This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အာရွတိုက္အသငး္ေတြထဲမွာ ကမၻာ႔ဖလားၿပိဳင္ပဲြ အႀကိမ္အမ်ားဆုံးဆင္ႏဲႊခဲ့တဲ့ ေတာင္ကုိရီးယား

၁၉၆၀ ခုႏွစ္က စလုိ႔ ေတာင္ကုိရီးယားအသင္းဟာ အာရွတိုက္ရဲ႕ အင္အားႀကီးေဘာလုံးအသင္းထဲမွာ ပါ၀င္လာခဲ့ၿပီး ကမၻာ႔ဖလားၿပိဳင္ပဲြကုိ (၉)ႀကိမ္အထိ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ဖူးတာေၾကာင့္ အာရွအသင္းေတြထဲမွာ ေအာင္ျမင္မႈအမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနပါတယ္။ ကမၻာ႔ဖလား(၅)ႀကိမ္မွာ ႏုိင္ပဲြမရွိဘဲ အုပ္စုက ထြက္ခဲ့ရေပမယ့္လည္း ဂ်ပန္နဲ႔ ပူးတဲြအိမ္ရွင္အျဖစ္ က်င္းပခဲ့တဲ့ ၂၀၀၂ ကမၻာ႔ဖလားၿပိဳင္ပဲြမွာေတာ့ ဆီမီးဖုိင္နယ္အဆင့္အထိ ေရာက္ရွိခဲ့တာေၾကာင့္ အာရွအသင္းေတြထဲမွာ ကမၻာ႔ဖလားဆီမီးဖုိင္နယ္တက္ေရာက္ခဲ့ တဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္း၀င္ေနဆဲပါ။ ၂၀၀၂ ကမၻာ႔ဖလားၿပိဳင္ပဲြေနာက္ပုိင္းမွာေတာ့ ေတာင္ကုိရီးယားအသင္းက တက္ရိပ္ျပလာခဲ့ၿပီး ၂၀၁၀ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ႐ႈံးထြက္(၁၆)သင္းအဆင့္အထိ တက္ေရာက္ခဲ့တယ္။ ‘The Reds’ လုိ႔ အမည္ေျပာင္သတ္မွတ္ျခင္းခံထားရတဲ့ ေတာင္ကုိရီးယားအသငး္ ဟာ ဒီအုပ္စုထဲမွာ အင္အားအနည္းဆုံးအသင္းျဖစ္ေနေပမယ့္ မထင္မွတ္တာေတြကုိ လုပ္ျပႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမွာပါ။

South-Korea-Players-Celebrate

South-Korea-Players-Celebrate

ေတာင္ကုိရီးယားအသင္းရဲ႕ ကမၻာ႔ဖလားသမုိင္းေၾကာင္း

ေတာင္ကုိရီးယားအသင္းဟာ ၁၉၅၄ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ပထမဆုံးအႀကိမ္ ေျခစစ္ပဲြ ေအာင္ျမင္ခဲ့ေပမယ့္ ႏွစ္ေပါင္း(၃၀)ေက်ာ္အၾကာ ၁၉၈၆ ၿပိဳင္ပဲြမွ ကမၻာ႔ဖလားၿပိဳင္ပဲြဆီ တစ္ေက်ာ႔ျပန္ေျခခ်ႏုိင္ခဲ့တယ္။ ၁၉၈၆ က စလုိ႔ ေတာက္ေလွ်ာက္ေျခစစ္ပဲြေအာင္ျမင္ခဲ့ၿပီး ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ၿပိဳင္ပဲြေတြမွာ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ၂၀၀၂ ကမၻာ႔ဖလားမွာ စတုတၳရခဲ့ၿပီး ၿပီးခဲ့တဲ့ ကမၻာ႔ဖလား(၃)ႀကိမ္မွာေတာ့ အျမင့္ဆုံးအျဖစ္ ႐ႈံးထြက္(၁၆)သင္းအဆင့္အထိ တက္ေရာက္ႏုိင္ခဲ့တယ္။

၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြျဖတ္သန္းခဲ့မႈ

ေတာင္ကုိရီးယားအသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြကုိ အုပ္စုဒုတိယနဲ႔ တိုက္႐ုိက္ေအာင္ျမင္ခဲ့တာျဖစ္ ေပမယ့္လည္း ေနာက္ဆုံးအဆင့္ေျခစစ္ပဲြမွာ ေတာ္ေတာ္ေလး႐ုန္းကန္ၿပီးမွ ႐ုရွားသြားခြင့္လက္မွတ္ရယူႏုိင္ခဲ့တာပါ။ အထူးသျဖင့္ အေ၀းကြင္းပဲြေတြမွာ ရလဒ္ဆုိးေတြႀကံဳေတြ႕ခဲ့ရၿပီး (၂)ပဲြသေရ၊ (၃)ပဲြ႐ႈံးနဲ႔ ႏုိင္ပဲြမရွိခဲ့ဘူး။ အိမ္ကြငး္မွာ ရလဒ္ေကာင္းေတြ ရယူႏုိင္ခဲ့လုိ႔သာ အုပ္စုဒုတိယေနရာရခဲ့တာျဖစ္ၿပီး (၄)ပဲြႏုိင္၊ (၃)ပဲြသေရ၊ (၃)ပဲြ႐ႈံး (၁၅)မွတ္ရရွိခဲ့ပါတယ္။

Son-Heung-min

Son-Heung-min

ေစာင့္ၾကည့္ရမယ့္ကစားသမားမ်ား

ေတာင္ကုိရီးယားအသင္းရဲ႕ အဓိက ကစားသမားကေတာ့ စပါးအသင္းရဲ႕ တိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ Son Heung-min ျဖစ္ၿပီး ေအာ့စ္ဘတ္ရဲ႕ ၀ါရင့္ကြင္းလယ္လူ ကူဂ်ာခ်ိဳးလ္ Koo Ja-cheol၊ ဆြမ္ဆီး ကြင္းလယ္လူ ကီဆန္ေယာင္း Ki Sung-yueng နဲ႔ လီကြမ္ဟုိ Lee Keun-ho တို႔လုိ ကစားသမား ေကာင္းေတြလည္းရွိပါတယ္။ လူငယ္ကစားသမားထဲမွာေတာ့ ဆာလ္ဘာ့ဂ္တိုက္စစ္မွဴး ဟြမ္ဟီခ်န္ Hwang Hee-chan လုိ အရည္အေသြးရွိတဲ့ကစားသမားေတြကုိလည္း ပုိင္ဆုိင္ထားပါတယ္။

Photo:K League United,ESPN
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အာရှတိုက်အသင်းတွေထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိမ်အများဆုံးဆင်နွဲှခဲ့တဲ့ တောင်ကိုရီးယား

၁၉၆၀ ခုနှစ်က စလို့ တောင်ကိုရီးယားအသင်းဟာ အာရှတိုက်ရဲ့ အင်အားကြီးဘောလုံးအသင်းထဲမှာ ပါဝင်လာခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို (၉)ကြိမ်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတာကြောင့် အာရှအသင်းတွေထဲမှာ အောင်မြင်မှုအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ကမ္ဘာ့ဖလား(၅)ကြိမ်မှာ နိုင်ပွဲမရှိဘဲ အုပ်စုက ထွက်ခဲ့ရပေမယ့်လည်း ဂျပန်နဲ့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့တာကြောင့် အာရှအသင်းတွေထဲမှာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တက်ရောက်ခဲ့ တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေဆဲပါ။ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းမှာတော့ တောင်ကိုရီးယားအသင်းက တက်ရိပ်ပြလာခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်(၁၆)သင်းအဆင့်အထိ တက်ရောက်ခဲ့တယ်။ ‘The Reds’ လို့ အမည်ပြောင်သတ်မှတ်ခြင်းခံထားရတဲ့ တောင်ကိုရီးယားအသင်း ဟာ ဒီအုပ်စုထဲမှာ အင်အားအနည်းဆုံးအသင်းဖြစ်နေပေမယ့် မထင်မှတ်တာတွေကို လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

South-Korea-Players-Celebrate

South-Korea-Players-Celebrate

တောင်ကိုရီးယားအသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းကြောင်း

တောင်ကိုရီးယားအသင်းဟာ ၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ပေမယ့် နှစ်ပေါင်း(၃၀)ကျော်အကြာ ၁၉၈၆ ပြိုင်ပွဲမှ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ တစ်ကျော့ပြန်ခြေချနိုင်ခဲ့တယ်။ ၁၉၈၆ က စလို့ တောက်လျှောက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားမှာ စတုတ္ထရခဲ့ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား(၃)ကြိမ်မှာတော့ အမြင့်ဆုံးအဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့တယ်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြတ်သန်းခဲ့မှု

တောင်ကိုရီးယားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အုပ်စုဒုတိယနဲ့ တိုက်ရိုက်အောင်မြင်ခဲ့တာဖြစ် ပေမယ့်လည်း နောက်ဆုံးအဆင့်ခြေစစ်ပွဲမှာ တော်တော်လေးရုန်းကန်ပြီးမှ ရုရှားသွားခွင့်လက်မှတ်ရယူနိုင်ခဲ့တာပါ။ အထူးသဖြင့် အဝေးကွင်းပွဲတွေမှာ ရလဒ်ဆိုးတွေကြုံတွေ့ခဲ့ရပြီး (၂)ပွဲသရေ၊ (၃)ပွဲရှုံးနဲ့ နိုင်ပွဲမရှိခဲ့ဘူး။ အိမ်ကွင်းမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့လို့သာ အုပ်စုဒုတိယနေရာရခဲ့တာဖြစ်ပြီး (၄)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၃)ပွဲရှုံး (၁၅)မှတ်ရရှိခဲ့ပါတယ်။

Son-Heung-min

Son-Heung-min

စောင့်ကြည့်ရမယ့်ကစားသမားများ

တောင်ကိုရီးယားအသင်းရဲ့ အဓိက ကစားသမားကတော့ စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင် Son Heung-min ဖြစ်ပြီး အော့စ်ဘတ်ရဲ့ ဝါရင့်ကွင်းလယ်လူ ကူဂျာချိုးလ် Koo Ja-cheol၊ ဆွမ်ဆီး ကွင်းလယ်လူ ကီဆန်ယောင်း Ki Sung-yueng နဲ့ လီကွမ်ဟို Lee Keun-ho တို့လို ကစားသမား ကောင်းတွေလည်းရှိပါတယ်။ လူငယ်ကစားသမားထဲမှာတော့ ဆာလ်ဘာ့ဂ်တိုက်စစ်မှူး ဟွမ်ဟီချန် Hwang Hee-chan လို အရည်အသွေးရှိတဲ့ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Photo:K League United,ESPN
Naing Linn(Akhayar)
www.akhayar.com