[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ဝတ်စုံ အလန်း နဲ့ MV တစ်ပုဒ်တင်ပေးမယ်ဆိုပြီး ပရိသတ်တွေကို ချုပ်လိုက်တဲ့ ဆိုဖီယာ

MV အသစ်တစ်ခုကို ရိုက်နေတယ်ဆိုတဲ့ အကြောင်းသူမရဲ့ Fan တွေကို အခုလိုအသိပေးလိုက်တာပါ။ “ဒီ ဝတ်စုံ နဲ့ တွေ့ရမယ့် MV တခု ရှိတယ် နောက် အပါတ် Monday မှာ” ဆိုပြီးတော့ ဆိုဖီယာ ကသူမရဲ့လူမှုကွန်ရက်အကောင့်မှာ တင်ထားတာတွေ့ရပါတယ်။ ဂျင်းဘောင်းဘီ နဲ့ အလန်းစားစတိုင်လေးဝတ်ဆင်ထားပြီး ဘယ်လိုသီချင်းပုံစံလည်း ဆိုတာကိုတော့ သြဂုတ်လ ၂၀ ရက်နေ့မှာ သိရတော့မှာပါ။

ဆိုဖီယာဟာဆိုရင် Myanmar Idol Season 1 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်ပြီး သီချင်းတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ စန္ဒီမြင့်လွင် နဲ့ ထွက်ရှိခဲ့တဲ့ MV ဖြစ်တဲ့ “I.D.F.C” ကလည်းအောင်မြင်မှုရရှိခဲ့သလို လတ်တလောကလည်း “ရွံစရာကြီး”ဆိုတဲ့ သီချင်းလည်း ထွက်ရှိထားပါတယ်။

ဆိုဖီယာဟာ သီချင်းတွေဆိုတဲ့ အပြင် အနုပညာအလုပ်တွေဖြစ်တဲ့ ကြော်ငြာရိုက်ခြင်း နဲ့ သရုပ်ဆောင်ခြင်းတွေကို ပါအခါအားလျော်စွာ လုပ်ဆောင်တာကိုလည်း တွေ့ရပါတယ်။

Photo Credit:Sophia Everest Aurora Facebook

ကြည်သာ (Akhayar)

www.akhayar.com