[Zawgyi]

ဘာေနဗ်ဴးမွာ ရမွတ္ခြဲယူခဲ႔ၾကတဲ႔ ရီးယဲလ္နဲ႔ အက္သလက္တီကို

ရီးယဲလ္နဲ႔ အက္သလက္တီကိုတို႔ရဲ႕ မက္ဒရစ္ဒါဘီပြဲစဥ္ကေတာ႔ ဂိုးမရိွသေရနဲ႔သာ ျပီးဆံုးခဲ႔ပါတယ္။ အရင္မက္ဒရစ္ဒါဘီပြဲစဥ္ေတြနဲ႔ ဒီပြဲစဥ္ကကြာျခားမႈေတြရိွခဲ႔ျပီး ပြဲကအနည္းငယ္ ေအးစက္ခဲ႔ပါတယ္။

Real-Madrid-Vs-Atlético-Madrid

Real-Madrid-Vs-Atlético-Madrid

ႏွစ္သင္းလံုးဟာ လူစံုပြဲထြက္ခဲ႔ၾကျပီး ပြဲဟာအစပိုင္းမွာေတာ႔ အျပန္အလွန္ရိွခဲ႔ေပမယ္႔ ေနာက္ပိုင္းမွာေတာ႔ ေအးစက္စက္ျဖစ္ခဲ႔ပါတယ္။ ပထမပိုင္းမွာ အက္သလက္တီကိုအသင္း တိုက္စစ္ကစားသမားေတြ ျဖစ္ၾကတဲ႔ ဂရစ္ဇ္မန္း Griezmann နဲ႔ ဒီေယဂိုေကာ္စတာ Diego Costa တို႔ အခြင္႔အေရးေတြရခဲ႔ေပမယ္႔ ရီးယဲလ္ဂိုးသမား ေကာ္တိုအာ Courtois အစြမ္းျပကာကြယ္ႏိုင္ခဲ႔ပါတယ္။ ရီးယဲလ္အသင္းရဲ႕ တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ႔ ဘန္ဇီမာ Benzema နဲ႔ ေဘးလ္ Bale တို႔လည္း အတြဲအဖက္မမိခဲ႔သလို ေျခစြမ္းျပသႏိုင္ျခင္းလည္းမရိွခဲ႔ပါဘူး။

Courtois-Vs-Diego-Costa

Courtois-Vs-Diego-Costa

ဒုတိယပိုင္းမွာေတာ႔ အက္သလက္တီကိုအသင္းက ခံစစ္ကိုအဓိကထားကစားခဲ႔ျပီး ရီးယဲလ္အသင္းကေတာ႔ ပထမပိုင္းထက္ ျပိဳင္ဘက္ကိုပိုဖိကစားႏိုင္ခဲ႔ပါတယ္။ ရီးယဲလ္အသင္းကစားသမားေတြျဖစ္ၾကတဲ႔ အဆန္စီယို Asensio နဲ႔ ကာဗာဟယ္လ္ Carvajal တို႔အခြင္႔အေရးေတြရရိွခဲ႔ေပမယ္႔ အက္သလက္တီကိုဂိုးသမား အိုဘလက္ Oblak လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔ပါတယ္။ ေနာက္ပိုင္းမွာေတာ႔ အက္သလက္တီကိုအသင္းက သေရရလဒ္ကိုသာ အဓိကဦးတည္ကစားလာခဲ႔ဲျပီး ရီးယဲလ္အသင္းရဲ႕တိုက္စစ္ဆင္မႈေတြကို အေကာင္းဆံုးဟန္႔တားႏိုင္ခဲ႔ၾကပါတယ္။

လာလီဂါပြဲစဥ္(၇)ရလဒ္မ်ား

Rayo Vallecano 2 – 2 Espanyol
Real Sociedad 0 – 1 Valencia
Barcelona 1 – 1 Athletic Club
Eibar 1 – 3 Sevilla
Real Madrid 0 – 0 Atlético Madrid

Photo: Real Madrid Twitter , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘာနေဗျူးမှာ ရမှတ်ခွဲယူခဲ့ကြတဲ့ ရီးယဲလ်နဲ့ အက်သလက်တီကို

ရီးယဲလ်နဲ့ အက်သလက်တီကိုတို့ရဲ့ မက်ဒရစ်ဒါဘီပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ အရင်မက်ဒရစ်ဒါဘီပွဲစဉ်တွေနဲ့ ဒီပွဲစဉ်ကကွာခြားမှုတွေရှိခဲ့ပြီး ပွဲကအနည်းငယ် အေးစက်ခဲ့ပါတယ်။

Real-Madrid-Vs-Atlético-Madrid

Real-Madrid-Vs-Atlético-Madrid

နှစ်သင်းလုံးဟာ လူစုံပွဲထွက်ခဲ့ကြပြီး ပွဲဟာအစပိုင်းမှာတော့ အပြန်အလှန်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အေးစက်စက်ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ အက်သလက်တီကိုအသင်း တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဂရစ်ဇ်မန်း Griezmann နဲ့ ဒီယေဂိုကော်စတာ Diego Costa တို့ အခွင့်အရေးတွေရခဲ့ပေမယ့် ရီးယဲလ်ဂိုးသမား ကော်တိုအာ Courtois အစွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဘန်ဇီမာ Benzema နဲ့ ဘေးလ် Bale တို့လည်း အတွဲအဖက်မမိခဲ့သလို ခြေစွမ်းပြသနိုင်ခြင်းလည်းမရှိခဲ့ပါဘူး။

Courtois-Vs-Diego-Costa

Courtois-Vs-Diego-Costa

ဒုတိယပိုင်းမှာတော့ အက်သလက်တီကိုအသင်းက ခံစစ်ကိုအဓိကထားကစားခဲ့ပြီး ရီးယဲလ်အသင်းကတော့ ပထမပိုင်းထက် ပြိုင်ဘက်ကိုပိုဖိကစားနိုင်ခဲ့ပါတယ်။ ရီးယဲလ်အသင်းကစားသမားတွေဖြစ်ကြတဲ့ အဆန်စီယို Asensio နဲ့ ကာဗာဟယ်လ် Carvajal တို့အခွင့်အရေးတွေရရှိခဲ့ပေမယ့် အက်သလက်တီကိုဂိုးသမား အိုဘလက် Oblak လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အက်သလက်တီကိုအသင်းက သရေရလဒ်ကိုသာ အဓိကဦးတည်ကစားလာခဲ့ဲပြီး ရီးယဲလ်အသင်းရဲ့တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံးဟန့်တားနိုင်ခဲ့ကြပါတယ်။

လာလီဂါပွဲစဉ်(၇)ရလဒ်များ

Rayo Vallecano 2 – 2 Espanyol
Real Sociedad 0 – 1 Valencia
Barcelona 1 – 1 Athletic Club
Eibar 1 – 3 Sevilla
Real Madrid 0 – 0 Atlético Madrid

Photo: Real Madrid Twitter , Goal.com
Ko Kyue(Akhayar)
www.akhayar.com