This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ အုပ္စုအဆင့္က ထြက္ခဲ့ရတဲ့ ဂ်ာမနီအသင္း

လက္ရွိခ်န္ပီယံဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ ၿပိဳင္ပြဲဝင္လာတဲ့ ဂ်ာမနီအသင္းအတြက္ သမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္အျဖစ္ အုပ္စုအဆင့္က လွည့္ျပန္ခဲ့ရတဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲျဖစ္ခဲ့တယ္။ တစ္ခ်ိန္တည္းမွာ ကစားတဲ့ ဆြီဒင္နဲ႔ မကၠဆီကို ပြဲမွာ ဆြီဒင္တို႔ ဂိုးျပတ္အႏုိင္ရေနခဲ့လို႔ ႏိုင္တာနဲ႔ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္မယ့္ အခြင့္အေရးေကာင္းတစ္ခု ရခဲ့ေပမယ့္ ဂ်ာမနီအသင္း အသံုးမခ်ႏိုင္ဘဲ ေတာင္ကိုရီးယားအသင္းကို (၂-၀)ဂိုးနဲ႔ ရံႈးနိမ့္ခဲ့တယ္။ သခ်ၤာနည္းအရပဲ ေနာက္တစ္ဆင့္ကို ေမွ်ာ္လင့္ႏိုင္တဲ့ ေတာင္ကိုရီးယားအတြက္ ဆြီဒင္အသင္းရဲ႕ ဂိုးျပတ္အႏိုင္ရလဒ္ေၾကာင့္ ေမွ်ာ္လင့္ခ်က္မဲ့ခဲ့ေပမယ့္ ဂုဏ္သိကၡာပိုင္းအရ ဂ်ာမနီကို အေကာင္းဆံုး တံု႔ျပန္ႏိုင္ခဲ့တယ္။ ကမၻာ႔ဖလားသမိုင္းမွာ အာရွအသင္းေတြနဲ႔ ေတြ႔တိုင္း အႏိုင္ရထားတဲ့ ဂ်ာမနီအသင္းရဲ႕ မွတ္တမ္းေကာင္းကို ေတာင္ကိုရီးယားအသင္းက အေကာင္းဆံုး ေခ်ဖ်က္ခဲ့ၿပီး ၂၀၀၂ ကမၻာ႔ဖလား ဆီမီးရံႈးေၾကြးကို လွလွပပႀကီး ျပန္ဆပ္ႏိုင္ခဲ့တယ္။ ဂ်ာမနီအသင္းကေတာ့ သူတို႔ရဲ႕ ကစားပံုအတိုင္း (၄-၂-၃-၁)ပံုစံနဲ႔ ပြဲထြက္လာခဲ့ၿပီး ေတာင္ကိုရီးယားအသင္းကေတာ့ (၄-၄-၂)ဆန္ဆန္ ကစားကြက္နဲ႔ပဲ ပြဲထြက္လာခဲ့တယ္။

Ju-punts-the-ball-forward

Ju-punts-the-ball-forward

ပထမပိုင္းမွာ ေတာင္ကိုရီးယားအသင္းက ခံစစ္ကို အားျပဳခဲ့ေပမယ့္ တန္ျပန္တိုက္စစ္ေတြကေန ဂ်ာမနီ ခံစစ္ေၾကာင္းနဲ႔ ဂိုးသမား ႏ်ဴအာ Neuer ကို အေကာင္းဆံုး ဖိအားေပးႏိုင္ခဲ့တယ္။ ပထမပိုင္းမွာ ဂ်ာမနီအသင္း (၇၁)ရာခိုင္ႏႈန္းအထိ ေဘာလံုးပိုင္ဆိုင္မႈ အသာစီးရယူႏိုင္ခဲ့ၿပီး ဂိုးေပါက္ကန္သြင္းခြင့္ေတြရခဲ့ေပမယ့္ တိုက္စစ္ကစားသမားေတြ အဆံုးသတ္ အားနည္းခဲ့လို႔ ဂိုးမရွိသေရရလဒ္နဲ႔ပဲ ပဲြၿပီးဆံုးခဲ့တယ္။ ဒုတိယပိုင္းမွာလည္း ဂ်ာမနီအသင္း ဆက္လက္ဖိအားေပးကစားခဲ့ေပမယ့္ ေတာင္ကိုရီးယား ဂိုးသမား လက္စြမ္းျပ ကာကြယ္မႈေတြ ျပဳလုပ္ခဲ့လို႔ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ျခင္းမရွိပါဘူး။ လက္က်န္ ပြဲကစားခ်ိန္ေတြမွာ ႏိုင္ပြဲရယူႏိုင္ဖို႔ လိုအပ္ေနခဲ့တဲ့ ဂ်ာမနီအသင္း မာရီယိုဂိုမက္ဇ္ Mario Gomez၊ မူလာ Muller နဲ႔ ဘရန္႔ Brantd တို႔ကို ထည့္သြင္းခဲ့ၿပီး တိုက္စစ္ျမွင့္တင္မႈေတြ ျပဳလုပ္လာခဲ့တယ္။

Korea-players-goal-celebration

Korea-players-goal-celebration

ပြဲကစားခ်ိန္ မိနစ္ (၉၀)ျပည့္လို႔ နာက်င္အခ်ိန္ပို (၃)မိနစ္အေရာက္မွာေတာ့ ေတာင္ကိုရီးယားအသင္း မထင္မွတ္တဲ့ အေနအထားကေန ဦးေဆာင္ဂိုး ရရွိခဲ့တယ္။ ေထာင့္ကန္ေဘာကေန ရရွိလာတဲ့ အခြင့္အေရးကို ဂ်ာမနီဂိုးေပါက္ေရွ႔မွာ လြတ္လြတ္ကၽြတ္ကၽြတ္ရွိေနတဲ့ ေနာက္ခံလူ ကင္မ္ေယာင္ဂြန္း Kim Young Kwon က ဂိုးသမား ႏ်ဴအာ Neuer ရဲ႕ အေပၚေထာင့္ကို အျပင္းကန္သြင္းၿပီး ရယူေပးခဲ့တယ္။ ဦးေဆာင္ဂိုး ေပးလိုက္ရလို႔ ဂ်ာမနီအသင္း တစ္သင္းလံုး တိုက္စစ္ဖြင့္ကစားခဲ့ၿပီး ဂိုးသမား ႏ်ဴအာ Neuer ပါ တိုက္စစ္ကို လိုက္ပါလာခဲ့တယ္။ ပြဲကစားခ်ိန္ (၉၆)မိနစ္မွာေတာ့ ေတာင္ကိုရီးယားအသင္း အႏိုင္ေသခ်ာေစမယ့္ သြင္းဂိုးကို အသင္းေခါင္းေဆာင္ ဆြန္ေဟာင္မင္ Son Heung Min က သြင္းယူေပးခဲ့တယ္။ ႏ်ဴအာ Neuer တိုက္စစ္လိုက္ပါေနတာကို အခြင့္ေကာင္းယူၿပီး ေတာင္ပံတိုက္စစ္ကစားသမား ဆီေဂ်ာင္ဂ်ဴး Se Jong Ju က လြတ္လြတ္ကၽြတ္ကၽြတ္ရွိေနတဲ့ ဆြန္ေဟာင္မင္ Son Heung Min ထံ ေပးပို႔ခဲ့တာျဖစ္ၿပီး ဆြန္ေဟာင္မင္ Son Heung Min က ဂိုးသမားမရွိတဲ့ ဂိုးေပါက္ထဲကို ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ေတာင္ကိုရီးယားအသင္းဟာ အာရွတိုက္ ကိုယ္စားျပဳအသင္းေတြထဲမွာ ဂ်ာမနီအသင္းကို အႏိုင္ရတဲ့ ပထမဆံုးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့သလို အုပ္စုတတိယေနရာကိုပါ ရယူႏိုင္ခဲ့ပါတယ္။

Man Of The Match – Jo Hyeon Woo (South Korea)

Muller

Muller

ေတာင္ကိုရီးယား-ဂ်ာမနီပြဲမွ ထူးျခားခ်က္မ်ား

– လက္ရွိခ်န္ပီယံအသင္းေတြ (၃)ႀကိမ္ဆက္ ကမၻာ႔ဖလားၿပိဳင္ပြဲက ထြက္ခြာခဲ့ရတာျဖစ္ၿပီး စပိန္ (၂၀၁၄)၊ အီတလီ (၂၀၁၀)နဲ႔ ဂ်ာမနီ (၂၀၁၈)တို႔ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္တယ္။
– ၁၉၃၈ ၿပိဳင္ပြဲမွာ ပထမအဆင့္ကေန ထြက္ခဲ့ရတဲ့ေနာက္ပိုင္း ဂ်ာမနီအသင္းအတြက္ ပထမဆံုးအႀကိမ္ ပထမအဆင့္ကေန လွည့္ျပန္ခဲ့ရတဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ (၁၉၃၈ ၿပိဳင္ပြဲမွာ လက္ရွိက်င္းပေနတဲ့ ၿပိဳင္ပြဲပံုစံမဟုတ္ဘဲ ရံႈးထြက္အဆင့္ကေန စတင္ ယွဥ္ၿပိဳင္ကစားရတာျဖစ္ၿပီး ၂၀၁၈ ၿပိဳင္ပြဲမွာေတာ့ ဂ်ာမနီအသင္းအတြက္ ပထမဆံုးအႀကိမ္ အုပ္စုအဆင့္က လွည့္ျပန္ခဲ့ရတဲ့ ၿပိဳင္ပြဲျဖစ္ခဲ့တယ္)
– ၁၉၈၆ ၿပိဳင္ပြဲေနာက္ပိုင္း ဂ်ာမနီအသင္း ပထမပိုင္းမွာ ၿပိဳင္ဘက္အသင္းကို ဦးေဆာင္ဂိုးမသြင္းႏိုင္တဲ့ ၿပိဳင္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

Photo:FIFA.com, OptaJoe Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အုပ်စုအဆင့်က ထွက်ခဲ့ရတဲ့ ဂျာမနီအသင်း

လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပြိုင်ပွဲဝင်လာတဲ့ ဂျာမနီအသင်းအတွက် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာ ကစားတဲ့ ဆွီဒင်နဲ့ မက္ကဆီကို ပွဲမှာ ဆွီဒင်တို့ ဂိုးပြတ်အနိုင်ရနေခဲ့လို့ နိုင်တာနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ရခဲ့ပေမယ့် ဂျာမနီအသင်း အသုံးမချနိုင်ဘဲ တောင်ကိုရီးယားအသင်းကို (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။ သင်္ချာနည်းအရပဲ နောက်တစ်ဆင့်ကို မျှော်လင့်နိုင်တဲ့ တောင်ကိုရီးယားအတွက် ဆွီဒင်အသင်းရဲ့ ဂိုးပြတ်အနိုင်ရလဒ်ကြောင့် မျှော်လင့်ချက်မဲ့ခဲ့ပေမယ့် ဂုဏ်သိက္ခာပိုင်းအရ ဂျာမနီကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တယ်။ ကမ္ဘာ့ဖလားသမိုင်းမှာ အာရှအသင်းတွေနဲ့ တွေ့တိုင်း အနိုင်ရထားတဲ့ ဂျာမနီအသင်းရဲ့ မှတ်တမ်းကောင်းကို တောင်ကိုရီးယားအသင်းက အကောင်းဆုံး ချေဖျက်ခဲ့ပြီး ၂၀၀၂ ကမ္ဘာ့ဖလား ဆီမီးရှုံးကြွေးကို လှလှပပကြီး ပြန်ဆပ်နိုင်ခဲ့တယ်။ ဂျာမနီအသင်းကတော့ သူတို့ရဲ့ ကစားပုံအတိုင်း (၄-၂-၃-၁)ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး တောင်ကိုရီးယားအသင်းကတော့ (၄-၄-၂)ဆန်ဆန် ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့တယ်။

Ju-punts-the-ball-forward

Ju-punts-the-ball-forward

ပထမပိုင်းမှာ တောင်ကိုရီးယားအသင်းက ခံစစ်ကို အားပြုခဲ့ပေမယ့် တန်ပြန်တိုက်စစ်တွေကနေ ဂျာမနီ ခံစစ်ကြောင်းနဲ့ ဂိုးသမား နျူအာ Neuer ကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့တယ်။ ပထမပိုင်းမှာ ဂျာမနီအသင်း (၇၁)ရာခိုင်နှုန်းအထိ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်တွေရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ အဆုံးသတ် အားနည်းခဲ့လို့ ဂိုးမရှိသရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တယ်။ ဒုတိယပိုင်းမှာလည်း ဂျာမနီအသင်း ဆက်လက်ဖိအားပေးကစားခဲ့ပေမယ့် တောင်ကိုရီးယား ဂိုးသမား လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ခဲ့လို့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။ လက်ကျန် ပွဲကစားချိန်တွေမှာ နိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေခဲ့တဲ့ ဂျာမနီအသင်း မာရီယိုဂိုမက်ဇ် Mario Gomez၊ မူလာ Muller နဲ့ ဘရန့် Brantd တို့ကို ထည့်သွင်းခဲ့ပြီး တိုက်စစ်မြှင့်တင်မှုတွေ ပြုလုပ်လာခဲ့တယ်။

Korea-players-goal-celebration

Korea-players-goal-celebration

ပွဲကစားချိန် မိနစ် (၉၀)ပြည့်လို့ နာကျင်အချိန်ပို (၃)မိနစ်အရောက်မှာတော့ တောင်ကိုရီးယားအသင်း မထင်မှတ်တဲ့ အနေအထားကနေ ဦးဆောင်ဂိုး ရရှိခဲ့တယ်။ ထောင့်ကန်ဘောကနေ ရရှိလာတဲ့ အခွင့်အရေးကို ဂျာမနီဂိုးပေါက်ရှေ့မှာ လွတ်လွတ်ကျွတ်ကျွတ်ရှိနေတဲ့ နောက်ခံလူ ကင်မ်ယောင်ဂွန်း Kim Young Kwon က ဂိုးသမား နျူအာ Neuer ရဲ့ အပေါ်ထောင့်ကို အပြင်းကန်သွင်းပြီး ရယူပေးခဲ့တယ်။ ဦးဆောင်ဂိုး ပေးလိုက်ရလို့ ဂျာမနီအသင်း တစ်သင်းလုံး တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးသမား နျူအာ Neuer ပါ တိုက်စစ်ကို လိုက်ပါလာခဲ့တယ်။ ပွဲကစားချိန် (၉၆)မိနစ်မှာတော့ တောင်ကိုရီးယားအသင်း အနိုင်သေချာစေမယ့် သွင်းဂိုးကို အသင်းခေါင်းဆောင် ဆွန်ဟောင်မင် Son Heung Min က သွင်းယူပေးခဲ့တယ်။ နျူအာ Neuer တိုက်စစ်လိုက်ပါနေတာကို အခွင့်ကောင်းယူပြီး တောင်ပံတိုက်စစ်ကစားသမား ဆီဂျောင်ဂျူး Se Jong Ju က လွတ်လွတ်ကျွတ်ကျွတ်ရှိနေတဲ့ ဆွန်ဟောင်မင် Son Heung Min ထံ ပေးပို့ခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင် Son Heung Min က ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားအသင်းဟာ အာရှတိုက် ကိုယ်စားပြုအသင်းတွေထဲမှာ ဂျာမနီအသင်းကို အနိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို အုပ်စုတတိယနေရာကိုပါ ရယူနိုင်ခဲ့ပါတယ်။

Man Of The Match – Jo Hyeon Woo (South Korea)

Muller

Muller

တောင်ကိုရီးယား-ဂျာမနီပွဲမှ ထူးခြားချက်များ

– လက်ရှိချန်ပီယံအသင်းတွေ (၃)ကြိမ်ဆက် ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရတာဖြစ်ပြီး စပိန် (၂၀၁၄)၊ အီတလီ (၂၀၁၀)နဲ့ ဂျာမနီ (၂၀၁၈)တို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်တယ်။
– ၁၉၃၈ ပြိုင်ပွဲမှာ ပထမအဆင့်ကနေ ထွက်ခဲ့ရတဲ့နောက်ပိုင်း ဂျာမနီအသင်းအတွက် ပထမဆုံးအကြိမ် ပထမအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (၁၉၃၈ ပြိုင်ပွဲမှာ လက်ရှိကျင်းပနေတဲ့ ပြိုင်ပွဲပုံစံမဟုတ်ဘဲ ရှုံးထွက်အဆင့်ကနေ စတင် ယှဉ်ပြိုင်ကစားရတာဖြစ်ပြီး ၂၀၁၈ ပြိုင်ပွဲမှာတော့ ဂျာမနီအသင်းအတွက် ပထမဆုံးအကြိမ် အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရတဲ့ ပြိုင်ပွဲဖြစ်ခဲ့တယ်)
– ၁၉၈၆ ပြိုင်ပွဲနောက်ပိုင်း ဂျာမနီအသင်း ပထမပိုင်းမှာ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးမသွင်းနိုင်တဲ့ ပြိုင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo:FIFA.com, OptaJoe Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com