[Zawgyi] 

SpaceX ရဲ႕အင္တာနက္ဆိုင္ရာ ၿဂိဳလ္တုေတြအတြက္ FCC ကခြင့္ျပဳခ်က္ထုတ္ေပး

Federal Communications Commission (FCC) က အင္တာနက္ဆိုင္ရာၿဂိဳလ္တုေတြကို လႊင့္တင္ထိမ္းခ်ဳပ္ႏိုင္ဖို႔ SpaceX ကိုခြင့္ျပဳခ်က္ထုတ္ေပးလုိက္ပါၿပီ။ အခုလို Low-Earth Orbit (LEO) မွာပတ္မဲ့ အင္တာနက္ၿဂိဳလ္တုကို ခြင့္ျပဳခ်က္ေပးတာကေတာ့ အေမရိကန္အစိုးရဆုိင္ရာ အဖြဲ႔အစည္းတစ္ခုအေနနဲ႔ ဒါပထမဦးဆံုးအႀကိမ္ပဲျဖစ္ပါတယ္။ Low-Earth Orbit ဆိုတာကေတာ့ ေျမျပင္ကေန အျမင့္ 2,000 km ေလာက္ကေန ၿဂိဳလ္တုပတ္မဲ့ပတ္လမ္းပဲျဖစ္ပါတယ္။ 

အခုလိုခြင့္ျပဳခ်က္ရသြားတာေၾကာင့္ SpaceX အေနနဲ႔ အနာဂတ္မွာ ကုန္က်ေငြနည္းတဲ့အင္တာနက္ဝန္ေဆာင္မ်ိဳးကိုေပးလာႏိုင္မွာပဲျဖစ္ပါတယ္။ SpaceX ရဲ႕တြဲဖက္တည္ေထာင္သူျဖစ္တဲ့ Elon Musk ကေတာ့ အင္တာနက္ဝန္ေဆာင္မႈကို Starlink လို႔နာမည္ေပးထားပါတယ္။ SpaceX အေနနဲ႔ေတာ့ အင္တာနက္ဝန္ေဆာင္မႈအတြက္ ၿဂိဳလ္တုုေပါင္း ၁၂၀၀၀ ေလာက္ကိုလႊတ္တင္သြားမယ္လို႔ေျပာထားပါတယ္။ 

SpaceX ကေတာ့ အခုလိုအင္တာနက္ဝန္ေဆာင္မႈမ်ိဳးကိုလုပ္ဖို႔အတြက္ 2015 ခုႏွစ္ကတည္းက သီးသန္႔အစီအစဥ္တစ္ခုအေနနဲ႔ရွိေနခဲ့တာျဖစ္ၿပီး 2020 ခုႏွစ္ဝန္းက်င္မွာ ဝန္ေဆာင္မႈအခ်ိဳ႕ကိုစတင္လည္ပတ္ႏိုင္ေအာင္လုပ္သြားမယ္လို႔လည္းသိရပါတယ္။ Starlink ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ ယံုၾကည္စိတ္ခ်ရၿပီး လူအမ်ားသံုးႏိုင္တဲ့အင္တာနက္ဝန္ေဆာင္မႈမိ်ဳးကိုေပးသြားဖို႔ပဲျဖစ္ပါတယ္။ Starlink Project ႀကီးၿပီးစီးသြားၿပီဆိုရင္ေတာ့ တစ္ကမၻာလံုးအတြက္ အင္တာနက္ဆိုင္ရာဝန္ေဆာင္မႈေတြမွာ သိသာတဲ့အေျပာင္းအလဲေတြျဖစ္လာဦးမွာေသျခာေနပါတယ္။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

SpaceX ရဲ့အင်တာနက်ဆိုင်ရာ ဂြိုလ်တုတွေအတွက် FCC ကခွင့်ပြုချက်ထုတ်ပေး

Federal Communications Commission (FCC) က အင်တာနက်ဆိုင်ရာဂြိုလ်တုတွေကို လွှင့်တင်ထိမ်းချုပ်နိုင်ဖို့ SpaceX ကိုခွင့်ပြုချက်ထုတ်ပေးလိုက်ပါပြီ။ အခုလို Low-Earth Orbit (LEO) မှာပတ်မဲ့ အင်တာနက်ဂြိုလ်တုကို ခွင့်ပြုချက်ပေးတာကတော့ အမေရိကန်အစိုးရဆိုင်ရာ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒါပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။ Low-Earth Orbit ဆိုတာကတော့ မြေပြင်ကနေ အမြင့် 2,000 km လောက်ကနေ ဂြိုလ်တုပတ်မဲ့ပတ်လမ်းပဲဖြစ်ပါတယ်။ 

အခုလိုခွင့်ပြုချက်ရသွားတာကြောင့် SpaceX အနေနဲ့ အနာဂတ်မှာ ကုန်ကျငွေနည်းတဲ့အင်တာနက်ဝန်ဆောင်မျိုးကိုပေးလာနိုင်မှာပဲဖြစ်ပါတယ်။ SpaceX ရဲ့တွဲဖက်တည်ထောင်သူဖြစ်တဲ့ Elon Musk ကတော့ အင်တာနက်ဝန်ဆောင်မှုကို Starlink လို့နာမည်ပေးထားပါတယ်။ SpaceX အနေနဲ့တော့ အင်တာနက်ဝန်ဆောင်မှုအတွက် ဂြိုလ်တုုပေါင်း ၁၂၀၀၀ လောက်ကိုလွှတ်တင်သွားမယ်လို့ပြောထားပါတယ်။ 

SpaceX ကတော့ အခုလိုအင်တာနက်ဝန်ဆောင်မှုမျိုးကိုလုပ်ဖို့အတွက် 2015 ခုနှစ်ကတည်းက သီးသန့်အစီအစဉ်တစ်ခုအနေနဲ့ရှိနေခဲ့တာဖြစ်ပြီး 2020 ခုနှစ်ဝန်းကျင်မှာ ဝန်ဆောင်မှုအချို့ကိုစတင်လည်ပတ်နိုင်အောင်လုပ်သွားမယ်လို့လည်းသိရပါတယ်။ Starlink ရဲ့ရည်ရွယ်ချက်ကတော့ ယုံကြည်စိတ်ချရပြီး လူအများသုံးနိုင်တဲ့အင်တာနက်ဝန်ဆောင်မှုမျိုးကိုပေးသွားဖို့ပဲဖြစ်ပါတယ်။ Starlink Project ကြီးပြီးစီးသွားပြီဆိုရင်တော့ တစ်ကမ္ဘာလုံးအတွက် အင်တာနက်ဆိုင်ရာဝန်ဆောင်မှုတွေမှာ သိသာတဲ့အပြောင်းအလဲတွေဖြစ်လာဦးမှာသေခြာနေပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။