ကမာၻ႔မိုဘိုင္းလ္ ကြန္ဂရက္စ္ MWC ပြဲကို ဦးေဆာင္က်င္းပခဲ့တဲ့ GSMA ဟာ ဒီပြဲအၿပီးမွာ ပြဲအတြင္းထုတ္ေဖာ္ခဲ့တဲ့ GloMo လို႔ေခၚတဲ့ ကမာၻ႔အေကာင္းဆုံးမိုဘိုင္းဆု ေတြကို အမ်ိဳးအစားအမ်ိဳးမ်ိဳးေပၚမူတည္ၿပီး နည္းပညာကုမၸဏီေတြကို ခ်ီးျမႇင့္တတ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္တုန္းကေတာ့ Samsung က ထိပ္ဆုံးဆုျဖစ္တဲ့ “Best Smartphone of 2016” ဆုကို ရရွိခဲ့ပါတယ္။

ဒီႏွစ္ ၂၀၁၇ခုႏွစ္အတြက္ေတာ့ ဆုရရွိသူေပါင္း ၄၀ေက်ာ္ထြက္ေပၚခဲ့ၿပီး Sony ရဲ႕ ေနာက္ဆုံးထြက္ Xperia XZ Premium က “Best Smartphone of 2017” ဆုကို ရရွိသြားပါတယ္။

Sony ဟာ MWC 2017 ပြဲမွာ ဖုန္းအမ်ိဳးအစားသစ္ ၄မ်ိဳး ထုတ္လုပ္ခဲ့ၿပီး Xperia XZ Premium, Xperia XZs, Xperia XA1 Ultra တို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီအထဲကမွ အဓိကဖုန္းအမ်ိဳးအစားျဖစ္တဲ့ Xpeeria XZ Premium ဟာ မ်က္ႏွာျပင္အက်ယ္ ၅.၄၆လက္မအ႐ြယ္ 4K မ်က္ႏွာျပင္, Snapdragon 835 CPU Processor, 19MP Camera ½.3” ဆင္ဆာ နဲ႕ Slow-motion ဗီဒီယိုေတြအတြက္ 960 fps ရွိတဲ့ Motion Eye နည္းပညာေတြတပ္ဆင္ထားပါတယ္။

တျခား Winner ေတြမွာ Amazon က Amazon Echo နဲ႕ “Disruptive Device Innovation” ဆု၊ Niantic က ဒိုင္ေတြေ႐ြးခ်ယ္တဲ့ Mobile App ဆုကို Pokemon နဲ႕ အသီးသီးရရွိခဲ့ၿပီး Samsung ကလည္း ဆုအခ်ိဳ႕ရရွိခဲ့တယ္လို႔ သိရပါတယ္။

Joker (Akhayar)

Ref: GSMArena

=======================

 

[Unicode]

MWC ပွဲရဲ့ အကောင်းဆုံးစမတ်ဖုန်းဆုကို Sony Xperia XZ Premium ရရှိ

ကမ္ဘာ့မိုဘိုင်းလ် ကွန်ဂရက်စ် MWC ပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ GSMA ဟာ ဒီပွဲအပြီးမှာ ပွဲအတွင်းထုတ်ဖော်ခဲ့တဲ့ GloMo လို့ခေါ်တဲ့ ကမ္ဘာ့အကောင်းဆုံးမိုဘိုင်းဆု တွေကို အမျိုးအစားအမျိုးမျိုးပေါ်မူတည်ပြီး နည်းပညာကုမ္ပဏီတွေကို ချီးမြှင့်တတ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းကတော့ Samsung က ထိပ်ဆုံးဆုဖြစ်တဲ့ “Best Smartphone of 2016” ဆုကို ရရှိခဲ့ပါတယ်။

ဒီနှစ် ၂၀၁၇ခုနှစ်အတွက်တော့ ဆုရရှိသူပေါင်း ၄၀ကျော်ထွက်ပေါ်ခဲ့ပြီး Sony ရဲ့ နောက်ဆုံးထွက် Xperia XZ Premium က “Best Smartphone of 2017” ဆုကို ရရှိသွားပါတယ်။

Sony ဟာ MWC 2017 ပွဲမှာ ဖုန်းအမျိုးအစားသစ် ၄မျိုး ထုတ်လုပ်ခဲ့ပြီး Xperia XZ Premium, Xperia XZs, Xperia XA1 Ultra တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အဓိကဖုန်းအမျိုးအစားဖြစ်တဲ့ Xpeeria XZ Premium ဟာ မျက်နှာပြင်အကျယ် ၅.၄၆လက်မအရွယ် 4K မျက်နှာပြင်, Snapdragon 835 CPU Processor, 19MP Camera ½.3” ဆင်ဆာ နဲ့ Slow-motion ဗီဒီယိုတွေအတွက် 960 fps ရှိတဲ့ Motion Eye နည်းပညာတွေတပ်ဆင်ထားပါတယ်။

တခြား Winner တွေမှာ Amazon က Amazon Echo နဲ့ “Disruptive Device Innovation” ဆု၊ Niantic က ဒိုင်တွေရွေးချယ်တဲ့ Mobile App ဆုကို Pokemon နဲ့ အသီးသီးရရှိခဲ့ပြီး Samsung ကလည်း ဆုအချို့ရရှိခဲ့တယ်လို့ သိရပါတယ်။

Joker (Akhayar)

Ref: GSMArena