Sony ချစ်သူတွေအတွက် အကြိုက်တွေ့စေမယ့် နောက်ထပ် စမတ်ဖုန်း တစ်မျိုးကို Sony ကထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။  အဲ့ဒါကတော့ Xperia L1 ပါ။ Xperia L1 ရဲ့ မျက်နှာပြင်ဟာ ၅.၅လက်မ ကျယ်ဝန်းပါတယ်။ Dual Sim အထောက်အပံ့ပေးထားတဲ့ Xperial L1 မှာ ပါဝင်တဲ့ ဖန်သားပြင် အမျိုးအစားကတော့ IPS LCD Capacitive Touchscreen 16M Colors ဖြစ်ပါတယ်။ ဒါ့အပြင် 4G LTE Support ၊ Wifi ၊ NFC နဲ့ USB Type-C Port အထောက်အပံ့ပေးထားပါတယ်။ ရုပ်ပုံ တွေကိုကြည်လင်ပြတ်သားစွာကြည့်နိုင်တဲ့စွမ်းရည်ကတော့ 720 x 1280 Pixels ရှိပြီး တစ်လက်မမှာ Pixel သိပ်သည်းဆ 267ppi ရှိပါတယ်။ လက်ဆယ်ချောင်းလုံးအသုံးပြုနိုင်တဲ့ Multitouch စနစ်ပါဝင်ပြီး Android Version ကတော့ 7.0 Nougat ပါ။

Chipset အနေနဲ့ Mediatek MT6737T သုံးထားပြီး Quad-Core 1.4GHz Corte-A53 သုံးရတာကြောင့် အသုံးပြုတဲ့အခါ မြန်ဆန်တဲ့ အထိအတွေ့ကို ရစေမှာပါ။ GPU ကတော့ Mali-T720MP2 ဖြစ်ပါတယ်။ RAM 2GB နဲ့ Internal Memory 16GB ပါဝင်ပြီး မှတ်ဥာဏ်ထပ်တိုး အသုံးပြုချင်တယ်ဆိုရင်တော့ 256GB ထိ တိုးချဲ့သုံးနိုင်ပါတယ်။ အဓိကကင်မရာ 13MP နဲ့ Focus 2.2 ၊ Autofocus ၊ LED Flash တို့ပါဝင်ပါတယ်။ ရှေ့ဘက်ကင်မရာကတော့ 5MP ရှိပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်တဲ့စွမ်းရည်ကတော့ 1080P ရှိပြီး တစ်စက္ကန့်မှာ ဖရိန်၃၀ခန့် ရိုက်ကူးနိုင်ပါတယ်။
ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၁၅၀ ခန့်ရှိမယ် လို့ခန့်မှန်းထားကြောင်းသိရပါတယ်။ Battery ကတာ့ Li-Ion 2620 mAh ဖြစ်ပြီး ရရှိနိုင်တဲ့ အရောင်တွေကတော့ အနက် ၊ အဖြူ ၊ ပန်းရောင်တို့ပဲဖြစ်ပါတယ်။

Jan ( Akhayar)

Ref : Pcadvisor