[Zawgyi]

ဆိုဖီယာရဲ႕ ဒုတိယေျမာက္ေတးစီးရီးမွာ ဘယ္လိုထူးျခားမႈေတြ ေတြ႔ရွိရမွာလဲ

ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲအစီအစဥ္ (၁) မွာကတည္းက ပရိသတ္ေတြအားေပးမႈကိုရရွိထားတဲ့ အဆိုေတာ္ဆိုဖီယာဟာ သူမရဲ႕ဒုတိယေျမာက္ေတးစီးရီးကို မၾကာခင္မွာ ပရိသတ္ေတြလက္ထဲကို ထည့္ေပးေတာ့မွာျဖစ္တယ္လုိ႔ ဆုိပါတယ္။ ဒုတိယေတးစီးရီးရဲ႕နာမည္ကို “နင့္ရဲ႕”လို႔ အမည္ေပးထားၿပီး လာမယ့္ ၁၈ ရက္ေန႔မွာ ပရိသတ္ေတြဆီကုိ အေရာက္ပို႔ေပးေတာ့မွာျဖစ္ပါတယ္။

Sophia

သူမရဲ႕ပထမေတးစီးရီးအေခြျဖစ္တဲ့ “NVM” ကလည္း ပရိသတ္ေတြအႀကိဳက္ေတြ႔အားေပးခဲ့ၾကၿပီး ဒုတိယအေခြမွာေရာ ဘာေတြထူးျခားဦးမလဲဆိုတာကိုေတာ့ လာမယ့္ ၁၈ ရက္ေန႔မွာ ေတြ႔ျမင္ရေတာ့မွာျဖစ္ပါတယ္။ ”ဆိုဖီယာကိုခ်စ္တဲ့ပရိသတ္တစ္ေယာက္စီတိုင္းနဲ႔ အႏုပညာရွင္ေမာင္ႏွမမ်ားအားလံုး ဆိုဖီယာရဲ႕ဒုတိယေျမာက္တစ္ကိုယ္ေတာ္ေခြျဖစ္တဲ႕ “နင့္ရဲ႕” ေတးစီးရီး မိတ္ဆက္ပဲြကို မတ္လ ၁၈ ရက္ မြန္းလြဲ ၃ နာရီမွာ မဟာဗႏၶဳလပန္းျခံတြင္ က်င္းပမွာျဖစ္တဲ့အတြက္ အားလံုးလာေရာက္အားေပးဖို႔ ဖိတ္ေခၚပါတယ္။ တက္ေရာက္မယ့္ အႏုပညာရွင္မ်ားကိုလည္း မၾကာခင္မွာ ဆိုဖီယာေၾကညာေပးပါမယ္။ အဲဒီေန႔မွာ အမိုက္စားအႏုပညာရွင္ေတြနဲ႔ အားပါးတရ ေဖ်ာ္ေျဖမွာၾကမွာျဖစ္ပါတယ္ေနာ္”လို႔ ဒုတိယအေခြအတြက္ကို ဆိုဖီယာက ဖိတ္ေခၚထားတာျဖစ္ပါတယ္။

ဆိုဖီယာအေနနဲ႔ သီခ်င္းသီဆိုမႈအျပင္ သရုပ္ေဆာင္အလုပ္ကိုလည္း ဝါသနာပါတဲ့အတြက္ ဗီဒီယိုဇာတ္ကားမ်ားလည္း လက္ခံရိုက္ကူးဖို႔ရွိကာ သူမပါဝင္ရိုက္ကူးထားတဲ့ “ေနာင္ဘယ္ေတာ့မွမမုန္း”နဲ႔ “ေနာက္ေက်ာကဓား” အေခြေတြလည္း ထြက္ရွိၿပီးျဖစ္တယ္လုိ႔ သိရပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆိုဖီယာရဲ့ ဒုတိယမြောက်တေးစီးရီးမှာ ဘယ်လိုထူးခြားမှုတွေ တွေ့ရှိရမှာလဲ

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲအစီအစဉ် (၁) မှာကတည်းက ပရိသတ်တွေအားပေးမှုကိုရရှိထားတဲ့ အဆိုတော်ဆိုဖီယာဟာ သူမရဲ့ဒုတိယမြောက်တေးစီးရီးကို မကြာခင်မှာ ပရိသတ်တွေလက်ထဲကို ထည့်ပေးတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယတေးစီးရီးရဲ့နာမည်ကို “နင်ရဲ့”လို့ အမည်ပေးထားပြီး လာမယ့် ၁၈ ရက်နေ့မှာ ပရိသတ်တွေဆီကို အရောက်ပို့ပေးတော့မှာဖြစ်ပါတယ်။

Sophia

သူမရဲ့ပထမတေးစီးရီးအခွေဖြစ်တဲ့ “NVM” ကလည်း ပရိသတ်တွေအကြိုက်တွေ့အားပေးခဲ့ကြပြီး ဒုတိယအခွေမှာရော ဘာတွေထူးခြားဦးမလဲဆိုတာကိုတော့ လာမယ့် ၁၈ ရက်နေ့မှာ တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ ”ဆိုဖီယာကိုချစ်တဲ့ပရိသတ်တစ်ယောက်စီတိုင်းနဲ့ အနုပညာရှင်မောင်နှမများအားလုံး ဆိုဖီယာရဲ့ဒုတိယမြောက်တစ်ကိုယ်တော်ခွေဖြစ်တဲ့ “နင်ရဲ့” တေးစီးရီး မိတ်ဆက်ပွဲကို မတ်လ ၁၈ ရက် မွန်းလွဲ ၃ နာရီမှာ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပမှာဖြစ်တဲ့အတွက် အားလုံးလာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။ တက်ရောက်မယ့် အနုပညာရှင်များကိုလည်း မကြာခင်မှာ ဆိုဖီယာကြေညာပေးပါမယ်။ အဲဒီနေ့မှာ အမိုက်စားအနုပညာရှင်တွေနဲ့ အားပါးတရ ဖျော်ဖြေမှာကြမှာဖြစ်ပါတယ်နော်”လို့ ဒုတိယအခွေအတွက်ကို ဆိုဖီယာက ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

ဆိုဖီယာအနေနဲ့ သီချင်းသီဆိုမှုအပြင် သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတဲ့အတွက် ဗီဒီယိုဇာတ်ကားများလည်း လက်ခံရိုက်ကူးဖို့ရှိကာ သူမပါဝင်ရိုက်ကူးထားတဲ့ “နောင်ဘယ်တော့မှမမုန်း”နဲ့ “နောက်ကျောကဓား” အခွေတွေလည်း ထွက်ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။