[Zawgyi]

လာဘ္စားမႈေၾကာင့္ ေထာင္ဒဏ္ (၂၄) ႏွစ္ က်သြားတဲ့ ေတာင္ကုိရီးယားသမၼတေဟာင္း ‘Park Geun-hye’

လာဘ္ေပးလာဘ္ယူမႈ၊ အာဏာအလြဲသုံးစားလုပ္မႈ၊ ႏုိင္ငံေတာ္လ်ိွဳ႕ဝွက္ခ်က္ေပါက္ၾကားမႈ၊ အၾကပ္ကုိင္မႈေတြနဲ႔ စြဲခ်က္တင္ထားတဲ့ ေတာင္ကုိရီးယားသမၼတေဟာင္း ေတာင္ကုိရီးယားသမၼတေဟာင္း ‘Park Geun-hye’ ကုိ ဗဟုိတရားရုံးက ဧၿပီလ ၆ရက္ (ေသာၾကာေန႔) မွာ ေထာင္ဒဏ္ (၂၄) ႏွစ္ ခ်မွတ္လုိက္ပါတယ္။ သူမဟာ သူငယ္ခ်င္း ‘Choi Soon-sil’ နဲ႔ ပူးေပါင္းၿပီး လုပ္ငန္းရွင္ႀကီးေတြဆီက လာဘ္ယူခဲ့တယ္လုိ႔ တရားရုံးက သတ္မွတ္ခဲ့တဲ့အတြက္ အခုလုိျပစ္ဒဏ္ခ်မွတ္လုိက္တာပါ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

ေဖေဖာ္ဝါရီလ (၁၃) ရက္တုန္းက လာဘ္ေပးလာဘ္ယူမႈမွာ ပူးေပါင္းပါဝင္သူ ‘Choi Soon-sil’ ကုိလည္း ေထာင္ဒဏ္ႏွစ္ (၂ဝ) အျပင္ ဝမ္ ၁၈ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၇ သန္း) ဒဏ္ရုိက္ခဲ့ပါတယ္။ (၆၆) ႏွစ္ရွိၿပီျဖစ္တဲ့ ေတာင္ကုိရီးယားသမၼတေဟာင္း ‘Park Geun-hye’ ကုိလည္း ေထာင္ဒဏ္အျပင္ ဝမ္ ၁၈ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၇ သန္း) ဒဏ္ရုိက္ခဲ့ပါေသးတယ္။ တရားသူႀကီး ‘Kim Se-Yoon’ က “Choi Soon-sil နဲ႔ ေပါင္းၿပီး လာဘ္စားထားတဲ့ ေငြပမာဏက ဝမ္ ၂၃ ဘီလီယံ မကပါဘူး။” လုိ႔ ဆုိသြားပါတယ္။

Former South Korean President Park Geun-hye

Former South Korean President Park Geun-hye

‘Park Geun-hye’ ဟာ ေတာင္ကုိရီးယားႏုိင္ငံရဲ႕ တတိယေျမာက္ သမၼတႀကီး ‘Park Chung-hee’ ရဲ႕ သမီးဦးျဖစ္ပါတယ္။ ၁၉၅၂ ခုႏွစ္ ေဖေဖာ္ဝါရီလ (၂) ရက္ေန႔မွာ ေမြးဖြားလာသူျဖစ္ၿပီး ၁၉၇၄ခုႏွစ္မွာ ‘Sogang University’ ကေန အီလက္ထေရာနစ္အင္ဂ်င္နီယာဘြဲ႕ ရရွိခဲ့ပါတယ္။ သူမဟာ အဂၤလိပ္၊ ျပင္သစ္၊ စပိန္၊ တရုတ္နဲ႔ တျခားဘာသာစကားမ်ိဳးစုံကုိလည္း ကြ်မ္းကြ်မ္းက်င္က်င္ ေျပာဆုိႏုိင္သူပါ။ ၂ဝ၁၃ခုႏွစ္မွာ ကုိရီးယားႏုိင္ငံရဲ႕ (၁၁) ေယာက္ေျမာက္ သမၼတျဖစ္လာၿပီး လာဘ္ေပးမႈအရႈပ္ေတာ္ပုံေတြေၾကာင့္ ၂ဝ၁၇ခုႏွစ္ မတ္လ (၁ဝ) ရက္ေန႔မွာ ရာထူးမွ ဖယ္ရွားခံရပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

ေတာင္ကုိရီးယားႏုိင္ငံရဲ႕ပထမဆုံးအမ်ိဳးသမီးသမၼတျဖစ္ခဲ့တဲ့ ‘Park Geun-hye’ ဟာ အက်င့္ပ်က္ခ်စားမႈေၾကာင့္ ‘Seoul Detention Center’ ဆုိတဲ့ ဗဟုိေထာင္ႀကီးမွာ (၂၄) ႏွစ္တာ စံျမန္းရေတာ့မွာျဖစ္ပါတယ္။ လက္ရွိသမၼတ ‘Moon Jae-in’ ရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္ကုိ ေမ်ွာ္ကုိးရေပမယ့္ ရာခုိင္ႏႈန္းနည္းပါးလြန္းပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

လာဘ်စားမှုကြောင့် ထောင်ဒဏ် (၂၄) နှစ် ကျသွားတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ‘Park Geun-hye’

လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု၊ အကြပ်ကိုင်မှုတွေနဲ့ စွဲချက်တင်ထားတဲ့ တောင်ကိုရီးယားသမ္မတဟောင်း တောင်ကိုရီးယားသမ္မတဟောင်း ‘Park Geun-hye’ ကို ဗဟိုတရားရုံးက ဧပြီလ ၆ရက် (သောကြာနေ့) မှာ ထောင်ဒဏ် (၂၄) နှစ် ချမှတ်လိုက်ပါတယ်။ သူမဟာ သူငယ်ချင်း ‘Choi Soon-sil’ နဲ့ ပူးပေါင်းပြီး လုပ်ငန်းရှင်ကြီးတွေဆီက လာဘ်ယူခဲ့တယ်လို့ တရားရုံးက သတ်မှတ်ခဲ့တဲ့အတွက် အခုလိုပြစ်ဒဏ်ချမှတ်လိုက်တာပါ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ဖေဖော်ဝါရီလ (၁၃) ရက်တုန်းက လာဘ်ပေးလာဘ်ယူမှုမှာ ပူးပေါင်းပါဝင်သူ ‘Choi Soon-sil’ ကိုလည်း ထောင်ဒဏ်နှစ် (၂ဝ) အပြင် ဝမ် ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇ သန်း) ဒဏ်ရိုက်ခဲ့ပါတယ်။ (၆၆) နှစ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယားသမ္မတဟောင်း ‘Park Geun-hye’ ကိုလည်း ထောင်ဒဏ်အပြင် ဝမ် ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇ သန်း) ဒဏ်ရိုက်ခဲ့ပါသေးတယ်။ တရားသူကြီး ‘Kim Se-Yoon’ က “Choi Soon-sil နဲ့ ပေါင်းပြီး လာဘ်စားထားတဲ့ ငွေပမာဏက ဝမ် ၂၃ ဘီလီယံ မကပါဘူး။” လို့ ဆိုသွားပါတယ်။

Former South Korean President Park Geun-hye

Former South Korean President Park Geun-hye

‘Park Geun-hye’ ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ တတိယမြောက် သမ္မတကြီး ‘Park Chung-hee’ ရဲ့ သမီးဦးဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့မှာ မွေးဖွားလာသူဖြစ်ပြီး ၁၉၇၄ခုနှစ်မှာ ‘Sogang University’ ကနေ အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပါတယ်။ သူမဟာ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ တရုတ်နဲ့ တခြားဘာသာစကားမျိုးစုံကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သူပါ။ ၂ဝ၁၃ခုနှစ်မှာ ကိုရီးယားနိုင်ငံရဲ့ (၁၁) ယောက်မြောက် သမ္မတဖြစ်လာပြီး လာဘ်ပေးမှုအရှုပ်တော်ပုံတွေကြောင့် ၂ဝ၁၇ခုနှစ် မတ်လ (၁ဝ) ရက်နေ့မှာ ရာထူးမှ ဖယ်ရှားခံရပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

တောင်ကိုရီးယားနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးသမ္မတဖြစ်ခဲ့တဲ့ ‘Park Geun-hye’ ဟာ အကျင့်ပျက်ချစားမှုကြောင့် ‘Seoul Detention Center’ ဆိုတဲ့ ဗဟိုထောင်ကြီးမှာ (၂၄) နှစ်တာ စံမြန်းရတော့မှာဖြစ်ပါတယ်။ လက်ရှိသမ္မတ ‘Moon Jae-in’ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်ကိုးရပေမယ့် ရာခိုင်နှုန်းနည်းပါးလွန်းပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com