[Zawgyi]

4K ကင္မရာတြက္ အျမန္ဆုံးနဲ႔ အၾကမ္းခံႏိုင္ဆုံး SD Card မိတ္ဆက္လိုက္တဲ့ Sony

Sony ကေတာ့ အရည္ေသြးျမင့္ Memory Card ေတြ သူ႔စတိုင္နဲ႔သူ တသီးတသန္႔ ထုတ္လုပ္ေနတဲ့ ကုမၸဏီပါ။ အခုလည္း DSLR လို 4K ဗီဒီယို ေကာင္းေကာင္းရိုက္ကူးႏိုင္တဲ့ ကင္မရာအတြက္ သီးသန္႔ ထုတ္လုပ္ထားတဲ့ UHS-II Memory Card ေတြကို ပိုျပီး အၾကမ္းခံ၊ ပိုလည္းျမန္သြားေအာင္ Sony Upgrade လုပ္ေပးလိုက္ပါျပီ။

Tough SF-G SD Card

Sony ကေတာ့ SF-G Tough စီးရီး SD ကတ္ေတြဟာ သာမန္ UHS-II SD ကတ္ေတြထက္ ၁၈ ဆ ပိုမာတယ္လို႔ ေၾကြးေၾကာ္ထားပါတယ္။ ေျပာတာေတာ့ ကမာၻ႔ပထမဆုံး Monolithic Structure အသုံးျပဳထားလို႔ SD ကတ္ကို ေကြးလို႔လည္းမရ၊ အျမင့္ ၁၆ ေပေလာက္က ျပဳတ္က်ရင္ေတာင္ ဘာမွမျဖစ္ပါဘူးတဲ့။ ေနာက္ျပီး National Geographic လို ေတာထဲေတာင္ထဲ သြားရိုက္ရလို႔ ဖုန္ဝင္မွာ၊ ေရဝင္မွာ စိတ္ပူစရာမလိုေအာင္ SF-G SD ကတ္ေတြကို ကာကြယ္ေပးထားပါေသးတယ္။

It is waterproof

ဒီလို အၾကမ္းလည္းခံတဲ့ SF-G SD ကတ္ စြမ္းေဆာင္ရည္ကို သာမန္ UHS-II Memory ထက္ ပိုျမန္ေအာင္ Sony အဆင့္ျမွင့္ထားျပီး Read/Write Speed အေနနဲ႔ 300MB/s နဲ႔ 299 MB/s အသီးသီးရွိပါတယ္။ ဒီ Speed နဲ႔ဆို 64GB ရွိတဲ့ ဖိုင္တဖိုင္ကို ၄ မိနစ္နဲ႔ ကူးလို႔ရတာမလို႔ 4K Content ေတြ ေကာင္းေကာင္း ကိုင္တြယ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္လည္း Sony က DSLR လို ကင္မရာမ်ိဳးနဲ႔ သင့္ေတာ္တယ္လို႔ ေျပာဆိုထားျပီး Mirrorless Camera နဲ႔လည္း တြဲသုံးႏိုင္ပါေသးတယ္။

Extremely Durable

ဒီ SF-G ကတ္ရဲ႕ အဓိက အားနည္းခ်က္တခုက Write Protect Capability ပါဝင္လာျခင္းမရွိဘဲ ေရနဲ႔ဖုန္ မဝင္ႏိုင္ေအာင္ Moving Part တခ်ိဳ႕ဖယ္ရွားခဲ့ရတာေၾကာင့္လို႔ Sony အသိေပးထားပါတယ္။ ေနာက္ျပီး အၾကမ္းလည္းခံ၊ ျမန္လည္းျမန္ဆိုေတာ့ ေရာင္းခ်မယ့္ ေစ်းႏႈန္းကလည္း တျခားကတ္ေတြထက္ ပိုၾကီးပါတယ္။ အနိမ့္ဆုံး 32GB ေမာ္ဒယ္ကို ၇၃ ေဒၚလာ သတ္မွတ္ထားျပီး 128GB ေမာ္ဒယ္ကို ၂၇၆ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာျဖစ္လို႔ UHS-II ကတ္ေတြရဲ႕ Standard ေစ်းႏႈန္းထက္ ေစ်းပိုၾကီးတဲ့ အားနည္းခ်က္ေတာ့ရွိေနပါတယ္။

2B (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

4K ကင်မရာတွက် အမြန်ဆုံးနဲ့ အကြမ်းခံနိုင်ဆုံး SD Card မိတ်ဆက်လိုက်တဲ့ Sony

Sony ကတော့ အရည်သွေးမြင့် Memory Card တွေ သူ့စတိုင်နဲ့သူ တသီးတသန့် ထုတ်လုပ်နေတဲ့ ကုမ္ပဏီပါ။ အခုလည်း DSLR လို 4K ဗီဒီယို ကောင်းကောင်းရိုက်ကူးနိုင်တဲ့ ကင်မရာအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ UHS-II Memory Card တွေကို ပိုပြီး အကြမ်းခံ၊ ပိုလည်းမြန်သွားအောင် Sony Upgrade လုပ်ပေးလိုက်ပါပြီ။

Tough SF-G SD Card

Sony ကတော့ SF-G Tough စီးရီး SD ကတ်တွေဟာ သာမန် UHS-II SD ကတ်တွေထက် ၁၈ ဆ ပိုမာတယ်လို့ ကြွေးကြော်ထားပါတယ်။ ပြောတာတော့ ကမ္ဘာ့ပထမဆုံး Monolithic Structure အသုံးပြုထားလို့ SD ကတ်ကို ကွေးလို့လည်းမရ၊ အမြင့် ၁၆ ပေလောက်က ပြုတ်ကျရင်တောင် ဘာမှမဖြစ်ပါဘူးတဲ့။ နောက်ပြီး National Geographic လို တောထဲတောင်ထဲ သွားရိုက်ရလို့ ဖုန်ဝင်မှာ၊ ရေဝင်မှာ စိတ်ပူစရာမလိုအောင် SF-G SD ကတ်တွေကို ကာကွယ်ပေးထားပါသေးတယ်။

It is waterproof

ဒီလို အကြမ်းလည်းခံတဲ့ SF-G SD ကတ် စွမ်းဆောင်ရည်ကို သာမန် UHS-II Memory ထက် ပိုမြန်အောင် Sony အဆင့်မြှင့်ထားပြီး Read/Write Speed အနေနဲ့ 300MB/s နဲ့ 299 MB/s အသီးသီးရှိပါတယ်။ ဒီ Speed နဲ့ဆို 64GB ရှိတဲ့ ဖိုင်တဖိုင်ကို ၄ မိနစ်နဲ့ ကူးလို့ရတာမလို့ 4K Content တွေ ကောင်းကောင်း ကိုင်တွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း Sony က DSLR လို ကင်မရာမျိုးနဲ့ သင့်တော်တယ်လို့ ပြောဆိုထားပြီး Mirrorless Camera နဲ့လည်း တွဲသုံးနိုင်ပါသေးတယ်။

Extremely Durable

ဒီ SF-G ကတ်ရဲ့ အဓိက အားနည်းချက်တခုက Write Protect Capability ပါဝင်လာခြင်းမရှိဘဲ ရေနဲ့ဖုန် မဝင်နိုင်အောင် Moving Part တချို့ဖယ်ရှားခဲ့ရတာကြောင့်လို့ Sony အသိပေးထားပါတယ်။ နောက်ပြီး အကြမ်းလည်းခံ၊ မြန်လည်းမြန်ဆိုတော့ ရောင်းချမယ့် ဈေးနှုန်းကလည်း တခြားကတ်တွေထက် ပိုကြီးပါတယ်။ အနိမ့်ဆုံး 32GB မော်ဒယ်ကို ၇၃ ဒေါ်လာ သတ်မှတ်ထားပြီး 128GB မော်ဒယ်ကို ၂၇၆ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်လို့ UHS-II ကတ်တွေရဲ့ Standard ဈေးနှုန်းထက် ဈေးပိုကြီးတဲ့ အားနည်းချက်တော့ရှိနေပါတယ်။

2B (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။