This Football update is proudly sponsored by Telenor Myanmar.
[Zawgyi]
Iniesta-Playing-Style
Iniesta-Playing-Style
ပွဲ/ဂိုး – ၁၂၅ ပွဲ / ၁၃ ဂိုး
အောင်မြင်မှု
FIFA World Cup: 2010
REF:Wikipedia
Naing Linn(Akhayar)
www.akhayar.com
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။
[Unicode]
စပိန်ဘောလုံးလောကအတွက် ရွှေရောင်ကာလတွေကို ခြယ်မှုန်းပေးခဲ့သူ အင်နီယေစတာ Iniesta
ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့သူ၊ စပိန်အသင်းအတွက် သမိုင်းဝင်အောင်မြင်မှုတွေကို ရယူပေးခဲ့တဲ့ ရွှေရောင်မျိုးဆက်ကစားသမားတွေထဲမှာ တစ်ဦးအ ပါဝင်ဖြစ်ခဲ့သူကတော့ အင်နီယေစတာ Iniesta ပါပဲ။ လူကောင် ခပ်သေးသေး၊ ဘောလုံးစွမ်းရည်က သူမတူ အောင် ပြည့်စုံလွန်းသူ ကွင်းလယ်မှာ ဘုရင်တစ်ပါး Midfield Maestro လို့ တင်စားခံထားရတဲ့အပြင် သူ့ရဲ့ဆုဖလားအောင်မြင်မှုတွေကလည်း မနည်းမနောပါ။
Iniesta-with-Euro-2008-Trophy
Iniesta-with-Euro-2008-Trophy
အင်နီယေစတာ Iniesta၊ ဇာဗီ Xavi၊ ဒေးဗစ်ဗီလာ David Villa စတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်မှုနဲ့အတူ ယူရို-၂၀၀၈ မှာ စပိန်အသင်း ဗိုလ်စွဲခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း အင်နီယေစတာက တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တာကြောင့် စပိန်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရခဲ့တယ်။
Iniesta-celebrate-with-World-Cup
Iniesta-celebrate-with-World-Cup
အင်နီယေစတာရဲ့ လက်ရွေးစင်ကစားသမားဘ၀ ရွှေရောင်နေ့ရက်တွေက အဲဒီ လောက်နဲ့ မရပ်တန့်ခဲ့ပါဘူး။ ယူရို-၂၀၁၂ ပြိုင်ပွဲမှာလည်း အင်နီယေစတာရဲ့ စပိန်အသင်း ထပ်မံဗိုလ်စွဲခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးသမိုင်းမှာ ယူရို-ကမ္ဘာ့ဖလား-ယူရို (၃)ကြိမ်ဆက် ဗိုလ်စွဲနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
Iniesta-Playing-Style
Iniesta-Playing-Style
အင်နီယေစတာဟာ ကွင်းလယ်နေရာစုံကစားနိုင်သူဖြစ်ပြီး ဘောလုံးထိန်းသိမ်းမှု၊ လျင်မြန်မှု၊ အကွက်မြင် တတ်မှု၊ ဘောလုံးပေးပို့မှု စတဲ့ အရည်အသွေးတွေနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းဝင်ဖြစ်လာခဲ့ပါတယ်။ စပိန်အသင်းအတွက် သမိုင်းဝင်ဆုဖလားတွေရယူနိုင်ခဲ့ရုံသာမကဘဲ ဘာစီလိုနာအသင်း အတွက်လည်း မယုံနိုင်လောက်အောင် အောင်မြင်မှုတွေရယူနိုင်ခဲ့သူပါ။
Iniesta-Say-Goodbye-To-Barcelona
Iniesta-Say-Goodbye-To-Barcelona
ပြီးခဲ့တဲ့ရာသီကုန်မှာ (၂၂)နှစ်ကြာ ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲခဲ့တဲ့ အင်နီယေစတာဟာ လက်ရွေးစင်ကစားသမားဘဝက အနားမယူသေးဘဲ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွဲှဦးမှာပါ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံကစားသမားဘဝက အနားယူတော့မယ့် အင်နီယေစတာတစ်ယောက် ဒီတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုတွေရယူပြီး လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
အင်နီယေစတာရဲ့ လက်ရွေးစင်ကစားသမားဘ၀ မှတ်တမ်း
စပိန်အသင်းအတွက် ကစားခဲ့သည့် ကာလ – ၂၀၀၆ မှ လက်ရှိ
ပွဲ/ဂိုး – ၁၂၅ ပွဲ / ၁၃ ဂိုး
ကမ္ဘာ့ဖလားဆင်နွှဲခဲ့သည့် အကြိမ် – ၂၀၁၀၊ ၂၀၁၄
အောင်မြင်မှု
FIFA World Cup: 2010
UEFA European Championship: 2008, 2012
UEFA European Under-19 Championship: 2002
UEFA European Under-17 Championship: 2001
REF:Wikipedia
Photo:Youtube,Chicago Tribune,Goal,Sports Illustrated
Naing Linn(Akhayar)
www.akhayar.com