အုပ္စုပထမေနရာကို ရယူကာ တိုက္ရိုက္ေျခစစ္ပြဲ ေအာင္ျမင္ခဲ့ပါတယ္။ ေျခစစ္ပြဲတစ္ေလွ်ာက္ တိုက္စစ္စြမ္းရည္ေကာင္းေတြကို ျပသခဲ့ၿပီး (၃၆)ဂိုးအထိ သြင္းယူခဲ့ကာ ဂ်ာမနီ၊ ဘယ္လ္ဂ်ီယံအသင္းေတြရဲ႕ေနာက္ သြင္းဂိုးအမ်ားဆံုး အသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ တိုက္စစ္ပိုင္းက စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသႏိုင္ခဲ့သလို ခံစစ္ကလည္း (၃)ဂိုးသာ ခြင့္ျပဳခဲ့ရပါတယ္။

Spain-World-Cup-Squad

Spain-World-Cup-Squad

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
ဥေရာပထိပ္တန္းလိဂ္ၿပိဳင္ပြဲေတြမွာ ေျခစြမ္းျပခဲ့တဲ့ ကစားသမားေတြကို စပိန္လာလီဂါၿပိဳင္ပြဲက ကစားသမားအမ်ားစုနဲ႔ ေပါင္းစပ္ၿပီး အၿပီးသတ္လူစာရင္းကို ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ဂိုးသမားနဲ႔ ေနာက္တန္းကေတာ့ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲထက္ ေတာင့္တင္းတဲ့ စုဖြဲ႔မႈကို ပိုင္ဆိုင္ထားၿပီး အေကာင္းအခ်ိန္ ေရာက္ေနတဲ့ ကစားသမားအမ်ားစုကို ေရြးခ်ယ္ထားပါတယ္။ ၀ါရင့္ ကြင္းလယ္လူေတြျဖစ္တဲ့ အင္နီေယစတာ၊ ေဒးဗစ္ေဆးလ္ဗားနဲ႔ ဘူးစကြက္စ္တို႔ကို ကစားသမားဘ၀ အေကာင္းဆံုး အခ်ိန္ကို ေရာက္ေနတဲ့ ဆာအူလ္၊ ကုိကီ၊ အယ္လ္ကန္တာရာ၊ အစကိုတို႔လို ကစားသမားေတြနဲ႔ ေပါင္းစပ္ ဖြဲ႔စည္းထားတာက ၿပိဳင္ဘက္အသင္းေတြအတြက္ စပိန္ကြင္းလယ္ စုဖြဲ႔မႈက တုန္လႈပ္စရာ ျဖစ္ေနပါတယ္။ တိုက္စစ္ပိုင္းကေတာ့ အသင္းေအာင္ျမင္ခဲ့တဲ့ အခ်ိန္က တိုက္စစ္ပိုင္းကို လိုက္မီႏိုင္ဖို႔ မရွိပါဘူး။ ေကာ္စတာက ပံုမွန္ေျခစြမ္းမရွိသလို၊ ရိုဒရီဂို၊ ဗက္ဇ္ေကးနဲ႔ အက္စ္ပတ္တို႔က ၿပိဳင္ဘက္အသင္း တိုက္စစ္ကစားသမားေတြနဲ႔ ယွဥ္လိုက္ရင္ တစ္တန္းနိမ့္ေနပါတယ္။ ကြင္းလယ္မွာ ေရြးခ်ယ္ခံထားရတဲ့ အဆန္စီရိုကေတာ့ ေစာင့္ၾကည့္ခ်င္စရာ အေကာင္းဆံုး ကစားသမားျဖစ္ေနေပမယ့္ ၀ါရင့္ ကြင္းလယ္လူေတြကို ေက်ာ္ျဖတ္ၿပီး ပြဲထြက္ခြင့္ ရဖို႔ကေတာ့ ရလာတဲ့ အခြင့္အေရးကို အက်ိဳးရွိရွိ အသံုးခ်တက္ဖို႔ လိုအပ္ပါတယ္။

REF:Wikipedia
Photo:RW Rant, YouTube, Independent
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

တီကီတာကာ ကစားဟန်နဲ့ ခေတ်တစ်ခေတ်ကို အုပ်စိုးခဲ့တဲ့ စပိန်အသင်း

စပိန်အသင်း
တီကီတာကာ ကစားဟန်နဲ့ မော်ဒန်ခေတ်ဘောလုံးလောကကို သိမ်းပိုက်ပြီး ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ အာရာဂူးနက်စ် ပုံဖော်ပေးခဲ့တဲ့ အသင်းကို ဒဲလ်ဘော့စကေး ဆက်လက် အသက်သွင်းနိုင်ခဲ့ပေမယ့် အသင်းရဲ့ ဒေါက်တိုင် ကစားသမားတွေ အနားယူသွားချိန်မှာ ယိုယွင်းလာတဲ့ အသင်းရဲ့ အခြေအနေကို ထိန်းသိမ်းနိုင်ခြင်းမရှိလို့ လူငယ်နည်းပြ လိုပယ်တက်ဂီ လက်ထဲကို လွဲပြောင်းပေးခဲ့ရပါတယ်။ ပြိုင်ပွဲကြီး (၃)ခု (ယူရို-၂၀၀၈၊ ၂၀၁၀ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၂)ဆက် ဗိုလ်စွဲနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကမ္ဘာ့အဆင့် (၁)နေရာမှာ (၆)နှစ်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ ဘရာဇီးလ်အသင်းပြီးရင် ဒုတိယမြောက် ကာလအရှည်ဆုံး ရပ်တည်နိုင်မှု ဖြစ်ပါတယ်။ (၃၅)ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းဖြစ်ခဲ့ပြီး ၂၀၁၀ ကနေ ၂၀၁၂ ကာလအတွင်း ကမ္ဘာ့ဘောလုံးလောကရဲ့ အငြင်းပွားဖွယ်ရာမရှိ အကောင်းဆုံးနိုင်ငံအသင်းအဖြစ် ကစားသမားဟောင်းတွေရဲ့ တစ်ညီတစ်ညွတ်တည်း သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ ဥရောပချန်ပီယံဆုကို (၃)ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ဂျာမနီအသင်းပူးတွဲ ရပ်တည်နေသလို သမိုင်းတစ်လျှောက် ယူရိုချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းကောင်းတွေ ရေးထိုးထားနိုင်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဒဲလ်ဘော့စကေး နေရာကို ဆက်ခံခဲ့တဲ့ လိုပယ်တက်ဂီအနေနဲ့လည်း စပိန်အသင်းကို တာဝန်ယူပြီးနောက်ပိုင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်ပေမယ့် ပြိုင်ပွဲစတင်ဖို့ ရက်ပိုင်းအလိုမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရပြီး အသင်း ဂန္ထဝင် နောက်ခံလူ ဟီယာရိုကို ခန့်အပ်ခဲ့တာကြောင့် စပိန်ရဲ့ အခြေအနေတွေက စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

Spain-Players-react-after-losing-their-match

Spain-Players-react-after-losing-their-match

ကမ္ဘာ့ဖလားသမိုင်းကြောင်း
ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိမ် (၂၀)မှာ (၁၄)ကြိမ်အထိ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၀ ပြိုင်ပွဲကလွဲလို့ ၁၉၅၀ ပြိုင်ပွဲမှာ စတုတ္ထနေရာကို ရယူနိုင်ခဲ့တာက အမြင့်ဆုံးအောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ပြိုင်ပွဲမှာ နယ်သာလန်အသင်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သမိုင်းဝင်အောင်မြင်မှုကို ရယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၄ ပြိုင်ပွဲမှာတော့ နယ်သာလန်၊ ချီလီအသင်းတွေကို ကျော်ဖြတ်နိုင်ခြင်းမရှိလို့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အစဉ်အလာအရ ဥရောပမြေမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတိုင်း စပိန်အသင်းအတွက် ခက်ခဲခဲ့ပြီး ဒုတိယအကြိမ်မြောက် ကျင်းပခဲ့တဲ့ ၁၉၃၄ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့တာက အမြင့်ဆုံးရပ်တည်မှု ဖြစ်ခဲ့ပါတယ်။

ခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
အီတလီအသင်းကလွဲလို့ အသင်းငယ်အများစု ပါဝင်တဲ့ အုပ်စုမှာ ပါဝင်ခဲ့လို့ စပိန်အသင်းရဲ့ ခြေစစ်ပွဲအဆင့်က ခက်ခဲမှုမရှိခဲ့ပါဘူး။ အဖွင့်ပွဲစဉ်မှာကတည်းက လက်ချန်စတိန်းအသင်းကို (၈)ဂိုးအထိ သွင်းကာ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်အတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ အီတလီအသင်းကို အဝေးကွင်းမှာ သရေကစားကာ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့လို့ အုပ်စုပထမနေရာအတွက် အခက်အခဲမရှိခဲ့ပါဘူး။ (၉)ပွဲနိုင်၊ (၁)ပွဲသရေ၊ ရှုံးပွဲမရှိဆိုတဲ့ မှတ်တမ်းကောင်းတစ်ရပ်နဲ့ အုပ်စုပထမနေရာကို ရယူကာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။ ခြေစစ်ပွဲတစ်လျှောက် တိုက်စစ်စွမ်းရည်ကောင်းတွေကို ပြသခဲ့ပြီး (၃၆)ဂိုးအထိ သွင်းယူခဲ့ကာ ဂျာမနီ၊ ဘယ်လ်ဂျီယံအသင်းတွေရဲ့နောက် သွင်းဂိုးအများဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းက စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့သလို ခံစစ်ကလည်း (၃)ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်။

Spain-World-Cup-Squad

Spain-World-Cup-Squad

စောင့်ကြည့်ရမယ့် ကစားသမားများ
ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကို စပိန်လာလီဂါပြိုင်ပွဲက ကစားသမားအများစုနဲ့ ပေါင်းစပ်ပြီး အပြီးသတ်လူစာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမားနဲ့ နောက်တန်းကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲထက် တောင့်တင်းတဲ့ စုဖွဲ့မှုကို ပိုင်ဆိုင်ထားပြီး အကောင်းအချိန် ရောက်နေတဲ့ ကစားသမားအများစုကို ရွေးချယ်ထားပါတယ်။ ဝါရင့် ကွင်းလယ်လူတွေဖြစ်တဲ့ အင်နီယေစတာ၊ ဒေးဗစ်ဆေးလ်ဗားနဲ့ ဘူးစကွက်စ်တို့ကို ကစားသမားဘ၀ အကောင်းဆုံး အချိန်ကို ရောက်နေတဲ့ ဆာအူလ်၊ ကိုကီ၊ အယ်လ်ကန်တာရာ၊ အစကိုတို့လို ကစားသမားတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတာက ပြိုင်ဘက်အသင်းတွေအတွက် စပိန်ကွင်းလယ် စုဖွဲ့မှုက တုန်လှုပ်စရာ ဖြစ်နေပါတယ်။ တိုက်စစ်ပိုင်းကတော့ အသင်းအောင်မြင်ခဲ့တဲ့ အချိန်က တိုက်စစ်ပိုင်းကို လိုက်မီနိုင်ဖို့ မရှိပါဘူး။ ကော်စတာက ပုံမှန်ခြေစွမ်းမရှိသလို၊ ရိုဒရီဂို၊ ဗက်ဇ်ကေးနဲ့ အက်စ်ပတ်တို့က ပြိုင်ဘက်အသင်း တိုက်စစ်ကစားသမားတွေနဲ့ ယှဉ်လိုက်ရင် တစ်တန်းနိမ့်နေပါတယ်။ ကွင်းလယ်မှာ ရွေးချယ်ခံထားရတဲ့ အဆန်စီရိုကတော့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကစားသမားဖြစ်နေပေမယ့် ဝါရင့် ကွင်းလယ်လူတွေကို ကျော်ဖြတ်ပြီး ပွဲထွက်ခွင့် ရဖို့ကတော့ ရလာတဲ့ အခွင့်အရေးကို အကျိုးရှိရှိ အသုံးချတက်ဖို့ လိုအပ်ပါတယ်။

REF:Wikipedia
Photo:RW Rant, YouTube, Independent
Aung Kyaw Wai (Akhayar)
www.akhayar.com