[ZawGyi]

ကမၻာေက်ာ္ Bartender တစ္ေယာက္လုိမ်ိဳး Sweet Tamarind Soda ေလးေဖ်ာ္ၾကမယ္

မန္က်ည္းသီးဆိုတာ ေရွးအစဥ္အဆက္ကတည္းက အိမ္တိုင္းဆိုင္တိုင္းရဲ႕မီးဖိုေဆာင္မွာရွိခဲ႔တာပါ။ အားလံုးကမန္က်ည္းသီးကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္ရွိရေလာက္ေအာင္လည္း မန္က်ည္းသီးဆိုတာကျပိဳင္စံရွားအသီးအႏွံျဖစ္ပါတယ္။ က်န္းမာေရးနဲ႔ပတ္သက္ရင္ သူက ဝိတ္က်ေစတယ္၊ ႏွလံုးက်န္းမာေရးေကာင္းေစတယ္၊ ေသြးခ်ိဳဆီးခ်ိဳကိုသက္သာေစတယ္၊ အပူအပုပ္ကင္းစင္ျပီး ခႏၶာကိုယ္ကိုေအးျမေနေစတယ္ စသျဖင္႔ေကာင္းက်ိဳးေတြကလည္းအမ်ားၾကီးေလ။ အလွအပနဲ႔ပတ္သက္ရင္လည္းသူက အသားအေရကိုၾကည္လင္လွပေစတယ္၊ ဆဲလ္ေသေတြကိုဖယ္ရွားေပးႏိုင္တယ္၊ အညစ္အေၾကးေတြကို လံုးဝေျပာင္စင္ေစႏိုင္တယ္ဆုိတဲ႔ အာနိသင္ေတြနဲ႔လူေတြရဲ႕အၾကိဳက္ကိုသိမ္းပိုက္ထားျပန္တယ္ေလေနာ္။ အခုဆို ဟင္းခ်က္ရာမွာတင္ မန္းက်ည္းမွည္႔ရည္ေလးထည္႔သံုးတာမဟုတ္ဘဲ အေဖ်ာ္ယမကာေလးေတြေဖ်ာ္ရာမွာလည္း မန္က်ည္းသီးကို သံုးလို႔ရပါတယ္။ ဒါေၾကာင္႔ အသင္႔သံုးႏိုင္တဲ႔ Knorr Tamarind ကိုသံုးျပီးခ်ိဳေမႊးေအးတဲ႔ Sweet Tamarind Soda ေလးလုပ္ၾကည္႔ရေအာင္လား။

ပါဝင္ပစၥည္းမ်ား

Knorr မန္က်ည္းရည္ – စားပြဲတင္ဇြန္း ၁ ဇြန္း

Agave nectar – စားပြဲတင္ဇြန္း ၂ ဇြန္း(သို႕) ၃ ဇြန္း

ဆား – ၁/၄ လက္ဖက္ရည္ဇြန္း

Soda – ၁၆ ေအာင္စ (အခ်ိဳမပါ) (ခြက္ ၃ ခြက္မွ်ျပီးခြဲထားပါ)

Vodka သို႔ Dark Rum (ႏွစ္သက္သလို)

သံပရာသီးစိတ္ – အလွဆင္ရန္

Knorr-Concentrated-Tamarind-Sauce

Knorr-Concentrated-Tamarind-Sauce

ျပဳလုပ္ပံု

၁) မန္က်ည္းရည္၊ Agave nectar နဲ႔ ဆားတုိ႔ကိုေသေသခ်ာခ်ာေခါက္ေမႊပါ။ ေမႊေခါက္လုိ႔အဆင္ေျပေစဖုိ႔ Soda တစ္ခြက္ထည္႔ေမႊပါ။

၂) ဒီလိုေခါက္ေမႊတဲ႔ေနရာမွာ ေမႊတဲ႔ကိရိယာေလး ဒါမွမဟုတ္ ဇြန္း၊ ခက္ရင္း တို႔ကိုသံုးႏိုင္ပါတယ္။ ျပီးရင္ က်န္တဲ႔ Soda တစ္ခြက္ထပ္ထည္႔ပါ။
၃) ေကာင္းေကာင္းေမႊေနာက္ျပီးသြားျပီဆုိရင္ ေရခဲထည္႔ထားတဲ႔ဖန္ခြက္ ၂ ခြက္ထဲေလာင္းထည္႔လုိက္ပါ။

၄) က်န္တဲ႔ Soda တစ္ခြက္ကိုေဖ်ာ္ရည္ေပၚကေနထပ္ေလာင္းပါ။ ျပီးရင္ေတာ႔ Vodka ဒါမွမဟုတ္ Rum နည္းနည္းပက္ထည္႔ျပီး ေမႊဖို႔ပါပဲ။ သံပရာသီးစိတ္ေလးနဲ႔အလွဆင္ျပီး တူတူ Cheers ႏုိင္ပါျပီ။

စာဖိုမွဴးေတြအေနနဲ႔ Kitchen Tips ေတြနဲ႔ဟင္းလ်ာေတြအေၾကာင္းကိုဖတ္ရႈခ်င္ရင္၊စားေသာက္ဆုိင္ေတြအေနနဲ႔ UFS ထုတ္ကုန္ေတြကို ဝယ္ယူခ်င္တယ္ဆုိရင္ေတာ႔ ဒီ Page ကေနဝင္ေရာက္ၾကည္႔ရႈအားေပးႏိုင္ပါတယ္။

www.akhayar.com

[Unicode]

ကမ္ဘာကျော် Bartender တစ်ယောက်လိုမျိုး Sweet Tamarind Soda လေးဖျော်ကြမယ်

မန်ကျည်းသီးဆိုတာ ရှေးအစဉ်အဆက်ကတည်းက အိမ်တိုင်းဆိုင်တိုင်းရဲ့မီးဖိုဆောင်မှာရှိခဲ့တာပါ။ အားလုံးကမန်ကျည်းသီးကို နှစ်နှစ်ခြိုက်ခြိုက်ရှိရလောက်အောင်လည်း မန်ကျည်းသီးဆိုတာကပြိုင်စံရှားအသီးအနှံဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင် သူက ဝိတ်ကျစေတယ်၊ နှလုံးကျန်းမာရေးကောင်းစေတယ်၊ သွေးချိုဆီးချိုကိုသက်သာစေတယ်၊ အပူအပုပ်ကင်းစင်ပြီး ခန္ဓာကိုယ်ကိုအေးမြနေစေတယ် စသဖြင့်ကောင်းကျိုးတွေကလည်းအများကြီးလေ။ အလှအပနဲ့ပတ်သက်ရင်လည်းသူက အသားအရေကိုကြည်လင်လှပစေတယ်၊ ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်တယ်၊ အညစ်အကြေးတွေကို လုံးဝပြောင်စင်စေနိုင်တယ်ဆိုတဲ့ အာနိသင်တွေနဲ့လူတွေရဲ့အကြိုက်ကိုသိမ်းပိုက်ထားပြန်တယ်လေနော်။ အခုဆို ဟင်းချက်ရာမှာတင် မန်းကျည်းမှည့်ရည်လေးထည့်သုံးတာမဟုတ်ဘဲ အဖျော်ယမကာလေးတွေဖျော်ရာမှာလည်း မန်ကျည်းသီးကို သုံးလို့ရပါတယ်။ ဒါကြောင့် အသင့်သုံးနိုင်တဲ့ Knorr Tamarind ကိုသုံးပြီးချိုမွှေးအေးတဲ့ Sweet Tamarind Soda လေးလုပ်ကြည့်ရအောင်လား။

ပါဝင်ပစ္စည်းများ

Knorr မန်ကျည်းရည် – စားပွဲတင်ဇွန်း ၁ ဇွန်း

Agave nectar – စားပွဲတင်ဇွန်း ၂ ဇွန်း(သို့) ၃ ဇွန်း

ဆား – ၁/၄ လက်ဖက်ရည်ဇွန်း

Soda – ၁၆ အောင်စ (အချိုမပါ) (ခွက် ၃ ခွက်မျှပြီးခွဲထားပါ)

Vodka သို့ Dark Rum (နှစ်သက်သလို)

သံပရာသီးစိတ် – အလှဆင်ရန်

Knorr-Concentrated-Tamarind-Sauce

Knorr-Concentrated-Tamarind-Sauce

ပြုလုပ်ပုံ

၁) မန်ကျည်းရည်၊ Agave nectar နဲ့ ဆားတို့ကိုသေသေချာချာခေါက်မွှေပါ။ မွှေခေါက်လို့အဆင်ပြေစေဖို့ Soda တစ်ခွက်ထည့်မွှေပါ။

၂) ဒီလိုခေါက်မွှေတဲ့နေရာမှာ မွှေတဲ့ကိရိယာလေး ဒါမှမဟုတ် ဇွန်း၊ ခက်ရင်း တို့ကိုသုံးနိုင်ပါတယ်။ ပြီးရင် ကျန်တဲ့ Soda တစ်ခွက်ထပ်ထည့်ပါ။
၃) ကောင်းကောင်းမွှေနောက်ပြီးသွားပြီဆိုရင် ရေခဲထည့်ထားတဲ့ဖန်ခွက် ၂ ခွက်ထဲလောင်းထည့်လိုက်ပါ။

၄) ကျန်တဲ့ Soda တစ်ခွက်ကိုဖျော်ရည်ပေါ်ကနေထပ်လောင်းပါ။ ပြီးရင်တော့ Vodka ဒါမှမဟုတ် Rum နည်းနည်းပက်ထည့်ပြီး မွှေဖို့ပါပဲ။ သံပရာသီးစိတ်လေးနဲ့အလှဆင်ပြီး တူတူ Cheers နိုင်ပါပြီ။

စာဖိုမှူးတွေအနေနဲ့ Kitchen Tips တွေနဲ့ဟင်းလျာတွေအကြောင်းကိုဖတ်ရှုချင်ရင်၊စားသောက်ဆိုင်တွေအနေနဲ့ UFS ထုတ်ကုန်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဒီ Page ကနေဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။

www.akhayar.com