

SpaceX Crew Dragon


SpaceX Crew Dragon



Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ပြီးခဲ့တဲ့အပတ်မှာ SpaceX ရဲ့ Crew Dragon Capsule က Florida မှာရှိတဲ့ Cape Canaveral ကို ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ SpaceX ရဲ့ Crew Dragon Capsule က Thermal Vacuum နဲ့ Acoustic Testing ကို စစ်ဆေးပြီးဖြစ်တဲ့အတွက် အခု Spacecraft က ပထမဆုံးသောလွှတ်တင်မှုအတွက် အဆင်သင့်ဖြစ်နေပြီလို့တောင် ပြောလို့ရပါတယ်။

အခု SpaceX ကနေ Demonstration Mission-1 ဒါမှမဟုတ် DM-1 ကို လူလိုက်ပါခြင်းမရှိတဲ့ Test Mission တစ်ခုအနေနဲ့ နောက်လထဲမှာ ဆောင်ရွက်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ အဆိုပါ လွှတ်တင်မှုက International Space Station ကို ရည်ရွယ်ပြီး လွှတ်တင်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။

SpaceX Crew Dragon

SpaceX နဲ့ NASA ဟာ အခုထုတ်ပြန်ထားတဲ့ အချိန်ဇယားအတိုင်းပဲဆောင်ရွက်သွားမှာဖြစ်ပြီးတော့ အခုအချိန်မှာ လွှတ်တင်မယ့် Spacecraft ကလည်း Cape Canaveral ကိုရောက်ရှိနေပြီဖြစ်တဲ့အတွက် Falcon 9 Rocket နဲ့ ပေါင်းစပ်ပြီးတော့ Final Launch Testing နဲ့ Preparation တွေကို ပြုလုပ်သွားတော့မယ်လို့ သိရပါတယ်။

SpaceX Crew Dragon

SpaceX ဟာ လူလိုက်ပါခြင်းမရှိတဲ့ DM-1 Mission နဲ့ International Space Station ကို အရင်လွှတ်တင်မှာဖြစ်ပြီး ISS မှာ ရက်သတ္တပတ်အနည်းငယ်ရှိနေမှာဖြစ်ပါတယ်။ အခု DM-1 Mission ပြီးတဲ့အချိန်ကြရင်တော့ SpaceX ကနေ ပထမဆုံးသော လူလိုက်ပါတဲ့ DM-2 Mission ကိုတော့ လောလောဆယ်မှာ ဒီဇင်ဘာလ ၂၀၁၈ အတွက် အချိန်သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်အတွင်းမှာ DM-2 ကို လွှတ်တင်နိုင်ဖို့ကတော့ သိပ်ပြီး မဖြစ်နိုင်သေးဘူးလို့ ယူဆရပါတယ်။

လက်ရှိအချိန်မှာ SpaceX နဲ့ Boeing ကုမ္ပဏီ ၂ ခုစလုံးက NASA နဲ့ လူလိုက်ပါနိုင်တဲ့ Spacecraft တွေကို ထုတ်လုပ်ပေးဖို့ စာချူပ်ချူပ်ဆိုထားပေမယ့် ၂ ခုစလုံးက ပေးအပ်ထားတဲ့ အချိန်ဇယားကနေ နောက်ကျနေပြီပဲဖြစ်ပါတယ်။ GAO ရဲ့ Report အရတော့ ကုမ္ပဏီ ၂ ခုစလုံးက လူလိုက်ပါတဲ့ စမ်းသပ်မှုတွေကို ၂၀၁၉ မတိုင်ခင် လုပ်ဆောင်နိုင်ဖွယ်မရှိသေးပါဘူး။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com