Sony ဟာ လက်ရှိစမတ်ဖုန်းတွေအတော်များများအတွက် Image Sensor တွေကို ထောက်ပံ့နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာ Sony ကနေ စမတ်ဖုန်းတွေအတွက် ကင်မရာပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ယူဆောင်ပေးလာနိုင်တဲ့ Image Sensor တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

Sony Image Sensor

Sony ရဲ့ ယခု မိတ်ဆက်လိုက်တဲ့ Image Sensor နာမည်ကိုတော့ Sony IMX 586 လို့နာမည်ပေးထားပြီးတော့ Stacked CMOS Image Sensor အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Sensor ဟာ လက်ရှိစမတ်ဖုန်းတွေထဲမှာ Pixel Size အသေးငယ်ဆုံးလည်း ဖြစ်လာမှာဖြစ်ပြီးတော့ Pixel Size က 0.8 μm ပဲရှိမှာဖြစ်ပါတယ်။ အခုလိုမျိုး Pixel Size သေးငယ်တာကြောင့်လည်း လက်ရှိ စမတ်ဖုန်း Image Sensor တွေထဲမှာ အကြီးမားဆုံးဖြစ်လာတဲ့ 48 Megapixels ကို ထည့်သွင်းလာခဲ့တာပဲဖြစ်ပါတယ်။

Sony IMX 586

Sony ကတော့ အခုထုတ်လုပ်လိုက်တဲ့ IMX 586 Image Sensor က လက်ရှိ အကောင်းဆုံးသော High Performance SLR Camera တွေနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီးတော့ စမတ်ဖုန်းတစ်ခုကနေ Hi-Res ဓါတ်ပုံတွေကို ရိုက်ကူးနိုင်တော့မှာဖြစ်ပါတယ်။

Sony IMX 586

Sony IMX 586 Sensor ဟာ Quad Bayer Color Filter Array နည်းပညာကို အသုံးပြုထားတာဖြစ်ပြီး Pixel တွေကို 2×2 Pixels အနေနဲ့ ပြုလုပ်ထားတဲ့အတွက် High Sensitivity ဓါတ်ပုံတွေရိုက်ကူးတဲ့နေရာမှာ ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိမှာလည်း ဖြစ်ပါတယ်။ အခု နည်းပညာအပြင် Low Light ဓါတ်ပုံတွေကို ရိုက်ကူးတဲ့အချိန်မှာ နောက်ထပ် Adjustment Pixel ၄ ခုကိုပါ ထပ်မံပေါင်းစပ်ပေးတဲ့အတွက် 12 Megapixels ကင်မရာတစ်ခုကနေ ရိုက်ကူးသလိုမျိုး အလင်းရောင်ကောင်းကောင်းရတဲ့ Low Light ပုံတွေကို ရရှိစေမှာပါ။

Sony ရဲ့ ပြောကြားချက်အရ အခု IMX 586 Image Sensor ကို လာမယ့် စက်တင်ဘာလမှာ စတင် တင်ပို့သွားမှာဖြစ်ပြီးတော့ ဘယ်စမတ်ဖုန်းက အခု Sensor ကို အရင်ဆုံးအသုံးပြုလာမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]