[Zawgyi]
ရလဒ်ဆိုးတွေကြောင့် ဆောက်သမ်တန်နည်းပြ မာ့ခ်ဟုခ်ျ Mark Hughes ရာထူးက ထုတ်ပယ်ခံရပြီ
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ ဆောက်သမ်တန်အသင်းရဲ့ နည်းပြ မာ့ခ်ဟုခ်ျ Mark Hughes ဟာ ရာထူးက ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က မန်ယူအသင်းနဲ့ သရေကျခဲ့တဲ့ပွဲအပြီး တန်းဆင်းဇုန်ထဲကို ကျရောက်သွားပြီဖြစ်သလို ဒီရာသီ ပရီးမီးယားလိဂ် (၁၄)ပွဲကစားအပြီးမှာ တစ်ပွဲသာအနိုင်ရခဲ့လို့ အသင်းတာဝန်ရှိသူတွေက မာ့ခ်ဟုခ်ျကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာပါ။
Mark-Hughes
Mark-Hughes
Managerial-changes
Managerial-changes
REF:Daily Mail
Photo:wstale,cdn
Naing Linn(Akhayar)
www.akhayar.com
[Unicode]
ရလဒ်ဆိုးတွေကြောင့် ဆောက်သမ်တန်နည်းပြ မာ့ခ်ဟုချ် Mark Hughes ရာထူးက ထုတ်ပယ်ခံရပြီ
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ ဆောက်သမ်တန်အသင်းရဲ့ နည်းပြ မာ့ခ်ဟုချ် Mark Hughes ဟာ ရာထူးက ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က မန်ယူအသင်းနဲ့ သရေကျခဲ့တဲ့ပွဲအပြီး တန်းဆင်းဇုန်ထဲကို ကျရောက်သွားပြီဖြစ်သလို ဒီရာသီ ပရီးမီးယားလိဂ် (၁၄)ပွဲကစားအပြီးမှာ တစ်ပွဲသာအနိုင်ရခဲ့လို့ အသင်းတာဝန်ရှိသူတွေက မာ့ခ်ဟုချ်ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာပါ။
Mark-Hughes
Mark-Hughes
မာ့ခ်ဟုချ်နဲ့အတူ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ Mark Bowen ၊ Eddie Niedzwiecki တို့လည်း ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။ ဆောက်သမ်တန်အသင်းဟာ အခုဗုဒ္ဓဟူးနေ့မှာ စပါးအသင်းနဲ့ ကစားရဖို့ရှိနေပြီး အဲဒီပွဲကို Kelvin Davis က ယာယီနည်းပြအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မာ့ခ်ဟုချ်ဟာ ၂၀၁၈ ခုနှစ်အတွင်း ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ တတိယမြောက်နည်းပြဖြစ်ပြီး သူ့အရင်က အလာဒိုက်စ် Sam Allardyce (အဲဗာတန်)၊ အန်တိုနီယိုကွန်တီ Antonio Conte (ချယ်လ်ဆီး)၊ ယိုကန်နိုဗစ် Slaviša Jokanović (ဖူလ်ဟမ်)တို့ဟာ ရာထူးက ထုတ်ပယ်ခံခဲ့ရတယ်။
Managerial-changes
Managerial-changes
ဆောက်သမ်တန်အသင်းဟာ နည်းပြသစ်တစ်ဦး ခန့်အပ်ဖို့ ရှာဖွေနေပြီး ဝက်ဖို့ဒ်နည်းပြဟောင်း ဖလော်ရက်စ် Quique Sanchez Flores ၊ ပေါ်တူဂီ နာမည်ကျော်ကစားသမားဟောင်း ပေါ်လိုဆိုဆာ Paulo Sousa ၊ လိုက်ပ်ဇစ်နည်းပြဟောင်း ဟာဆန်ဟတ်တယ်လ် Ralph Hasenhuttl တို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်နေပါတယ်။
REF:Daily Mail
Photo:wstale,cdn
Naing Linn(Akhayar)
www.akhayar.com