[Zawgyi] 


iPhone 3GS Packaging




Ref: Apple Insider

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iPhone တစ်လုံးကို မြန်မာငွေ ငါးသောင်းခွဲဝန်းကျင်နဲ့ရောင်းချမယ့် တောင်ကိုရီးယားကုမ္ပဏီ

ဈေးကွက်ထဲမှာ ကွယ်ပျောက်သွားပြီးဖြစ်တဲ့ ပစ္စည်းတစ်ခုက သင်မထင်ထားတဲ့အချိန်မှာ ပြန်ရောင်းနေတာကို သင်ကြုံဖူးမှာပါ။ ဒီတစ်ခါတော့ လွန်ခဲ့တဲ့ ၉  နှစ်ကျော်က ဈေးကွက်ထဲမှာ နာမည်ကျော်ကြားခဲ့တဲ့ iPhone 3GS ကို တောင်ကိုရီးယား ကုမ္ပဏီတစ်ခုက ပြန်လည်ဈေးကွက်တင်တော့မှာပါ။

iPhone 3GS Packaging

ကိုရီးယားနိုင်ငံအတွင်း သတ်မှတ်ထားတဲ့နေရာတွေမှာ ရောင်းချမှာဖြစ်ပြီး ရောင်းချမယ့်ဈေးကတော့ ကိုရီးယား ဝမ် ၄၄၀၀၀ ခန့်မှန်း မြန်မာငွေ ငါးသောင်းခွဲဝန်းကျင်နဲ့ပါ။ အခုလို iPhone 3GS တွေကို ပြန်လည်ရောင်းချဖို့ စီစဉ်တာကတော့ SK Telink ကုမ္ပဏီပါ။ ရောင်းချမယ့် iPhone တွေက လုံးဝမသုံးရသေးတဲ့အသစ်တွေပါ။ လိုအပ်တဲ့ပြန်လည်စစ်ဆေးမှုတွေလုပ်ပြီး နေ့စဉ်အသုံးပြုနိုင်မယ့် အရည်အသွေးရှိတယ်ဆိုတာ သေချာမှ ရောင်းချတာဖြစ်တာကြောင့် ဝယ်သုံးမယ်ဆိုရင်တော့ စိတ်ချရမှာပါ။ ဘူးထဲမှာလည်း Original Accessory တွေပါဝင်မှာဖြစ်တာကြောင့် ပေးရတဲ့ဈေးနဲ့ တကယ်ကို တန်ပါတယ်။ 

Korea SK Telink Company

အားနည်းချက်တွေကတော့ အများကြီးပါ။ iPhone 3GS အတွက် နောက်ဆုံး iOS Update က iOS 6.1.6 မှာပဲ ရပ်သွားခဲ့တာကြောင့် နောက်ပိုင်း App အသစ်တွေနဲ့ Feature အသစ်တွေကိုတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ အားသွင်းကြိုးတွေပျောက်တာ၊ Display ကွဲတာနဲ့ ထိခိုက်ပျက်စီးတာမျိုးတွေဖြစ်ခဲ့ရင်လည်း အပိုပစ္စည်းရှားပါးသွားပြီဖြစ်တာကြောင့် ပြန်ပြင်လို့မလွယ်တော့ပါဘူး။ သာမန် ဖုန်းတစ်လုံးထက်ပိုပြီးဘာမှမလုပ်ပေးနိုင်ပါဘူး။ ဖုန်းခေါ်တာ၊ Message ပို့တာနဲ့ သီချင်းနားထောင်ဖို့အတွက်လောက်ပဲ သုံးလို့ကောင်းမှာပါ။ ဈေးသက်သာနေတာကြောင့် ဝယ်မယ့်သူတွေများမယ်လို့ မျှော်လင့်ရပါတယ်။ အခုလို iPhone 3GS က ဈေးကွက်ထဲမှာ အခုလိုပြန်ပေါ်လာတာက တော်တော်ကို ထူးဆန်းတဲ့ကိစ္စဖြစ်နေပေမယ့် Apple ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှကြေညာထားခြင်းမရှိပါဘူး။ 

Ref: Apple Insider

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။