[Zawgyi]

Xperia XZ2 ၊ Xperia XZ2 ကို Sony မိတ္ဆက္

Xperia Flagship Line ထဲမွာ Design ေျပာင္းလဲမႈရွိလာတဲ့ Sony Xperia XZ2 ႏွင့္ XZ2 Compact ကို MWC မွာ Sony ကထုတ္ျပလိုက္ၿပီပဲျဖစ္ပါတယ္။ Xperia XZ2 ႏွင့္ XZ2 Compact ကေတာ့ Camera, Display ႏွင့္ Design ပိုင္းမွာသိသာတဲ့တိုးတက္ေျပာင္းလဲမႈေတြကိုသယ္ေဆာင္လာတာပဲျဖစ္ပါတယ္။

-Camera

19MP Motion Eye Camera ေတြတပ္ဆင္ေပးထားပါတယ္။ F2.0 ရွိတဲ့ Sony G Lens ေတြျဖစ္ၿပီးေတာ့ x8 Digital Zoom ႏွင့္ 960 FPS Slow Motion Video Record တို႔ပိုမိုေကာင္းမြန္လာပါတယ္။ 960 Frame Per Second Slow Motion Video ကိုအရင္က 720p HD မွာပဲ႐ိုက္လို႔ရခဲ့ေပမယ့္ အခုေတာ့ 1080p FullHD ႏွင့္႐ိုက္ႏိုင္လာတာပါ။ Sony ကပထမဦးဆံုးအေနနဲ႔ Xperia ဖုန္းေတြမွာ 4K HDR Video Recording လုပ္လို႔ရလာေအာင္လုပ္ေပးထားတာပါ။ 5 Axis OIS လည္းပါတာေၾကာင့္ Videio ေရာ Photo ႐ိုက္တဲ့အခ်ိန္မွာ အေထာက္အကူျဖစ္ေစပါတယ္။ XZ2 ႏွင့္ XZ2 Compact ေတြမွာ Front Camera အေနနဲ႔ေတာ့ F2.2 ရွိတဲ့ 5MP Sensor ပါဝင္တဲ့ Exmor RS Wide Angle Lens ကိုတပ္ဆင္ေပးထားပါတယ္။

-Display 

Xperia XZ2 ႏွင့္ XZ2 Compact မွာပါ 2160×1080 Resolution ရွိတဲ့ 18:9 Ratio Display ကိုသံုးေပးထားတာပဲျဖစ္ပါတယ္။ ဖုန္းႏွစ္လံုးက Size ကြာေပမယ့္ အရည္အေသြးပိုင္းမွာ ေလ ွ်ာ့မထားတာကိုေတြ႕ရပါတယ္။ XZ2 ရဲ႕ Display က 5.7 Inch ျဖစ္ၿပီးေတာ့ XZ2 Compact ရဲ႕ Display ကေတာ့ 5 Inch ျဖစ္ပါတယ္။ XZ2 Compact ကအျခား 5 Inch Phone ေတြထက္ပိုစိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။ XZ2 Compact ကအခုေလာေလာဆယ္မွာ တစ္ခုတည္းေသာ 5 Inch 18:9 Ratio ရွိတဲ့ Display ပါတဲ့ Flagship Phone ျဖစ္ေနလို႔ပါပဲ။

-Design 

Sony ကသူတို႔ဖုန္းေတြရဲ႕ Design နဲ႔ပတ္သက္လို႔ျမင္သာတဲ့ေျပာင္းလဲမႈလုပ္တာ အခုမွစတယ္လို႔ေျပာရမွာပါပဲ။ Xperia ဖုန္းေတြကို သင္အၿမဲမကြဲျပားတဲ့ Design နဲ႔ပဲေတြ႔ေနတာ ႏွစ္ေတြၾကာေနပါၿပီ။ Xperia XZ2 ကေတာ့ သင္ေမ ွ်ာ္လင့္ထားတဲ့အတိုင္း Design အသစ္ေလးေတြေတြကိုသယ္ေဆာင္လာပါတယ္။ အရင္ကသင္ေတြ႕ေနက် Sony ဖုန္းျပားျပားႀကီးေတြမဟုတ္ေတာ့ပဲ ေနာက္ဖက္ျခမ္းကို သင့္လက္နဲ႔ထပ္တူက်ေစဖို႔ ခံုးေပးထားပါတယ္။ Sony ကေတာ့ XZ2 Phone ေတြရဲ႕ေနာက္ Cover ကို 3D Glass လို႔နာမည္ေပးထားပါတယ္။ Sony ကေတာ့ဖုန္းတစ္လံုးကို လွပမႈဆိုတာထက္ အသံုးျပဳတဲ့အခ်ိန္မွာ သက္ေတာင့္သက္သာရွိေစဖို႔ကိုပိုအသားေပးထားပါတယ္။ Fingerprint Scanner ကိုေတာ့ ဖုန္းရဲ႕ေက်ာဖက္မွာပဲတပ္ဆင္ေပးထားပါတယ္။

-Stereo Speakers

Sony ကသူတို႔ဖုန္းေတြမွာ အဓိကအပိုင္းလိုျဖစ္ေနတဲ့ Dual Speaker ေတြကိုေနာက္တစ္ဆင့္ထပ္ႁမွင့္တင္ေပးလုိက္ပါၿပီ။ Stereo Speaker ေတြအတြက္ Vibration ကိုပါထုတ္ေပးဖို႔အတြက္ S-Force လို႔ေခၚတဲ့ Vibrating Unit ႏွစ္ခုပိုပါလာပါတယ္။ Surround Sound ကိုပိုမိုေကာင္းမြန္စြာနားေထာင္ႏိုင္မယ့္အျပင္ ႐ုပ္ရွင္ထဲက ဗံုးေပါက္ကြဲသံလိုမ်ိဳး ျပင္းထန္တဲ့အသံေတြမွာဆိုရင္ ဖုန္းမွာတုန္ခါမႈကိုပါခံစားရမွာပါ။ ဒီတုန္ခါမႈေတြအတြက္လည္း ဘယ္ညာႏွစ္ဖက္ပဲျဖစ္ပါတယ္။ အသံပိုင္းအတြက္ အျခား Feature ေတြအေနနဲ႔လည္း LDAC ႏွင့္ ClearAudio+ တို႔ပါဝင္လာပါေသးတယ္။ LDAC ကေတာ့ Bluetooth Streaming မွာအသံုးဝင္မွာျဖစ္ၿပီး ၾကည္လင္ျပတ္သားမႈကိုပိုေကာင္းေအာင္လုပ္ေပးမွာကေတာ့ ClearAudio+ ပဲျဖစ္ပါတယ္။ DSEE HX ဆိုတဲ့ Feature ကေတာ့ သင့္ဖုန္းထဲကသီခ်င္းေတြက MP3 လိုမ်ိဳးသာမွန္ Compress လုပ္ထားတဲ့ File ေတြျဖစ္ေနရင္ေတာင္ High Quality ျဖစ္ေအာင္လုပ္ေပးမယ့္ Feature ျဖစ္ပါတယ္။ DSEE HX ေၾကာင့္ MP3 လိုအသံအရည္အေသြးညံ့တဲ့ Audio File ေတြကို သင္နားေထာင္တိုင္း Stiudo ကအသံနီးပါးေျပာင္းေပးႏိုင္မယ္လို႔ Sony ကဆိုပါတယ္။ ဒါေတြကေတာ့ IEM တစ္ခုခုနဲ႔နားေထာင္မွပဲသိသာမွာပါ။

-3.5mm Headphone Port

XZ2 ႏွင့္ XZ2 Compact ေတြမွာ 3.5mm Headphone Port မပါလာေတာ့ပါဘူး။ USB-C to 3.5mm Headphone Port အတြက္ Dongle ေလးထည့္ေပးထားမွာျဖစ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားက Sony ကို 3.5mm Headphone Port ျဖဳတ္မယ္လို႔ေမ ွ်ာ္လင့္မထားေပးမယ့္ Sony ကေတာ့ ျဖဳတ္ပစ္ခဲ့ပါတယ္။

-Specs 

Qualcomm Snapdragon 845 SoC ၊ 4GB RAM ၊ 64GB UFS ႏွင့္အတူ SD Card Support အေနနဲ႔ 400GB အထိထည့္သြင္းအသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ Android Oreo 8.0 နဲ႔ပဲလာမွာျဖစ္ပါတယ္။ Battery အေနနဲ႔ေတာ့ XZ2 မွာ 3180mAh ရွိမွာျဖစ္ၿပီး XZ2 Compat မွာေတာ့ 2870mAh ရွိမွာျဖစ္ပါတယ္။

Xperia XZ2 ကိုေတာ့ ျပည္တြင္းမွာမၾကာခင္ ဝယ္ယူရရွိႏိုင္မွာျဖစ္ေပမယ့္ XZ2 Compact ကိုေတာ့ ျပည္တြင္းမွာဝယ္ယူရရွိႏိုင္ဖို႔သိပ္မေသျခာပဘူး။ ေရာင္းခ်မယ့္ေစ်းေတြကိုေတာ့ Sony ကထုတ္ျပန္ထားျခင္းမရွိေသးပါဘူး။ သင္ေရာ Sony ဖုန္းအသစ္ေတြကိုသေဘာက်ရဲ႕လား။

Ref: Sony Mobile

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Xperia XZ2 ၊ Xperia XZ2 ကို Sony မိတ်ဆက်

Xperia Flagship Line ထဲမှာ Design ပြောင်းလဲမှုရှိလာတဲ့ Sony Xperia XZ2 နှင့် XZ2 Compact ကို MWC မှာ Sony ကထုတ်ပြလိုက်ပြီပဲဖြစ်ပါတယ်။ Xperia XZ2 နှင့် XZ2 Compact ကတော့ Camera, Display နှင့် Design ပိုင်းမှာသိသာတဲ့တိုးတက်ပြောင်းလဲမှုတွေကိုသယ်ဆောင်လာတာပဲဖြစ်ပါတယ်။

-Camera

19MP Motion Eye Camera တွေတပ်ဆင်ပေးထားပါတယ်။ F2.0 ရှိတဲ့ Sony G Lens တွေဖြစ်ပြီးတော့ x8 Digital Zoom နှင့် 960 FPS Slow Motion Video Record တို့ပိုမိုကောင်းမွန်လာပါတယ်။ 960 Frame Per Second Slow Motion Video ကိုအရင်က 720p HD မှာပဲရိုက်လို့ရခဲ့ပေမယ့် အခုတော့ 1080p FullHD နှင့်ရိုက်နိုင်လာတာပါ။ Sony ကပထမဦးဆုံးအနေနဲ့ Xperia ဖုန်းတွေမှာ 4K HDR Video Recording လုပ်လို့ရလာအောင်လုပ်ပေးထားတာပါ။ 5 Axis OIS လည်းပါတာကြောင့် Videio ရော Photo ရိုက်တဲ့အချိန်မှာ အထောက်အကူဖြစ်စေပါတယ်။ XZ2 နှင့် XZ2 Compact တွေမှာ Front Camera အနေနဲ့တော့ F2.2 ရှိတဲ့ 5MP Sensor ပါဝင်တဲ့ Exmor RS Wide Angle Lens ကိုတပ်ဆင်ပေးထားပါတယ်။

-Display 

Xperia XZ2 နှင့် XZ2 Compact မှာပါ 2160×1080 Resolution ရှိတဲ့ 18:9 Ratio Display ကိုသုံးပေးထားတာပဲဖြစ်ပါတယ်။ ဖုန်းနှစ်လုံးက Size ကွာပေမယ့် အရည်အသွေးပိုင်းမှာ လေ ျှာ့မထားတာကိုတွေ့ရပါတယ်။ XZ2 ရဲ့ Display က 5.7 Inch ဖြစ်ပြီးတော့ XZ2 Compact ရဲ့ Display ကတော့ 5 Inch ဖြစ်ပါတယ်။ XZ2 Compact ကအခြား 5 Inch Phone တွေထက်ပိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ XZ2 Compact ကအခုလောလောဆယ်မှာ တစ်ခုတည်းသော 5 Inch 18:9 Ratio ရှိတဲ့ Display ပါတဲ့ Flagship Phone ဖြစ်နေလို့ပါပဲ။

-Design 

Sony ကသူတို့ဖုန်းတွေရဲ့ Design နဲ့ပတ်သက်လို့မြင်သာတဲ့ပြောင်းလဲမှုလုပ်တာ အခုမှစတယ်လို့ပြောရမှာပါပဲ။ Xperia ဖုန်းတွေကို သင်အမြဲမကွဲပြားတဲ့ Design နဲ့ပဲတွေ့နေတာ နှစ်တွေကြာနေပါပြီ။ Xperia XZ2 ကတော့ သင်မေ ျှာ်လင့်ထားတဲ့အတိုင်း Design အသစ်လေးတွေတွေကိုသယ်ဆောင်လာပါတယ်။ အရင်ကသင်တွေ့နေကျ Sony ဖုန်းပြားပြားကြီးတွေမဟုတ်တော့ပဲ နောက်ဖက်ခြမ်းကို သင့်လက်နဲ့ထပ်တူကျစေဖို့ ခုံးပေးထားပါတယ်။ Sony ကတော့ XZ2 Phone တွေရဲ့နောက် Cover ကို 3D Glass လို့နာမည်ပေးထားပါတယ်။ Sony ကတော့ဖုန်းတစ်လုံးကို လှပမှုဆိုတာထက် အသုံးပြုတဲ့အချိန်မှာ သက်တောင့်သက်သာရှိစေဖို့ကိုပိုအသားပေးထားပါတယ်။ Fingerprint Scanner ကိုတော့ ဖုန်းရဲ့ကျောဖက်မှာပဲတပ်ဆင်ပေးထားပါတယ်။

-Stereo Speakers

Sony ကသူတို့ဖုန်းတွေမှာ အဓိကအပိုင်းလိုဖြစ်နေတဲ့ Dual Speaker တွေကိုနောက်တစ်ဆင့်ထပ်မြှင့်တင်ပေးလိုက်ပါပြီ။ Stereo Speaker တွေအတွက် Vibration ကိုပါထုတ်ပေးဖို့အတွက် S-Force လို့ခေါ်တဲ့ Vibrating Unit နှစ်ခုပိုပါလာပါတယ်။ Surround Sound ကိုပိုမိုကောင်းမွန်စွာနားထောင်နိုင်မယ့်အပြင် ရုပ်ရှင်ထဲက ဗုံးပေါက်ကွဲသံလိုမျိုး ပြင်းထန်တဲ့အသံတွေမှာဆိုရင် ဖုန်းမှာတုန်ခါမှုကိုပါခံစားရမှာပါ။ ဒီတုန်ခါမှုတွေအတွက်လည်း ဘယ်ညာနှစ်ဖက်ပဲဖြစ်ပါတယ်။ အသံပိုင်းအတွက် အခြား Feature တွေအနေနဲ့လည်း LDAC နှင့် ClearAudio+ တို့ပါဝင်လာပါသေးတယ်။ LDAC ကတော့ Bluetooth Streaming မှာအသုံးဝင်မှာဖြစ်ပြီး ကြည်လင်ပြတ်သားမှုကိုပိုကောင်းအောင်လုပ်ပေးမှာကတော့ ClearAudio+ ပဲဖြစ်ပါတယ်။ DSEE HX ဆိုတဲ့ Feature ကတော့ သင့်ဖုန်းထဲကသီချင်းတွေက MP3 လိုမျိုးသာမှန် Compress လုပ်ထားတဲ့ File တွေဖြစ်နေရင်တောင် High Quality ဖြစ်အောင်လုပ်ပေးမယ့် Feature ဖြစ်ပါတယ်။ DSEE HX ကြောင့် MP3 လိုအသံအရည်အသွေးညံ့တဲ့ Audio File တွေကို သင်နားထောင်တိုင်း Stiudo ကအသံနီးပါးပြောင်းပေးနိုင်မယ်လို့ Sony ကဆိုပါတယ်။ ဒါတွေကတော့ IEM တစ်ခုခုနဲ့နားထောင်မှပဲသိသာမှာပါ။

-3.5mm Headphone Port

XZ2 နှင့် XZ2 Compact တွေမှာ 3.5mm Headphone Port မပါလာတော့ပါဘူး။ USB-C to 3.5mm Headphone Port အတွက် Dongle လေးထည့်ပေးထားမှာဖြစ်ပါတယ်။ တော်တော်များများက Sony ကို 3.5mm Headphone Port ဖြုတ်မယ်လို့မေ ျှာ်လင့်မထားပေးမယ့် Sony ကတော့ ဖြုတ်ပစ်ခဲ့ပါတယ်။

-Specs 

Qualcomm Snapdragon 845 SoC ၊ 4GB RAM ၊ 64GB UFS နှင့်အတူ SD Card Support အနေနဲ့ 400GB အထိထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android Oreo 8.0 နဲ့ပဲလာမှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ XZ2 မှာ 3180mAh ရှိမှာဖြစ်ပြီး XZ2 Compat မှာတော့ 2870mAh ရှိမှာဖြစ်ပါတယ်။

Xperia XZ2 ကိုတော့ ပြည်တွင်းမှာမကြာခင် ဝယ်ယူရရှိနိုင်မှာဖြစ်ပေမယ့် XZ2 Compact ကိုတော့ ပြည်တွင်းမှာဝယ်ယူရရှိနိုင်ဖို့သိပ်မသေခြာပဘူး။ ရောင်းချမယ့်ဈေးတွေကိုတော့ Sony ကထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ သင်ရော Sony ဖုန်းအသစ်တွေကိုသဘောကျရဲ့လား။

Ref: Sony Mobile

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။