DSLR ကင်မရာတစ်ခုနီးပါး ISO Levels တွေရရှိလာမယ့် Sony ရဲ့ Dual Camera နည်းပညာ





Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအားလုံးနီးပါး Dual Camera စနစ်ကို အသုံးပြုလာကြတာဖြစ်ပါတယ်။ ဒါပေမယ့် Sony ဟာ Sony Xperia စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Xperia XZ2 နဲ့ XZ2 Compact ဖုန်းတွေကို အခုနှစ် MWC 2018 မှာ ပြသသွားခဲ့ပေမယ့်လည်း Dual Camera တွေပါဝင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့် Sony ဟာ နောက်ပိုင်းမှာ အသုံးပြုလာမယ့် Dual Camera နည်းပညာတွေအကြောင်းကိုတော့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အခုပြောကြားချက်အရ Sony ဟာ Fusion Image Signal Processor လို့ နာမည်ပေးထားတဲ့နည်းပညာတစ်ခုကိုဆောင်ရွက်နေပြီးတော့ အဆိုပါ နည်းပညာက လက်ရှိစမတ်ဖုန်းတွေအားလုံးထက်ပိုပြီး သိသိသာသာကိုပြောင်းလဲသွားစေနိုင်တဲ့ နည်းပညာတစ်ခုလို့ပြောလို့ရပါတယ်။

ဘာဖြစ်လို့ ပြောင်းလဲသွားစေနိုင်သလဲဆိုရင် အဆိုပါ Fusion Image Signal Processor ဟာ အလင်းရောင်အလွန်နည်းပါးတဲ့အခြေအနေတွေကို အဓိကရိုက်ကူးနိုင်ဖို့ ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Sony ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Dual Camera တွေဟာ ဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာ ISO 51200 နဲ့ ဗီဒီယိုရိုက်ကူးတဲ့အချိန်မှာ ISO 12800 အထိ ရရှိနိုင်မယ်လို့ သိရပါတယ်။

အခုလိုမျိုး စမတ်ဖုန်းကင်မရာတွေမှာ ISO ကို ဒီလိုမျိုး အများကြီးရိုက်ကူးလာနိုင်တယ်ဆိုတာက DSLR ကင်မရာတစ်ခုနီးပါးဖြစ်သွားတယ်လို့ ပြောနိုင်ပေမယ့် အခုလိုမျိုး ISO Level ဟာ ဓါတ်ပုံတွေကိုရော ပုံမှန်ထက် Noise တွေ ပိုပြီးပါလာမလားဆိုတာကတော့ တကယ်ထွက်လာမှပဲသိနိုင်မှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com