ဂိမ်မာအတွက် မရှိမဖြစ်လိုအပ်တာ Gaming Laptop ၊ Desktop ဆိုပေမယ့် Single Player ၊ Adventure ဂိမ်းတွေကိုတော့ ရုပ်ထွက်ကောင်းကောင်းနဲ့ ဆော့ချင်ကြတာပါ။ ကျွန်တော့်အနေနဲ့သာဆိုရင် Dota 2 ၊ CS:GO နဲ့ PUBG ဂိမ်းတွေကို Smooth ကျကျကစားနိုင်မယ့် Laptop တလုံးပဲလိုအပ်ပြီး Metro Exodus ၊ Witcher လိုဂိမ်းမျိုးအတွက်ကျတော့ PC နဲ့မဆော့ချင်ပါဘူး။

Photo: Color Wire

ပထမဆုံးချက်က XBox Controller ကိုမနှစ်သက်တာရယ် နောက်ပြီး Console မှာကစားရတဲ့ Feeling ပိုကောင်းတာမလို့ PlayStation နဲ့ပိုဆော့ချင်ပါတယ်။ ငယ်ငယ်ကတည်းက PS နဲ့ပဲရင်းနှီးခဲ့ရလို့ပဲ ပြောရမလား XBox Console ဘယ်လောက်ကောင်းတယ်ပြောပြော ဘာခံစားတခုမှ မရပါဘူး။ ယုတ်စွအဆုံး ဓာတ်ခဲထည့်သုံးနေရတဲ့ Controller ကိုင်ရတာကိုက ဘဝင်မကျဖြစ်နေလို့ PlayStation ကို ပိုကြွေပါတယ်။

Photo: Cbsistatic

အခုလည်း E3 ဂိမ်းပွဲကြီး ကျင်းပတော့မှာဆိုတော့ တကယ့် Big Title ဂိမ်းတွေကို မြင်ရပါတော့မယ်၊ ကျနော်ကတော့ Cyberpunk 2077 နဲ့ Hideo Kojima ရဲ့ Death Stradnig လေးလာစေချင်တယ်။ Microsoft ကလည်း Next Generation “Console” အသစ်ကို Tease လုပ်နေပြီး Gears of Wars 5 နဲ့ တခြားဂိမ်းလေးမျိုးကို Exclusive ပေးမယ်လို့ သိနေရပါတယ်။

Photo: Microsoft

အဲ့ဒီမှာ ကံမကောင်းစွာနဲ့ပဲ Sony မပါဘူးလို့ အတည်ပြုထားပြီဖြစ်လို့ ဘာမှကို မျှော်လင့်လို့မရတော့ပါဘူး။ ဒါပေမယ့် PlayStation 5 ထွက်လာမယ့်ရက်နဲ့ ပါဝင်လာမယ့် အားသာချက် ၈ မျိုးကို ကျနော်တို့ အမြည်းသဘော အနေနဲ့သိထားရပါပြီ။ ရောင်းဈေးကလည်း ဒေါ်လာ ၄၉၉ ကျသင့်မှာဆိုတော့ ဒေါ်လာ ၃,၀၀၀ နားကပ်နေတဲ့ 4K Gaming PC တွေထက် Reasonable ဖြစ်တယ်လို့ ပြောရမှာပါ။

အဲ့သလို ဆွဲဆောင်မှုရှိနေတာကို PS5 မှာ 8K Resolution ၊ 3D Audio နဲ့ PS1 အထိ Backward Compatible ဖြစ်တယ်ဆိုတော့ ကြွေရပြီလေး။ ဒီလောက် သိနေရတာကို Sony ကိုယ်တိုင်က အားမရသေးဘူးထင်ပါတယ်၊ Marvel’s Spider-man ကို PS4 Pro နဲ့ PS5 ယှဉ်ထားတဲ့ Demo Play နဲ့ ယှဉ်ပြလိုက်ပါတယ်။ SSD ပါဝင်လာမယ်လို့ သိထားရတဲ့အတိုင်း Loading Time က မတရားမြန်လွန်းပြီး PS5 မှာ စက္ကန့်ပိုင်းတောင် မကြာပါဘူး။

ဒီလိုပဲ New York မြို့ထဲ Run ပြတဲ့အခါမှာဆိုရင်လည်း Dynamic Map Loading က PS5 မှာ Smooth ဖြစ်လွန်းပြီး PS4 Pro မှာတော့ နှေးကွေးတဲ့ HDD ကြေင့် စက္ကန့်ပိုင်းလောက် Freeze ဖြစ်နေခဲ့ပါတယ်။ ဒါဆိုရင်တော့ 8K Resolution ကိုယ်တွယ်နိုင်ဖို့ စွမ်းအင်အလုံလောက်ရှိနေပြီလို့ သုံးသပ်ရမှာပါ။ အဲ့ဒါထက် PlayStation အားနည်းချက်ဖြစ်နေတဲ့ Cloud Gaming Feature သစ်ပါဝင်လာမှာဖြစ်ပါတယ်။

ထပ်ပြီး PS5 မှာ Blu-ray Drive ပါဝင်ဦးမှာဖြစ်ပြီး Download ဆွဲနိုင်မှာဖြစ်သလို Streaming လုပ်နိုင်ဦးမယ်ဆိုပါတယ်။ Sony အရတော့ Disc Support ထည့်ပေးထားဦးမှာဖြစ်ပြီး ကောင်းသတင်းမွေးပျံ့နှေတဲ့ PlayStation 5 ကိုလည်း တွေ့ရဖို့သိပ်မလိုတော့ပါဘူး။

Source: The Verge
2B (Akhayar)
www.akhayar.com