ဒီဆောင်းတွင်းမှာ Skincare ကို အပြောင်းအလဲသုံးကြည့်မယ်လို့စဉ်းစားပြီး စမ်းသုံးဖြစ်ခဲ့တဲ့အထဲမှာ Soulmate Naturals ဆိုတဲ့ Brand လည်းပါဝင်ပါတယ်။ သူက သဘာဝပစ္စည်းစစ်စစ်ဖြစ်ပြီး Made in The USA ပါ။ သူ့အထဲက သုံးဖြစ်ခဲ့တဲ့ ပစ္စည်းလေးတွေအကြောင်းကို အသားအရေထိန်းသိမ်းမှုကို စိတ်ဝင်စားတဲ့ချစ်လေးတို့အတွက် ပြန်မိတ်ဆက်ပေးပါရစေ။ အထူးသဖြင့် ခုလိုအသားပပ်တဲ့ရာသီမှာ ပိုအဆင်ပြေပါတယ်နော်။

Daily Facial Cream

ဂျူးကတော့ Daily Facial Cream ထဲက Vitamin C Cream ကိုစမ်းသုံးဖြစ်ပါတယ်။ ဒီခရင်မ်မှာ ဗီတာမင်စီ အပြည့်အဝပါဝင်တဲ့အတွက် တစ်ပတ်လောက်သုံးကြည့်ရုံနဲ့ အသားအရေကြည်လင်လာတာကိုတွေ့ရပါတယ်။ သူကအမည်းစက်တွေ၊တင်းတိပ်၊မှဲ့ခြောက်၊အမာရွတ်တွေကိုပါ သိသိသာသာလျော့ပါးစေတာပါ။ ဗီတာမင်စီကအသားအရေအတွင်းပိုင်းအထိ ထိုးဖောက်ပြု ပြင်ပေးတာမို့ အသားအရေကြည်လင်လှပလိုသူတွေ သုံးသင့်ပါတယ်။ မျက်နှာပြင်နဲ့လည်ပင်းနေရာတွေကို မနက်ရော ညမှာပါ လိမ်းပေးနိုင်ပါတယ်။

ခံစားမှု –  လိမ်းလိုက်တဲ့အခါ ခံစားမှုကတော့ မျက်နှာကအစိုဓာတ်အပြည့်အဝရသွားသလိုခံစားရပါတယ်။ တစ်ခုရှိတာက သဘာဝစစ်စစ်ပစ္စည်းဖြစ်တာမို့ အနံ့မပါပါဘူး။ ဆီနံ့လေးပဲရပါတယ်။ ပြီးတော့ အသားထဲချက်ချင်းစိမ့်ဝင်ပျောက်သွားတာမျိုးမဟုတ်ဘဲ ထူထဲထဲလေးခံစားရတာမို့ ပူလွန်းတဲ့အချိန်ဆို တချို့သူတွေအတွက်နည်းနည်း ကသိကအောက်ဖြစ်မယ်ထင်ပါတယ်။ ပူတဲ့အချိန်ဆို ခရင်မ်က ခဲနေတာမျိုးမဟုတ်ဘဲ အရည်ပျော်နေတတ်ပါတယ်။ ရေခဲသေတ္တာထဲခဏထည့်ထားရင် ပြန်အဆင်ပြေသွားပါလိမ့်မယ်။ ဒီခရင်မ်က ဒီရာသီအတွက်တော့ အတော်လေးအဆင်ပြေတယ်လို့ဆိုရမှာပါ။

အမျိုးအစား – Daily Facial Cream မှာ Vitamin C အပြင် Premium Silk Cream နဲ့ Olive Nourishing Cream တို့ပါ ရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေတာကို ရွေးသုံးနိုင်ပါတယ်။

Lip Balm

Lip Balm ကတော့ အတော်လေးအဆင်ပြေတယ်လို့ ခံစားမိပါတယ်။ ဂျူးသုံးတဲ့ Juicy Watermelon က ဖရဲသီးနံ့သင်းသင်းလေးနဲ့မို့ ကိုက်စားချင်စရာလေးပါ။ Magic Lips တွေလိုမျိုးအရောင်ပြောင်းပြီး နှုတ်ခမ်းသားခြောက်သွားတာမျိုးမဟုတ်ဘဲ တစ်နေကုန်နှုတ်ခမ်းသားလေး စိုပြည်နူးညံ့နေစေမှာပါ။ Peppermint ၊ Coconut ၊ Bubblegum ၊ Apple Blast ၊ Mango ၊ Juicy Orange ၊ Soulmate Kiss ၊ Strawberry Cheesecake ၊ Guava ဆိုပြီး ၁၀ မျိုးတောင်ရှိတာမို့ အဆင်ပြေတာကို ရွေးသုံးနိုင်ပါတယ်။

Body Lotion

Soulmate Naturals ထဲက Body Lotion ကိုလည်းအတော်လေး သဘောကျမိပါတယ်။ ဘာလို့လဲဆိုတော့ အသားအရေကိုစိုစိုလေး ဖြစ်သွားစေလို့ပါ။ အသားခြောက်တဲ့သူတွေအတွက်တော့ အကောင်းဆုံးပစ္စည်းလေးပါ။ Silk Premium ၊ Pink Grape Fruit ၊ Lovely Lavendar လို့သုံးမျိုးရှိတဲ့ အထဲက Pink Grape Fruit ကိုသုံးဖြစ်ပါတယ်။

ခံစားမှု- လိမ်းပြီးတဲ့အခါ ခံစားမှုကိုတော့ ကြိုက်မိပါတယ်။ သဘာဝပစ္စည်းဖြစ်ပြီး မွှေးရနံ့မသုံးတာကြောင့်တခြား Lotion တွေလိုတော့ မွှေးပျံ့မနေပါဘူး။ ရာသီဥတုပူချိန်ဆိုရင် Lotion ကအရည်ပျော်နေတတ်တာမျိုး ရှိပါတယ်။ အာမခံတာကတော့ လိမ်းပြီးတာနဲ့ချက်ချင်းဆိုသလို အစိုဓာတ်ဖြည့်ပေးတဲ့အချက်ပါပဲ။

စိတ်ချရတဲ့ သဘာဝပစ္စည်းကို သုံးချင်ပါတယ်ဆိုရင်တော့ Soulmate Naturals ထဲကတစ်မျိုးမျိုးကို စမ်းသုံးကြည့်နိုင်ပါတယ်။ ဒီ Brandမှာ  Hair & Body Wash နဲ့ Conditioner ပါရှိပါသေးတယ်။  ကြိုက်မိသွားရင်တော့ဆက်သုံးပေါ့နော်။ သဘာဝပစ္စည်းစစ်စစ် Skincare ကရှားသလို ကိုယ်နဲ့အဆင်ပြေတဲ့ Skincare ဆိုတာလည်း တွေ့ရခဲတာမို့ ဒီ Brand လေးကို ညွှန်းလိုက်တာပါ။

လိပ်စာ

အမှတ် -၂၁၀၊ ၂လွှာ၊ ၂၉ လမ်း(အပေါ်ဘလောက်)၊ ပန်းဘဲတန်းမြို့နယ်။

ဖုန်း- ၀၉၂၅၄၉၇၇၇၀၀၊ ၀၉ ၅၁၀၆၉၈၄၊ ၀၉၇၈၃၆ ၁၆၅၂၅၊ ၀၉ ၇၇၇၇၄၅၈၁၃။

Soulmate Showroom (U Tar)

အမှတ် ၃၁၁၊ ဗိုလ်ဆွန်ပက်လမ်း (အထက်)
ပန်းဘဲတန်းမြို့နယ်။
ဖုန်း – ၀၉၄၂၀ ၂၇၅၉၇၁
Beauty Diary (ဆရာစံ နှင့် လှည်းတန်းစင်တာ)

မန္တလေး
၈၃ / ၃၈ စိမ်းပေါင်းရပ်၊ရွှေနဂါးခန်းမ

ဖုန်း – ၀၉၇၉၀ ၃၅၄၁၈၇

တို့မှာမေးမြန်းဝယ်ယူနိုင်ပါတယ်။

ဂျူဂျူး (အခရာ)

www.akhayar.com