Sony ရဲ႕ PlayStation 5 ကို လာမယ့္ႏွစ္မွာ ျပဳလုပ္ေနတဲ့ E3 2019 မွာ ေတြ႕ရဖုိ႔ ေမွ်ာ္လင့္ေနတယ္ဆုိရင္ေတာ့ ဆက္ျပီး မေမွ်ာ္လင့္ေတာ့အဆင္ေျပမွာပါ။ ဘာေၾကာင့္လဲဆုိရင္ Sony Interactive Entertainment ကေန ေနာက္ႏွစ္မွာ ျပဳလုပ္မယ့္ E3 လုိ႔ လူသိမ်ားတဲ့ Electronic Entertainment Expo မွာ ပါဝင္ေတာ့မွာမဟုတ္ဘူးလုိ႔ ေၾကညာလုိက္တာေၾကာင့္ပါ။

E3 2018

အခုလုိမ်ိဳး ေၾကညာခ်က္ေၾကာင့္ Sony ကုိ E3 2019 မွာ Offsite Event ေတြ၊ Live Stream Press Conference ေတြကို Host လုပ္မွာမဟုတ္ေတာ့သလုိ Sony ရဲ႕ Game Trailer အသစ္ေတြကိုလည္း ေတြ႕ျမင္ရဖြယ္မရွိေတာ့ပါဘူး။ ဒီအခ်က္ကေတာ့ Sony ရဲ႕ ဂိမ္းအသစ္ေတြကို ေမွ်ာ္လင့္ေနတဲ့သူေတြအတြက္ စိတ္ပ်က္စရာအခ်က္လုိ႔ ေျပာလုိ႔ရပါတယ္။

ဒီသတင္းကို Sony ကေန အေစာပိုင္းတုန္းက Entertainment Software မွာပဲ ေၾကညာခဲ့တာျဖစ္ျပီးေတာ့ ေနာက္ပိုင္းမွာ GameInformer Website ကေန ထပ္မံအတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။ ဒီလာမယ့္ ၂၀၁၉ ခုႏွစ္မွာျပဳလုပ္မယ့္ E3 ဟာ Sony အတြက္ ၂၄ ႏွစ္အတြင္းမွာ ပထမဆံုးပါဝင္ျခင္းမရွိတဲ့ E3 ပြဲလည္း ျဖစ္လာပါတယ္။

Sony ကေတာ့ အခုလုိမ်ိဳး E3 2019 ကို ဝင္ေရာက္ျပီးမျပတာက Sony အေနနဲ႔ သူ႔ရဲ႕ Community က Fan ေတြအေပၚကို တျခားေသာနည္းလမ္းေတြနဲ႔ Engage လုပ္သြားမွာျဖစ္ျပီးေတာ့ ၂၀၁၉ အတြက္ အစီအစဥ္အသစ္ေတြကို ယူေဆာင္လာဖုိ႔လည္း စိတ္လႈပ္ရွားေနတယ္လုိ႔ သိရပါတယ္။

E3 2018 Sony

အခုလုိမ်ိဳး Sony က ေျပာၾကားလုိက္တဲ့အတြက္ ေသခ်ာတာက Sony PlayStation 5 ကို E3 မွာ ျမင္ရမဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္ E3 2019 အျပီးမွာေတာ့ Sony ရဲ႕ သီးသန္႔ PlayStation Event တစ္ခုကို ျမင္ရဖြယ္ရွိေနပါတယ္။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Sony ရဲ့ PlayStation 5 ကို လာမယ့်နှစ်မှာ ပြုလုပ်နေတဲ့ E3 2019 မှာ တွေ့ရဖို့ မျှော်လင့်နေတယ်ဆိုရင်တော့ ဆက်ပြီး မမျှော်လင့်တော့အဆင်ပြေမှာပါ။ ဘာကြောင့်လဲဆိုရင် Sony Interactive Entertainment ကနေ နောက်နှစ်မှာ ပြုလုပ်မယ့် E3 လို့ လူသိများတဲ့ Electronic Entertainment Expo မှာ ပါဝင်တော့မှာမဟုတ်ဘူးလို့ ကြေညာလိုက်တာကြောင့်ပါ။

E3 2018

အခုလိုမျိုး ကြေညာချက်ကြောင့် Sony ကို E3 2019 မှာ Offsite Event တွေ၊ Live Stream Press Conference တွေကို Host လုပ်မှာမဟုတ်တော့သလို Sony ရဲ့ Game Trailer အသစ်တွေကိုလည်း တွေ့မြင်ရဖွယ်မရှိတော့ပါဘူး။ ဒီအချက်ကတော့ Sony ရဲ့ ဂိမ်းအသစ်တွေကို မျှော်လင့်နေတဲ့သူတွေအတွက် စိတ်ပျက်စရာအချက်လို့ ပြောလို့ရပါတယ်။

ဒီသတင်းကို Sony ကနေ အစောပိုင်းတုန်းက Entertainment Software မှာပဲ ကြေညာခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာ GameInformer Website ကနေ ထပ်မံအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒီလာမယ့် ၂၀၁၉ ခုနှစ်မှာပြုလုပ်မယ့် E3 ဟာ Sony အတွက် ၂၄ နှစ်အတွင်းမှာ ပထမဆုံးပါဝင်ခြင်းမရှိတဲ့ E3 ပွဲလည်း ဖြစ်လာပါတယ်။

Sony ကတော့ အခုလိုမျိုး E3 2019 ကို ဝင်ရောက်ပြီးမပြတာက Sony အနေနဲ့ သူ့ရဲ့ Community က Fan တွေအပေါ်ကို တခြားသောနည်းလမ်းတွေနဲ့ Engage လုပ်သွားမှာဖြစ်ပြီးတော့ ၂၀၁၉ အတွက် အစီအစဉ်အသစ်တွေကို ယူဆောင်လာဖို့လည်း စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

E3 2018 Sony

အခုလိုမျိုး Sony က ပြောကြားလိုက်တဲ့အတွက် သေချာတာက Sony PlayStation 5 ကို E3 မှာ မြင်ရမဟုတ်တော့ပါဘူး။ ဒါပေမယ့် E3 2019 အပြီးမှာတော့ Sony ရဲ့ သီးသန့် PlayStation Event တစ်ခုကို မြင်ရဖွယ်ရှိနေပါတယ်။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com