[Zawgyi] 


Sony’s Invisible Stand




Sony Z9F LCD TV




Ref: Forbes

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Sony ကတော့ OLED နဲ့ LCD TV အသစ်တွေကို ထုတ်ပြလိုက်ပါပြီ

Sony ကတော့ Master Series လို့ခေါ်တဲ့ OLED နဲ့ LCD TV တွေကို ဒီနှစ်အတွက် ဈေးကွက်ထဲကိုသယ်လာပေးမယ်လို့သိရပါတယ်။ TV တွေမှာတော့ Sony ရဲ့ Ultra-Powerful X1 Ultimate Processor ကို ထည့်သွင်းပေးသွားမှာပါ။ 

Sony’s Invisible Stand

Z9F LCD TV နဲ့ A9F OLED TV တွေကို မိတ်ဆက်ပေးသွားမှာပါ။ Z9F LCD မှာ 65 Inch နဲ့ 75 Inch ဆိုပြီး ရနိုင်မှာဖြစ်သလို A9F OLED TV တွေမှာ 55 Inch နဲ့ 65 Inch ဆိုပြီး နှစ်မျိုးစီ ရနိုင်မှာပါ။ Model တွေအားလုံးကတော့ 4K Resolution ၊ HDR10 Support နဲ့အတူ Dolby Vision ၊ HLG HDR Format Support ဖြစ်တဲ့အပြင် Android Oreo နဲ့ပွဲထွက်လာမယ်လို့ သိရပါတယ်။ 

Sony Bravia A8F Old Model

ဒီ Master Series တွေ အဓိကလုပ်ဆောင်ပေးမှာကတော့ Screen ပေါ်ကရုပ်ထွက်တွေကို ရုပ်ရှင်ဖန်တီးရှင်တွေမြင်စေချင်တဲ့ အရောင်အနေအထားအတိုင်းအကောင်းဆုံးအနေအထားမှာ ပြပေးမှာပဲဖြစ်ပါတယ်။ OLED နဲ့ LCD လိုကွဲပြားတဲ့ နည်းပညာကိုသုံးထားပေမယ့် အရောင်ပိုင်းမှာတော့ အများကြီးကွာခြားမှုမရှိအောင် Sony က ကြိုးစားနေပါတယ်။ 

Sony Z9F LCD TV

Sony ကတော့ LCD TV တွေမှာ တွေ့ရတတ်တဲ့ပြဿနာတချို့ကို ဖြေရှင်းပေးလိုက်ပါပြီ။ LCD Panel တော်တော်များများမှာအဖြစ်များတာကတော့ ဘေးက စောင်းကြည့်ရင် အရောင်တိကျမှုမရှိတဲ့ပြဿနာပါ။ အဲ့ဒီပြဿနာကို X-Wide Angle လို့နာမည်ပေးထားတဲ့ နည်းပညာနဲ့ Sony ကဖြေရှင်းနိုင်ခဲ့ပါတယ်။ X-Wide Angle နည်းပညာကြောင့် Z9F LCD TV ကို ဘယ်ရှုဒေါင့်ကပဲ ကြည့်ကြည့် အရောင်နဲ့ ကြည်လင်ပြတ်သားမှု လျော့မသွားစေပဲ ကြည့်နိုင်လာပါတယ်။ OLED Version မှာတော့ Speaker တွေပိုကောင်းလာသလို နည်းပညာအနေနဲ့ Acoustic Surface နည်းပညာကိုပဲသုံးထားပါတယ်။ 

Sony Acoustic Surface Speaker

Sony ရဲ့ Acoustic Surface နည်းပညာကတော့ TV Screen ကို တုန်ခါစေပြီး အသံထွက်အောင်လုပ်ပေးတာပါ။ Display ရဲ့ နောက်ကျောဖက် အလည်လောက်မှာ Actuator တွေတပ်ပေးထားပြီး Display ကို တုန်ခါစေပါတယ်။ အသံက အလည်ကကြည်ကြည်လင်လင်ထွက်လာတာကြောင့် ကြည့်တဲ့သူက ဘယ်ရှုထောင့်ကကြည့်ကြည့် တူညီတဲ့အသံကို ကြားနိုင်မှာပါ။ Sony ကတော့ Z9F နဲ့ A9F တွေကို ရောင်းချမယ့် ဈေးကိုတော့ ကြေညာထားတာမျိုး မရှိသေးပါဘူး။ ဒီ TV အမျိုးအစားတွေက Home Theater အတွက် အကောင်းဆုံး TV စားရင်းထဲမှာပါဝင်လာမယ့် TV တွေလည်း ဖြစ်ပါတယ်။ TV ဈေးကွက်မှာတော့ Android TV တွေ များလာပြီဖြစ်သလို 8K TV တွေလည်း မကြာခင် ခေတ်စားလာတော့မှာပါ။ 4K TV တွေကတော့ အခုအချိန်မှာ တော်တော်လေး ဈေးကွက်နေရာရနေပြီး ဖြစ်ပါတယ်။ 

Ref: Forbes

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။