ယခင္ႏွစ္ေတြတုန္းက Sony Xperia Z Series လုိမ်ိဳး ဖုန္းေတြက အေကာင္းဆံုးေသာ Flagship ဖုန္းေတြထဲမွာ တစ္ခုအပါအဝင္အျဖစ္သတ္မွတ္ခံထားရတဲ့ စမတ္ဖုန္းေတြျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္ေတြၾကာျပီးေနာက္ပုိင္း စမတ္ဖုန္းေလာကထဲမွာ ေျပာင္းလဲမႈ၊ တုိးတက္မႈေတြအမ်ားအျပားျဖစ္ပြားခဲ့ျပီးတဲ့အခ်ိန္မွာေတာ့ Sony ဟာ စမတ္ဖုန္းေလာကမွာ ဆက္ရွိေနႏုိင္ပါ့မလားဆိုတာက ေမးခြန္းထုတ္စရာတစ္ခုျဖစ္လာပါျပီ။

Sony Xperia XZ2 Compact

ဘာေၾကာင့္လဲဆိုရင္ လက္ရွိေနာက္ဆံုးထြက္ရွိလာတဲ့ ေစ်းကြက္ Report ေတြအရ Sony ဟာ လက္ရွိ Mobile ေစ်းကြက္မွာ မႏွစ္ကထက္ေတာင္ ထက္ဝက္ေလာက္ေနရာက်ံဳ႕သြားျပန္တာေၾကာင့္ပဲျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ၂၀၁၈ ဇူလုိင္လအျပီး ဒီႏွစ္အတြက္ ဒုတိယသံုးလပတ္အထိ ေရာင္းခ်ထားရတဲ့ Sony Xperia စမတ္ဖုန္းအေရအတြက္က ၂ သန္းပဲရွိခဲ့ပါတယ္။ IDC Report အရ ဒုတိလသံုးလပတ္အခ်ိန္အထိ စုစုေပါင္း စမတ္ဖုန္း ၃၄၂ သန္းတင္ပို႔ေရာင္းခ်ထားရတဲ့အထဲမွာ Sony ဖုန္းေတြက ၂ သန္းပဲ ေရာင္းခ်ခဲ့ရတာပါ။

အခုလုိမ်ိဳး စမတ္ဖုန္းအလံုးေရ ၂ သန္းပဲေရာင္းခ်ထားရတာက မႏွစ္ကနဲ႔ယွဥ္ရင္ေတာင္ အလံုးေရ ၁.၄ သန္းပိုျပီး ေလ်ာ႔နည္းသြားတာျဖစ္ျပီးေတာ့ Sony အေနနဲ႔ ရုပ္ပ်က္ဆင္းပ်က္ကို ျဖစ္ေနျပီျဖစ္ပါတယ္။ ယခင္တုန္းက ေအာင္ျမင္ခဲ့တဲ့ Sony က အခုအခ်ိန္မွာေတာ့ ႏႈိင္းယွဥ္မရေတာ့ေအာင္ ေရာင္းအားက်ဆင္းသြားတာပါ။

Sony Xperia XZ2

ျပီးခဲ့ ၂၀၁၇ ခုႏွစ္မွာေတာ့ Sony ကေန စမတ္ဖုန္းအလံုးေရ ၁၃.၅ သန္း ေရာင္းခ်ထားရျပီးေတာ့ အခုႏွစ္ကိုေတာ့ ျပီးခဲ့တဲ့ ဧျပီလတုန္းက အလံုးေရ ၁၀ သန္းေရာင္းခ်မယ္လုိ႔ ခန္႔မွန္းထားတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုလိုေရာင္းအားက်ဆင္းတာေတြေၾကာင့္ ခန္႔မွန္းေရာင္းအားက ၉ သန္းကို က်ဆင္းသြားျပီျဖစ္ျပီးေတာ့ ဒါကလည္း အခုလုိဆက္ျပီး ေရာင္းအားက်ေနရင္ ျပည့္မီဖုိ႔ မလြယ္တဲ့ ပမာဏတစ္ခုျဖစ္ေနဦးမွာပါ။

Sony Xperia XZ2 Premium

ခန္႔မွန္းသူေတြကေတာ့ Sony ဟာ ဒီႏွစ္မွာ စမတ္ဖုန္းေတြေရာင္းခ်ရမႈကေန ဝင္ေငြ ဂ်ပန္ယန္းေငြ ၆၁၀ ဘီလီယံ (ေဒၚလာ ၅.၄၉ ဘီလီယံ) ဝန္းက်င္ပဲ ရွိမယ္လို႔ ယူဆထားျပီး ဒါေတြက Sony Mobile Division အတြက္ေတာ့ ေအာက္ကိုစိုက္ဆင္းေနတဲ့ ရလဒ္ေတြပါ။ ကမၻာ႔စမတ္ဖုန္းေရာင္းခ်ရမႈအနည္းဆံုးေသာ ေနရာကို HTC နဲ႔ေတာင္ လွရဖို႔ရွိေနပါတယ္။

Sony Xperia XZ2

အခုလုိမ်ိဳး Sony စမတ္ဖုန္းေတြေရာင္းအားက်ဆင္းေနတာက အဓိကအေနနဲ႔ ဒီဇိုင္းပိုင္းအရ ေခတ္နဲ႔ အမွီမလုိက္ႏုိင္ေတာ့ပဲ ကင္မရာပိုင္း၊ ဒီဇုိင္းပိုင္းေတြမွာ ေနာက္ေကာက္က်က်န္ေနခဲ့တာ၊ Display ပိုင္းမွာလည္း 4K Display ေတြကုိအသံုးျပဳေနေပမယ့္ OLED Display လုိမ်ိဳး နည္းပညာအသစ္ေတြကို အသံုးမျပဳတာေတြေၾကာင့္ျဖစ္မယ္လုိ႔ယူဆရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ယခင်နှစ်တွေတုန်းက Sony Xperia Z Series လိုမျိုး ဖုန်းတွေက အကောင်းဆုံးသော Flagship ဖုန်းတွေထဲမှာ တစ်ခုအပါအဝင်အဖြစ်သတ်မှတ်ခံထားရတဲ့ စမတ်ဖုန်းတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်တွေကြာပြီးနောက်ပိုင်း စမတ်ဖုန်းလောကထဲမှာ ပြောင်းလဲမှု၊ တိုးတက်မှုတွေအများအပြားဖြစ်ပွားခဲ့ပြီးတဲ့အချိန်မှာတော့ Sony ဟာ စမတ်ဖုန်းလောကမှာ ဆက်ရှိနေနိုင်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာတစ်ခုဖြစ်လာပါပြီ။

Sony Xperia XZ2 Compact

ဘာကြောင့်လဲဆိုရင် လက်ရှိနောက်ဆုံးထွက်ရှိလာတဲ့ ဈေးကွက် Report တွေအရ Sony ဟာ လက်ရှိ Mobile ဈေးကွက်မှာ မနှစ်ကထက်တောင် ထက်ဝက်လောက်နေရာကျုံ့သွားပြန်တာကြောင့်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ဇူလိုင်လအပြီး ဒီနှစ်အတွက် ဒုတိယသုံးလပတ်အထိ ရောင်းချထားရတဲ့ Sony Xperia စမတ်ဖုန်းအရေအတွက်က ၂ သန်းပဲရှိခဲ့ပါတယ်။ IDC Report အရ ဒုတိလသုံးလပတ်အချိန်အထိ စုစုပေါင်း စမတ်ဖုန်း ၃၄၂ သန်းတင်ပို့ရောင်းချထားရတဲ့အထဲမှာ Sony ဖုန်းတွေက ၂ သန်းပဲ ရောင်းချခဲ့ရတာပါ။

အခုလိုမျိုး စမတ်ဖုန်းအလုံးရေ ၂ သန်းပဲရောင်းချထားရတာက မနှစ်ကနဲ့ယှဉ်ရင်တောင် အလုံးရေ ၁.၄ သန်းပိုပြီး လျော့နည်းသွားတာဖြစ်ပြီးတော့ Sony အနေနဲ့ ရုပ်ပျက်ဆင်းပျက်ကို ဖြစ်နေပြီဖြစ်ပါတယ်။ ယခင်တုန်းက အောင်မြင်ခဲ့တဲ့ Sony က အခုအချိန်မှာတော့ နှိုင်းယှဉ်မရတော့အောင် ရောင်းအားကျဆင်းသွားတာပါ။

Sony Xperia XZ2

ပြီးခဲ့ ၂၀၁၇ ခုနှစ်မှာတော့ Sony ကနေ စမတ်ဖုန်းအလုံးရေ ၁၃.၅ သန်း ရောင်းချထားရပြီးတော့ အခုနှစ်ကိုတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက အလုံးရေ ၁၀ သန်းရောင်းချမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုရောင်းအားကျဆင်းတာတွေကြောင့် ခန့်မှန်းရောင်းအားက ၉ သန်းကို ကျဆင်းသွားပြီဖြစ်ပြီးတော့ ဒါကလည်း အခုလိုဆက်ပြီး ရောင်းအားကျနေရင် ပြည့်မီဖို့ မလွယ်တဲ့ ပမာဏတစ်ခုဖြစ်နေဦးမှာပါ။

Sony Xperia XZ2 Premium

ခန့်မှန်းသူတွေကတော့ Sony ဟာ ဒီနှစ်မှာ စမတ်ဖုန်းတွေရောင်းချရမှုကနေ ဝင်ငွေ ဂျပန်ယန်းငွေ ၆၁၀ ဘီလီယံ (ဒေါ်လာ ၅.၄၉ ဘီလီယံ) ဝန်းကျင်ပဲ ရှိမယ်လို့ ယူဆထားပြီး ဒါတွေက Sony Mobile Division အတွက်တော့ အောက်ကိုစိုက်ဆင်းနေတဲ့ ရလဒ်တွေပါ။ ကမ္ဘာ့စမတ်ဖုန်းရောင်းချရမှုအနည်းဆုံးသော နေရာကို HTC နဲ့တောင် လှရဖို့ရှိနေပါတယ်။

Sony Xperia XZ2

အခုလိုမျိုး Sony စမတ်ဖုန်းတွေရောင်းအားကျဆင်းနေတာက အဓိကအနေနဲ့ ဒီဇိုင်းပိုင်းအရ ခေတ်နဲ့ အမှီမလိုက်နိုင်တော့ပဲ ကင်မရာပိုင်း၊ ဒီဇိုင်းပိုင်းတွေမှာ နောက်ကောက်ကျကျန်နေခဲ့တာ၊ Display ပိုင်းမှာလည်း 4K Display တွေကိုအသုံးပြုနေပေမယ့် OLED Display လိုမျိုး နည်းပညာအသစ်တွေကို အသုံးမပြုတာတွေကြောင့်ဖြစ်မယ်လို့ယူဆရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com