[Zawgyi] 

Sony Mobile ကေတာ့ အားၿပိဳင္ေနတဲ့ ပရိသတ္ ႏွစ္မ်ိဳးၾကားမွာ အ႐ႈံးေပၚေနပါတယ္။ Sony ဖုန္းေတြကို အရင္ကတည္းက သေဘာက်လို႔ အခုထိ သံုးေနတဲ့ အမာခံပရိသတ္ရွိသလို တျခားဖုန္းေတြရဲ႕ Design နဲ႔ Feature ေတြကို Sony ဖုန္းေတြနဲ႔ ယွဥ္ၿပီး Sony ကို အားမရ၊ မေက်နပ္ဘဲ အပစ္ေျပာေနတဲ့ပရိသတ္ႀကီးလည္း ရွိေနပါတယ္။ 

PlayStation

တစ္ႏွစ္ၿပီးတစ္ႏွစ္ အ႐ႈံးေပၚလာတာ အခုဆိုရင္ ဆံုး႐ႈံးတဲ့ ေငြေၾကးပမာဏက Gaming ဝင္ေငြထက္ မ်ားေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Sony ရဲ႕ ေအာင္ျမင္တဲ့အပိုင္းျဖစ္တဲ့ Gaming ပိုင္းကေတာ့ တစ္ႏွစ္ထက္တစ္ႏွစ္ ဝင္ေငြရွာႏိုင္လာတာ $317 Million အထိရလာပါၿပီ။ မၾကာေသးခင္ကလည္း Sony က ကုမၸဏီရဲ႕ ၂၀၁၈ အျမတ္အရႈံးစာရင္းကို ထုတ္ျပန္ထားတာျဖစ္ၿပီး PlayStation နဲ႔ပတ္သက္တာေတြက ဝင္ေငြပိုမ်ားေနတာကို ေတြ႕ရပါတယ္။ Sony အတြက္ေတာ့ Gaming ပိုင္းက ကုမၸဏီ အဒြန္႔ွရွည္ဖို႔အတြက္ အားကိုးရမယ့္ အပိုင္းတစ္ခုအျဖစ္ ရွိေနမွာပါ။ 

Sony Xperia X

Mobile Division မွာ $480 Million အထိ  အ႐ႈံးေပၚခဲ့တာက ဒုတိယ သံုးလပတ္ (ေအပရယ္၊ ေမ၊ ဂၽြန္) မွာလို႔ သိရပါတယ္။ Sony အတြက္ေတာ့ Mobile Division က ဝင္ေငြရွာမေပးႏိုင္ဘဲ ေသေနတဲ့အပိုင္းတစ္ခုလို ျဖစ္ေနပါၿပီ။ ဒါေပမယ့္ အခုလို အ႐ႈံးေပၚေနလည္း Sony ကေတာ့ Mobile နဲ႔ပတ္သက္လို႔ ရပ္ပစ္မယ့္ အစီအစဥ္တစ္ခုမွရွိပံုမေပၚပါဘူး။ ကုမၸဏီအတြက္ ခက္ခဲတဲ့ဆံုးျဖတ္ခ်က္ေတြ ခ်စရာမလိုခင္အထိေတာ့ အ႐ံႈးခံၿပီးေတာ့ကို Mobile Division အတြက္ ဆက္လုပ္ေနဦးမယ္လို႔ ယူဆရပါတယ္။ 

Sony Xperia XZ Premium

အခ်ဳပ္ျပန္စဥ္းစားစရာတစ္ခုကေတာ့ Sony ရဲ႕ Mobile Division က ဘာလို႔ အခုလို ဆက္တိုက္လိုိုလို အ႐ွံးေပၚေနသလဲဆိုတဲ့အခ်က္ပါ။ ေစ်းကြက္မွာ တကယ္စစ္တမ္းေကာက္ၾကည့္ရင္ေတာ့ Sony ကထုတ္တဲ့ဖုန္းေတြကို Sony ရဲ႕ အမာခံပရိသတ္ကလြဲၿပီး ဝယ္တဲ့သူသိပ္မရွိတာပါ။ ေနာက္တစ္ခ်က္အေနနဲ႔ေတာ့ သာမန္ပရိသတ္အေနနဲ႔လည္း Sony က ဖုန္းေတြထုတ္တယ္ဆိုတာကို မသိၾကသလို စိတ္ဝင္စားမႈလည္း နည္းၾကတာေၾကာင့္လို႔သိရပါတယ္။ Sony ရဲ႕ ထုတ္ကုန္ Design ေတြက သူ႔ဟာနဲ႔သူ တစ္သမွတ္တည္းရွိေနတာေၾကာင့္ အေျပာင္းအလဲခဏခဏျဖစ္တာကို သေဘာက်တဲ့ ပရိသတ္အတြက္လည္း Sony ရဲ႕ ဖုန္းေတြက မဆြဲေဆာင္ႏိုင္ပါဘူး။ ေနာက္ ဘယ္ေလာက္အထိ Sony Mobile က ရွိေနဦးမလဲဆိုတာ သိပ္စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ 

Ref: Android Authority 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Gaming ဖက္မွာဝင္ေငြေကာင္းသေလာက္ Mobile ဖက္မွာ အ႐ႈံးေပၚေနတဲ့ Sony

Sony Mobile ကတော့ အားပြိုင်နေတဲ့ ပရိသတ် နှစ်မျိုးကြားမှာ အရှုံးပေါ်နေပါတယ်။ Sony ဖုန်းတွေကို အရင်ကတည်းက သဘောကျလို့ အခုထိ သုံးနေတဲ့ အမာခံပရိသတ်ရှိသလို တခြားဖုန်းတွေရဲ့ Design နဲ့ Feature တွေကို Sony ဖုန်းတွေနဲ့ ယှဉ်ပြီး Sony ကို အားမရ၊ မကျေနပ်ဘဲ အပစ်ပြောနေတဲ့ပရိသတ်ကြီးလည်း ရှိနေပါတယ်။ 

PlayStation

တစ်နှစ်ပြီးတစ်နှစ် အရှုံးပေါ်လာတာ အခုဆိုရင် ဆုံးရှုံးတဲ့ ငွေကြေးပမာဏက Gaming ဝင်ငွေထက် များနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် Sony ရဲ့ အောင်မြင်တဲ့အပိုင်းဖြစ်တဲ့ Gaming ပိုင်းကတော့ တစ်နှစ်ထက်တစ်နှစ် ဝင်ငွေရှာနိုင်လာတာ $317 Million အထိရလာပါပြီ။ မကြာသေးခင်ကလည်း Sony က ကုမ္ပဏီရဲ့ ၂၀၁၈ အမြတ်အရှုံးစာရင်းကို ထုတ်ပြန်ထားတာဖြစ်ပြီး PlayStation နဲ့ပတ်သက်တာတွေက ဝင်ငွေပိုများနေတာကို တွေ့ရပါတယ်။ Sony အတွက်တော့ Gaming ပိုင်းက ကုမ္ပဏီ အဒွန့်ှရှည်ဖို့အတွက် အားကိုးရမယ့် အပိုင်းတစ်ခုအဖြစ် ရှိနေမှာပါ။ 

Sony Xperia X

Mobile Division မှာ $480 Million အထိ  အရှုံးပေါ်ခဲ့တာက ဒုတိယ သုံးလပတ် (အေပရယ်၊ မေ၊ ဂျွန်) မှာလို့ သိရပါတယ်။ Sony အတွက်တော့ Mobile Division က ဝင်ငွေရှာမပေးနိုင်ဘဲ သေနေတဲ့အပိုင်းတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် အခုလို အရှုံးပေါ်နေလည်း Sony ကတော့ Mobile နဲ့ပတ်သက်လို့ ရပ်ပစ်မယ့် အစီအစဉ်တစ်ခုမှရှိပုံမပေါ်ပါဘူး။ ကုမ္ပဏီအတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချစရာမလိုခင်အထိတော့ အရှုံးခံပြီးတော့ကို Mobile Division အတွက် ဆက်လုပ်နေဦးမယ်လို့ ယူဆရပါတယ်။ 

Sony Xperia XZ Premium

အချုပ်ပြန်စဉ်းစားစရာတစ်ခုကတော့ Sony ရဲ့ Mobile Division က ဘာလို့ အခုလို ဆက်တိုက်လိုလို အရှံးပေါ်နေသလဲဆိုတဲ့အချက်ပါ။ ဈေးကွက်မှာ တကယ်စစ်တမ်းကောက်ကြည့်ရင်တော့ Sony ကထုတ်တဲ့ဖုန်းတွေကို Sony ရဲ့ အမာခံပရိသတ်ကလွဲပြီး ဝယ်တဲ့သူသိပ်မရှိတာပါ။ နောက်တစ်ချက်အနေနဲ့တော့ သာမန်ပရိသတ်အနေနဲ့လည်း Sony က ဖုန်းတွေထုတ်တယ်ဆိုတာကို မသိကြသလို စိတ်ဝင်စားမှုလည်း နည်းကြတာကြောင့်လို့သိရပါတယ်။ Sony ရဲ့ ထုတ်ကုန် Design တွေက သူ့ဟာနဲ့သူ တစ်သမှတ်တည်းရှိနေတာကြောင့် အပြောင်းအလဲခဏခဏဖြစ်တာကို သဘောကျတဲ့ ပရိသတ်အတွက်လည်း Sony ရဲ့ ဖုန်းတွေက မဆွဲဆောင်နိုင်ပါဘူး။ နောက် ဘယ်လောက်အထိ Sony Mobile က ရှိနေဦးမလဲဆိုတာ သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

Ref: Android Authority 

Min Than Htike (Akhayar)

www.akhayar.com