[Zawgyi]

ညဘက္မွာ စာအုပ္ေတြကုိ မသိမ္းဘဲထားတဲ့ အီရတ္စာအုပ္တန္း

ကမၻာ့ဇာတ္ခုံမွာ အီရတ္ႏုိင္ငံလုိ႔ ေျပာလုိက္ရင္ အားရစရာ မေကာင္းလွ။ စစ္အာဏာရွင္ Saddam Hussein ႀကီးစုိးခဲ့တဲ့ ႏုိင္ငံ။ လည္ပတ္လုိ႔ မသင့္ေတာ္တဲ့ႏုိင္ငံ။ ကမၻာ့အႏၱရာယ္အႀကီးဆုံးႏုိင္ငံ။ အၾကမ္းဖက္သမားေတြ မင္းမူခဲ့တဲ့ ႏုိင္ငံ။ အနိဌာရုံေတြ ေန႔တုိင္းျမင္ေနတဲ့ႏုိင္ငံ။ ၿပီးေတာ့ . .  ၿပီးေတာ့ မေကာင္းသတင္းေတြက စုံလုိ႔ပါပဲ။

ဒါေပမယ့္ အီရတ္ႏုိင္ငံမွာ ဂုဏ္ယူစရာေကာင္းတဲ့ သတင္းတစ္ခုေတာ့ ရွိပါတယ္။ ဘဂၢဒက္ၿမိဳ႕ ေတာ္မွာ ကမၻာေက်ာ္စာအုပ္တန္းရွိတဲ့အေၾကာင္းပါ။ ဟုတ္ပါတယ္။ Mutanabbi Street လမ္းေပၚမွာပါ။ Mutanabbi Street လမ္းဆုိတာက (၁ဝ) ရာစုေခတ္တုန္းက ကဗ်ာဆရာႀကီး Al – Mutanabbi ကုိ အစြဲျပဳၿပီး ေခၚေဝၚလုိက္တာပါ။ လမ္းဆုံးမွာ သူ႕ရုပ္တုႀကီးကုိ စုိက္ထားေသးတယ္။

Mutanabbi Street လမ္းထဲကုိ ဝင္လုိက္တာနဲ႔ စာေပဟင္းေလးအုိးႀကီးထဲကုိ က်သြားတဲ့အတုိင္းပါ။ စာအုပ္စာေပမ်ိဳးစုံကုိ ျမည္းစမ္းဖတ္ရႈခြင့္ရသလုိ ေစ်းႏႈန္းခ်ိဳခ်ိဳသာသာနဲ႔ ဝယ္ႏုိင္တယ္။ ႏုိင္ငံျခားသားေတြအေနနဲ႔ ဘဂၢဒက္ၿမိဳ႕ ကုိ ေရာက္တာနဲ႔ Mutanabbi Street ကုိ အေျပးလာၾကတယ္။ Mutanabbi Street ရဲ႕ စာအုပ္တန္းသတင္းဟာ ကားဗုံးေပါက္မႈေတြ အေသခံဗုံးခြဲမႈေတြနဲ႔ အၾကမ္းဖက္မႈသတင္းေတြေၾကာင့္ ကမၻာ့သတင္းဇာတ္ခုံမွာ မထင္ေပၚခဲ့ဘူး။

၂ဝဝ၇ခုႏွစ္ မတ္လ (၅) ရက္တုန္းက Mutanabbi Street လမ္းထဲမွာ ကားဗုံးေပါက္သြားတယ္။ စာအုပ္ဝယ္သူေတြ၊ စာအုပ္ဆုိင္သမားေတြနဲ႔ လမ္းသြားလမ္းလာေတြ ေသေၾကကုန္တယ္။ (၂၆) ဦး ေသဆုံးတဲ့အျပင္ လူတစ္ရာေက်ာ္ ဒဏ္ရာရတဲ့အထိပါ။ စာအုပ္တန္းလည္း ပိတ္လုိက္ရတယ္။

စာအုပ္တန္းနဲ႔ အသက္ေမြးရတဲ့လူေတြ ထမင္းအုိးကြဲကုန္တယ္။ သတင္းေထာက္ေတြ၊ စာေရးဆရာေတြနဲ႔ ကဗ်ာဆရာေတြက စာအုပ္တန္းကုိ ျပန္ဖြင့္ေပးဖုိ႔ ေဆာ္ၾသၾကတယ္။ ၂ဝဝ၈ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္ Nouri al-Maliki ကုိယ္တုိင္ စာအုပ္တန္းကုိ ျပန္ဖြင့္ေပးခဲ့တယ္။

Mutanabbi Street စာအုပ္တန္းမွာ ထူးျခားတဲ့အခ်က္တစ္ခုရွိတယ္။ ညဘက္မွာ ဆုိင္သိမ္းတဲ့အခါ စာအုပ္ေတြကုိ မသိမ္းဘဲ လမ္းေပၚမွာပဲ ထားလုိက္တာပါ။ အီရတ္ႏုိင္ငံသားေတြ ေျပာတာကေတာ့ “စာဖတ္တဲ့သူေတြက မခုိးသလုိ သူခုိးေတြကလည္း စာမဖတ္ၾကပါဘူး” တ့ဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ညဘက်မှာ စာအုပ်တွေကို မသိမ်းဘဲထားတဲ့ အီရတ်စာအုပ်တန်း

ကမ္ဘာ့ဇာတ်ခုံမှာ အီရတ်နိုင်ငံလို့ ပြောလိုက်ရင် အားရစရာ မကောင်းလှ။ စစ်အာဏာရှင် Saddam Hussein ကြီးစိုးခဲ့တဲ့ နိုင်ငံ။ လည်ပတ်လို့ မသင့်တော်တဲ့နိုင်ငံ။ ကမ္ဘာ့အန္တရာယ်အကြီးဆုံးနိုင်ငံ။ အကြမ်းဖက်သမားတွေ မင်းမူခဲ့တဲ့ နိုင်ငံ။ အနိဌာရုံတွေ နေ့တိုင်းမြင်နေတဲ့နိုင်ငံ။ ပြီးတော့ . .  ပြီးတော့ မကောင်းသတင်းတွေက စုံလို့ပါပဲ။

ဒါပေမယ့် အီရတ်နိုင်ငံမှာ ဂုဏ်ယူစရာကောင်းတဲ့ သတင်းတစ်ခုတော့ ရှိပါတယ်။ ဘဂ္ဂဒက်မြို့ တော်မှာ ကမ္ဘာကျော်စာအုပ်တန်းရှိတဲ့အကြောင်းပါ။ ဟုတ်ပါတယ်။ Mutanabbi Street လမ်းပေါ်မှာပါ။ Mutanabbi Street လမ်းဆိုတာက (၁ဝ) ရာစုခေတ်တုန်းက ကဗျာဆရာကြီး Al – Mutanabbi ကို အစွဲပြုပြီး ခေါ်ဝေါ်လိုက်တာပါ။ လမ်းဆုံးမှာ သူ့ရုပ်တုကြီးကို စိုက်ထားသေးတယ်။

Mutanabbi Street လမ်းထဲကို ဝင်လိုက်တာနဲ့ စာပေဟင်းလေးအိုးကြီးထဲကို ကျသွားတဲ့အတိုင်းပါ။ စာအုပ်စာပေမျိုးစုံကို မြည်းစမ်းဖတ်ရှုခွင့်ရသလို ဈေးနှုန်းချိုချိုသာသာနဲ့ ဝယ်နိုင်တယ်။ နိုင်ငံခြားသားတွေအနေနဲ့ ဘဂ္ဂဒက်မြို့ ကို ရောက်တာနဲ့ Mutanabbi Street ကို အပြေးလာကြတယ်။ Mutanabbi Street ရဲ့ စာအုပ်တန်းသတင်းဟာ ကားဗုံးပေါက်မှုတွေ အသေခံဗုံးခွဲမှုတွေနဲ့ အကြမ်းဖက်မှုသတင်းတွေကြောင့် ကမ္ဘာ့သတင်းဇာတ်ခုံမှာ မထင်ပေါ်ခဲ့ဘူး။

၂ဝဝ၇ခုနှစ် မတ်လ (၅) ရက်တုန်းက Mutanabbi Street လမ်းထဲမှာ ကားဗုံးပေါက်သွားတယ်။ စာအုပ်ဝယ်သူတွေ၊ စာအုပ်ဆိုင်သမားတွေနဲ့ လမ်းသွားလမ်းလာတွေ သေကြေကုန်တယ်။ (၂၆) ဦး သေဆုံးတဲ့အပြင် လူတစ်ရာကျော် ဒဏ်ရာရတဲ့အထိပါ။ စာအုပ်တန်းလည်း ပိတ်လိုက်ရတယ်။

စာအုပ်တန်းနဲ့ အသက်မွေးရတဲ့လူတွေ ထမင်းအိုးကွဲကုန်တယ်။ သတင်းထောက်တွေ၊ စာရေးဆရာတွေနဲ့ ကဗျာဆရာတွေက စာအုပ်တန်းကို ပြန်ဖွင့်ပေးဖို့ ဆော်သြကြတယ်။ ၂ဝဝ၈ခုနှစ်မှာ ဝန်ကြီးချုပ် Nouri al-Maliki ကိုယ်တိုင် စာအုပ်တန်းကို ပြန်ဖွင့်ပေးခဲ့တယ်။

Mutanabbi Street စာအုပ်တန်းမှာ ထူးခြားတဲ့အချက်တစ်ခုရှိတယ်။ ညဘက်မှာ ဆိုင်သိမ်းတဲ့အခါ စာအုပ်တွေကို မသိမ်းဘဲ လမ်းပေါ်မှာပဲ ထားလိုက်တာပါ။ အီရတ်နိုင်ငံသားတွေ ပြောတာကတော့ “စာဖတ်တဲ့သူတွေက မခိုးသလို သူခိုးတွေကလည်း စာမဖတ်ကြပါဘူး” တဲ့။

ကျော်စိုးအောင် (အခရာ)

www.akhayar.com