ေမလ (၉) ရက္ေန႔မွာက်င္းပျပီးစီးခဲ႔တဲ႔ ေတာင္ကိုရီးယားႏိုင္ငံရဲ႕သမၼတေရြးေကာက္ပြဲမွာ လစ္ဘရယ္ဝါဒီတစ္ဦးျဖစ္တဲ႔ ဒီမိုကရက္တစ္ပါတီေခါင္းေတာင္ မြန္ေဂ်းအင္ကအႏိုင္ရရွိခဲ႔ပါတယ္။ သူဟာအရင္က သမၼတေဟာင္း ပတ္ဂြန္ေဟးရဲ႕အေဖျဖစ္သူ ပတ္ေခ်ာင္ဟီးရဲ႕အာဏာရွင္စနစ္ကိုဆန္႔က်င္တဲ႔အတြက္  ေထာင္က်ဖူးသူလည္းျဖစ္ပါတယ္။

ေျမာက္ကိုရီးယားကေနစြန္႔ခြာလာခဲ႔ရတဲ႔ဘဝ

မြန္ေဂ်းအင္ရဲ႕မိဘေတြဟာ ကိုရီးယားစစ္ပြဲအတြင္းေျမာက္ကိုရီးယားကေနေတာင္ကိုရီးယားႏိုင္ငံကို ႏိုင္ငံေရးခိုလႈံခြင္႔နဲ႔ေရာက္ရွိလာခဲ႔ျပီး ၁၉၅၃ ခုနစ္မွာ မြန္ေဂ်းအင္ကိုေမြးဖြားပါတယ္။ သူတို႔ဟာေတာင္ဘက္စြန္း Geoje ကၽြန္းမွာေနထိုင္ခဲ႔ၾကျပီး ဖခင္ကစစ္အက်ဥ္းသားစခန္းမွာအလုပ္လုပ္ပါတယ္။ မိခင္ျဖစ္သူက ဘူဆန္ျမိဳ႕မွာၾကက္ဥေရာင္းပါတယ္။ မြန္ဟာငယ္စဥ္ကတည္းက မိခင္ျဖစ္သူနဲ႔အတူၾကက္ဥေရာင္းထြက္ရတဲ႔ကေလးျဖစ္ပါတယ္။ လက္ရွိမွာေတာ႔ သူ႔မွာဇနီးနဲ႔သားသမီးႏွစ္ေယာက္ရွိပါတယ္။

ျဖတ္သန္းခဲ႔တဲ႔ ဘဝပံုရိပ္မ်ား

၁၉၇၂ ခုနစ္မွာေတာ႔ သူဟာဥပေဒေက်ာင္းကိုတက္ခြင္႔ရခဲ႔ပါတယ္။ သူေရွ႕ေနျဖစ္ျပီးေနာက္ပိုင္းမွာ ပတ္ေဂ်ာင္ဟီးရဲ႕ အာဏာရွင္ဆန္တဲ႔ စည္းမ်ဥ္းေတြနဲ႔ ေတာင္ေျမာက္စစ္ပြဲေတြကိုဆန္႔က်င္တာေၾကာင္႔ ေထာင္ထဲေရာက္ခဲ႔ပါတယ္။

၁၉၇၆ ခုနစ္မွာေတာ႔ ေတာင္ကိုရီးယားရဲ႕စစ္မႈထမ္းဥပေဒေၾကာင္႔ စစ္မႈထမ္းခဲ႔ပါတယ္။

၁၉၈၂ ခုနစ္မွာေတာ႔ သူနဲ႔သူငယ္ခ်င္းျဖစ္သူ ရိုမိုဟြန္းတို႔ဟာ ဘူဆန္ျမိဳ႕မွာ ေရွ႕ေနရံုးခန္းဖြင္႔လွစ္ၾကျပီး လူ႔အခြင္႔အေရး ၊ အမ်ားျပည္သူနဲ႔ဆိုင္တဲ႔ အခြင္႔အေရးကိစၥရပ္ေတြကိုအဓိကကိုင္တြယ္ၾကပါတယ္။ ရိုမိုဟြန္းဟာ ေနာက္ပိုင္းမွာေတာင္ကိုရီးယားသမၼတျဖစ္လာခဲ႔သူျဖစ္ပါတယ္။

south korea new president moon jae in

ေကာလိပ္ေက်ာင္းသားဘဝက ဇနီးျဖစ္သူနဲ႔

ငယ္ရြယ္စဥ္က

မြန္နဲ႔ ရိုတို႔ဟာ ဒီမိုကေရစီရရွိေရးလႈပ္ရွားမႈအတြက္ ထင္ရွားတဲ႔ပံုရိပ္ေတြျဖစ္ခဲ႔ၾကျပီး ၁၉၈၇ ခုနစ္မွာေတာ႔ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ပထမဆံုးေသာ ဒီမိုကရက္တစ္ေရြးေကာက္ပြဲၾကီးကို ဦးစီးက်င္းပႏိုင္ခဲ႔သူေတြျဖစ္ပါတယ္။

သူငယ္ခ်င္းျဖစ္သူ ရိုမိုဟြန္းကႏိုင္ငံေရးေလာကထဲေျခစံုပစ္ဝင္ခ်ိန္မွာ သူကေတာ႔ ဘူဆန္မွာပဲ ေရွ႕ေနအလုပ္နဲ႔အသက္ေမြးရင္းက်န္ခဲ႔ပါတယ္။ ၂၀၀၃ ခုနစ္ ရိုမိုဟြန္းသမၼတျဖစ္လာခ်ိန္မွာေတာ႔ မြန္ကို ရိုမိုဟြန္းရဲ႕အရိပ္ရယ္လို႔ သံုးႏႈန္းေခၚေဝၚခဲ႔ၾကပါတယ္။

မြန္ေဂ်းအင္ရဲ႕စရိုက္က ရွက္တတ္သူျဖစ္ျပီး လူေတြၾကားထဲမွာ ဟန္တစ္ခုနဲ႔သြားလာေနထိုင္ရတာကို သေဘာမက်ပါဘူး။ ၂၀၁၁ခုနစ္က သူေရးခဲ႔တဲ႔စာထဲမွာ “ ဝတ္စံုျပည္႔ဝတ္ျပီး စမတ္က်က်သြားလာေနရတာက ကၽြန္ေတာ္႔ကိုသက္ေသာင္႔သက္သာမျဖစ္ေစပါဘူး။ ေရွ႕ေနအလုပ္မွာပဲေပ်ာ္ပါတယ္” လို႔ေရးခဲ႔ဖူးပါတယ္။ သူငယ္ခ်င္းျဖစ္သူ သမၼတ ရုိမိုဟြန္းလက္ထက္မွာ မြန္ေဂ်းအင္က အက်င္႔ပ်က္ျခစားမႈေတြကိုအဓိကတိုက္ဖ်က္ရတဲ႔ တာဝန္ကိုထမ္းေဆာင္ခဲ႔ပါတယ္။

သမၼတသူငယ္ခ်င္းေၾကာင္႔ရတဲ႔စိတ္ေဝဒနာ

၂၀၀၉ ခုနစ္မွာ သမၼတရိုမိုဟြန္းဟာ လာဘ္စားပါတယ္ဆိုတဲ႔ စြပ္စြဲခံရမႈနဲ႔ဖိအားေတြေၾကာင္႔ ကိုယ္႔ကိုယ္ကိုယ္ေသေၾကာင္းၾကံစည္ခဲ႔ျပီးေနာက္ပိုင္းမွာ မြန္ေဂ်းအင္ဟာလည္း စိတ္ဒဏ္ရာအၾကီးၾကီးရခဲ႔ပါတယ္။ သူငယ္ခ်င္းအတြက္ေျဖမဆည္ႏိုင္ခဲ႔ပံုကို သူက’’ ကၽြန္ေတာ္နည္းနည္းေလးေသာက္လိုက္ သူနဲ႔အတူျဖတ္သန္းခဲ႔ရတဲ႔အျဖစ္အပ်က္ေတြကိုသတိရလိုက္နဲ႔ ေတာ္ေတာ္ေလးခံစားခဲ႔ရပါတယ္။ ကၽြန္ေတာ္႔ဘဝကို သူတည္ေဆာက္ေပးခဲ႔တာလို႔ေျပာရင္ ရပါတယ္” လို႔ေရးသားခဲ႔ဖူးပါတယ္။

သူငယ္ခ်င္းျဖစ္သူ သမၼတရိုမိုဟြန္း

သမၼတေရြးေကာက္ပြဲဝင္ခ်ိန္

၂၀၁၂ ခုနစ္မွာေတာ႔ သူဟာ သမၼတေရြးေကာက္ပြဲမွာစတင္ယွဥ္ျပိဳင္ခဲ႔ျပီး မစၥပတ္ဂြန္ေဟးကို ရလဒ္မတိမ္းမယိမ္းနဲ႔ရွံုးနိမ္႔ခဲ႔ပါတယ္။ ဒါေပမဲ႔ မစၥပတ္ဂြန္ေဟးရဲ႕နယ္ေျမျဖစ္တဲ႔ ဘူဆန္မွာေတာ႔သူက အႏိုင္ရခဲ႔ပါတယ္။

အခု ၂၀၁၇ ေမလ ၉ ရက္ေန႔မွာေတာ႔ သူဟာေတာင္ကိုရီးယားသမၼတရာထူးကိုပိုင္ဆုိင္ႏိုင္ခဲ႔ပါျပီ။ သူဟာ မဲစုစုေပါင္းရဲ႕ ၄၁.၁ % အထိရရွိခဲ႔ျပီး အနီးဆံုးျပိဳင္ဘက္ျဖစ္တဲ႔ ကြန္ဆာေဗးတစ္ဝါဒီ ေဟာင္ဂၽြန္းျပိဳကေတာ႔ ၂၅.၅ % သာရရွိခဲ႔တယ္လို႔သိရပါတယ္။ မြန္ေဂ်းအင္အေနနဲ႔သူ႔ရဲ႕သမၼတသက္တမ္းအတြင္းမွာ ေျမာက္ကိုရီးယားအေရးကို ဦးစားေပးကိုင္တြယ္မွာျဖစ္ျပီး ေျမာက္ကိုရီးယားနဲ႔ပတ္သက္ရင္သူက ေပ်ာ႔ေပ်ာင္းတဲ႔စိတ္ႏွလံုးသားရွိသူျဖစ္ပါတယ္။

ဒီနွစ္ထြက္ရွိခဲ႔တဲ႔ သူ႔ရဲ႕စာအုပ္ထဲမွာေတာ႔  သူ႔ရဲ႕ဇာတိေျမျဖစ္တဲ႔ ေျမာက္ကိုရီးယားက ဟမ္နမ္ျမိဳ႕ကို တစ္ခ်ိ္န္မွာျပန္သြားမယ္႔အေၾကာင္း ေရးသားထားပါတယ္။

“ဘဝရဲ႕ေနာက္ဆံုးအခ်ိန္ေတြကို ဟမ္နမ္မွာပဲ အခေၾကးေငြမယူဘဲ ကူညီေပးတဲ႔ ေရွ႕ေနတစ္ေယာက္အျဖစ္ရပ္တည္ရင္းေနထိုင္သြားခ်င္မိတယ္။ ေတာင္နဲ႔ေျမာက္ ျငိမ္းခ်မ္းစြာနဲ႔ေပါင္းစည္းသြားႏိုင္တဲ႔တစ္ေန႔မွာ အသက္ ၉၀ အရြယ္ကၽြန္ေတာ္႔အေမကို သူ႔ဇာတိျမိဳ႕ဆီျပန္ေခၚသြားခ်င္ပါတယ္” လို႔ေရးသားခဲ႔တာျဖစ္ပါတယ္။

သူ႔ရဲ႕သမၼတရာထူးအတြက္က်မ္းသစၥာက်ိန္ဆိုပြဲကို ဒီေန႔က်င္းပခဲ႔ျပီးျဖစ္ပါတယ္။

Ref# BBC

Photo Credit# BBC,EPA,Getty Images

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

မေလ (၉) ရက်နေ့မှာကျင်းပပြီးစီးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတရွေးကောက်ပွဲမှာ လစ်ဘရယ်ဝါဒီတစ်ဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီခေါင်းတောင် မွန်ဂျေးအင်ကအနိုင်ရရှိခဲ့ပါတယ်။ သူဟာအရင်က သမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့အဖေဖြစ်သူ ပတ်ချောင်ဟီးရဲ့အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့အတွက်  ထောင်ကျဖူးသူလည်းဖြစ်ပါတယ်။
မြောက်ကိုရီးယားကနေစွန့်ခွာလာခဲ့ရတဲ့ဘဝ
မွန်ဂျေးအင်ရဲ့မိဘတွေဟာ ကိုရီးယားစစ်ပွဲအတွင်းမြောက်ကိုရီးယားကနေတောင်ကိုရီးယားနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်နဲ့ရောက်ရှိလာခဲ့ပြီး ၁၉၅၃ ခုနစ်မှာ မွန်ဂျေးအင်ကိုမွေးဖွားပါတယ်။ သူတို့ဟာတောင်ဘက်စွန်း Geoje ကျွန်းမှာနေထိုင်ခဲ့ကြပြီး ဖခင်ကစစ်အကျဉ်းသားစခန်းမှာအလုပ်လုပ်ပါတယ်။ မိခင်ဖြစ်သူက ဘူဆန်မြို့မှာကြက်ဥရောင်းပါတယ်။ မွန်ဟာငယ်စဉ်ကတည်းက မိခင်ဖြစ်သူနဲ့အတူကြက်ဥရောင်းထွက်ရတဲ့ကလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့မှာဇနီးနဲ့သားသမီးနှစ်ယောက်ရှိပါတယ်။
ဖြတ်သန်းခဲ့တဲ့ ဘဝပုံရိပ်များ
၁၉၇၂ ခုနစ်မှာတော့ သူဟာဥပဒေကျောင်းကိုတက်ခွင့်ရခဲ့ပါတယ်။ သူရှေ့နေဖြစ်ပြီးနောက်ပိုင်းမှာ ပတ်ဂျောင်ဟီးရဲ့ အာဏာရှင်ဆန်တဲ့ စည်းမျဉ်းတွေနဲ့ တောင်မြောက်စစ်ပွဲတွေကိုဆန့်ကျင်တာကြောင့် ထောင်ထဲရောက်ခဲ့ပါတယ်။
၁၉၇၆ ခုနစ်မှာတော့ တောင်ကိုရီးယားရဲ့စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းခဲ့ပါတယ်။
၁၉၈၂ ခုနစ်မှာတော့ သူနဲ့သူငယ်ချင်းဖြစ်သူ ရိုမိုဟွန်းတို့ဟာ ဘူဆန်မြို့မှာ ရှေ့နေရုံးခန်းဖွင့်လှစ်ကြပြီး လူ့အခွင့်အရေး ၊ အများပြည်သူနဲ့ဆိုင်တဲ့ အခွင့်အရေးကိစ္စရပ်တွေကိုအဓိကကိုင်တွယ်ကြပါတယ်။ ရိုမိုဟွန်းဟာ နောက်ပိုင်းမှာတောင်ကိုရီးယားသမ္မတဖြစ်လာခဲ့သူဖြစ်ပါတယ်။
မွန်နဲ့ ရိုတို့ဟာ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုအတွက် ထင်ရှားတဲ့ပုံရိပ်တွေဖြစ်ခဲ့ကြပြီး ၁၉၈၇ ခုနစ်မှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံးသော ဒီမိုကရက်တစ်ရွေးကောက်ပွဲကြီးကို ဦးစီးကျင်းပနိုင်ခဲ့သူတွေဖြစ်ပါတယ်။
သူငယ်ချင်းဖြစ်သူ ရိုမိုဟွန်းကနိုင်ငံရေးလောကထဲခြေစုံပစ်ဝင်ချိန်မှာ သူကတော့ ဘူဆန်မှာပဲ ရှေ့နေအလုပ်နဲ့အသက်မွေးရင်းကျန်ခဲ့ပါတယ်။ ၂၀၀၃ ခုနစ် ရိုမိုဟွန်းသမ္မတဖြစ်လာချိန်မှာတော့ မွန်ကို ရိုမိုဟွန်းရဲ့အရိပ်ရယ်လို့ သုံးနှုန်းခေါ်ဝေါ်ခဲ့ကြပါတယ်။
မွန်ဂျေးအင်ရဲ့စရိုက်က ရှက်တတ်သူဖြစ်ပြီး လူတွေကြားထဲမှာ ဟန်တစ်ခုနဲ့သွားလာနေထိုင်ရတာကို သဘောမကျပါဘူး။ ၂၀၁၁ခုနစ်က သူရေးခဲ့တဲ့စာထဲမှာ “ ဝတ်စုံပြည့်ဝတ်ပြီး စမတ်ကျကျသွားလာနေရတာက ကျွန်တော့်ကိုသက်သောင့်သက်သာမဖြစ်စေပါဘူး။ ရှေ့နေအလုပ်မှာပဲပျော်ပါတယ်” လို့ရေးခဲ့ဖူးပါတယ်။ သူငယ်ချင်းဖြစ်သူ သမ္မတ ရိုမိုဟွန်းလက်ထက်မှာ မွန်ဂျေးအင်က အကျင့်ပျက်ခြစားမှုတွေကိုအဓိကတိုက်ဖျက်ရတဲ့ တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။
သမ္မတသူငယ်ချင်းကြောင့်ရတဲ့စိတ်ဝေဒနာ
၂၀၀၉ ခုနစ်မှာ သမ္မတရိုမိုဟွန်းဟာ လာဘ်စားပါတယ်ဆိုတဲ့ စွပ်စွဲခံရမှုနဲ့ဖိအားတွေကြောင့် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့ပြီးနောက်ပိုင်းမှာ မွန်ဂျေးအင်ဟာလည်း စိတ်ဒဏ်ရာအကြီးကြီးရခဲ့ပါတယ်။ သူငယ်ချင်းအတွက်ဖြေမဆည်နိုင်ခဲ့ပုံကို သူက’’ ကျွန်တော်နည်းနည်းလေးသောက်လိုက် သူနဲ့အတူဖြတ်သန်းခဲ့ရတဲ့အဖြစ်အပျက်တွေကိုသတိရလိုက်နဲ့ တော်တော်လေးခံစားခဲ့ရပါတယ်။ ကျွန်တော့်ဘဝကို သူတည်ဆောက်ပေးခဲ့တာလို့ပြောရင် ရပါတယ်” လို့ရေးသားခဲ့ဖူးပါတယ်။
သမ္မတရွေးကောက်ပွဲဝင်ချိန်
၂၀၁၂ ခုနစ်မှာတော့ သူဟာ သမ္မတရွေးကောက်ပွဲမှာစတင်ယှဉ်ပြိုင်ခဲ့ပြီး မစ္စပတ်ဂွန်ဟေးကို ရလဒ်မတိမ်းမယိမ်းနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စပတ်ဂွန်ဟေးရဲ့နယ်မြေဖြစ်တဲ့ ဘူဆန်မှာတော့သူက အနိုင်ရခဲ့ပါတယ်။
အခု ၂၀၁၇ မေလ ၉ ရက်နေ့မှာတော့ သူဟာတောင်ကိုရီးယားသမ္မတရာထူးကိုပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ သူဟာ မဲစုစုပေါင်းရဲ့ ၄၁.၁ % အထိရရှိခဲ့ပြီး အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ကွန်ဆာဗေးတစ်ဝါဒီ ဟောင်ဂျွန်းပြိုကတော့ ၂၅.၅ % သာရရှိခဲ့တယ်လို့သိရပါတယ်။ မွန်ဂျေးအင်အနေနဲ့သူ့ရဲ့သမ္မတသက်တမ်းအတွင်းမှာ မြောက်ကိုရီးယားအရေးကို ဦးစားပေးကိုင်တွယ်မှာဖြစ်ပြီး မြောက်ကိုရီးယားနဲ့ပတ်သက်ရင်သူက ပျော့ပျောင်းတဲ့စိတ်နှလုံးသားရှိသူဖြစ်ပါတယ်။
ဒီနှစ်ထွက်ရှိခဲ့တဲ့ သူ့ရဲ့စာအုပ်ထဲမှာတော့  သူ့ရဲ့ဇာတိမြေဖြစ်တဲ့ မြောက်ကိုရီးယားက ဟမ်နမ်မြို့ကို တစ်ချိန်မှာပြန်သွားမယ့်အကြောင်း ရေးသားထားပါတယ်။
“ဘဝရဲ့နောက်ဆုံးအချိန်တွေကို ဟမ်နမ်မှာပဲ အခကြေးငွေမယူဘဲ ကူညီပေးတဲ့ ရှေ့နေတစ်ယောက်အဖြစ်ရပ်တည်ရင်းနေထိုင်သွားချင်မိတယ်။ တောင်နဲ့မြောက် ငြိမ်းချမ်းစွာနဲ့ပေါင်းစည်းသွားနိုင်တဲ့တစ်နေ့မှာ အသက် ၉၀ အရွယ်ကျွန်တော့်အမေကို သူ့ဇာတိမြို့ဆီပြန်ခေါ်သွားချင်ပါတယ်” လို့ရေးသားခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့သမ္မတရာထူးအတွက်ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီနေ့ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
Ref# BBC

Photo Credit# BBC,EPA,Getty Images