This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]






REF:Daily Mail
Naing Linn(Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အင်္ဂလန်အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအထိ စာချုပ်သက်တမ်းတိုးဖို့ရှိနေတဲ့ ဆောက်ဂိတ် Southgate

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဆောက်ဂိတ်ကို Southgate ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ၂၀၁၆၊ စက်တင်ဘာလက အင်္ဂလန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်အထိရောက်အောင် ပို့ဆောင်နိုင်ခဲ့တယ်။

Southgate-and-England-Players

Southgate-and-England-Players

ဆောက်ဂိတ်နဲ့ FA တို့ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲအထိ စာချုပ်ချုပ်ဆိုထားလို့ စာချုပ်သစ်ကိစ္စအတွက် အလောတကြီး ဆွေးနွေးသွားဖို့တော့ မရှိပါဘူး။ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်အထိ ရောက်အောင် ပို့ဆောင်ပေးခဲ့လို့ FA က ဆုကြေးအဖြစ် ပေါင်(၃)သိန်းခွဲ ချီးမြှင့်သွားမှာပါ။ ဆောက်ဂိတ်အနေနဲ့ စာချုပ်သက်တမ်းတိုးမယ်ဆိုရင် သူ့ရဲ့(၁)နှစ်လစာငွေကို လက်ရှိပမာဏထက် (၂)ဆဖြစ်တဲ့ ပေါင်(၅)သန်းအထိ အလိုရှိနေပြီး FA ကလည်း ဆောက်ဂိတ်ရဲ့ ဆန္ဒအတိုင်း ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။

REF:Daily Mail
Photo:Toronto Star,managers.org
Naing Linn(Akhayar)
www.akhayar.com