ဒီကနေ့ မိုဘိုင်းလောကထဲမှာကြားလိုက်ရတဲ့ သတင်းတခုက တကယ်စိတ်မကောင်းစရာပါ။ အရှုံးတွေထဲ နွံနှစ်ရင်း ဆယ်သူမဲ့နေတဲ့ Sony Mobile ခမျာ ၂၀၁၈ တနှစ်လုံး ဒေါ်လာ ၁ ဘီလီယံနီးပါး ကြက်ပျောက်၊ ငှက်ပျောက် အရှုံးပေါ်ခဲ့ပါတယ်။

Xperia 1 (Android Pit)

ဒီလို Sony Business လုပ်ငန်းစုထဲမှာ သိုးမဲ Black Sheep လိုဖြစ်နေတဲ့ Mobile Division ကို Ditch လုပ်ပြီး Home Entertainment နဲ့ Sound Division တို့နဲ့သွားပေါင်းလိုက်တယ် (အရှုံးပေါ်နေလည်း မသိသာတော့ဘူး) အခုလို Merge လုပ်လိုက်တာကို Electronics Products & Solutions လို့ခေါ်တွင်စေမှာဖြစ်ပြီး Imaging Division ဥက္ကဌ Shigeki Ishizuka ကဦးစီးသွားမှာဖြစ်ပါတယ်။

XZ3 (Internet)

Sony အနေနဲ့ Division ၂ ခုပူးပေါင်းလိုက်ပြီဆိုပေမယ့် Mobile Sector ရဲ့လုပ်အား ထက်ဝက် (၂၀၀၀) ခန့်ကို လျှော့ပါးပစ်ရတယ်လို့ ကြေညာလိုက်ပါတယ်။ ဂျပန်မှာရှိနေတဲ့လုပ်သားတွေကို တခြား Division ဆီပြောင်းပေးမယ်ပြောဆိုထားသလို နယ်ခြားလုပ်သားတွေကိုတော့ ပင်စခပေးအပ်သွားမယ်လို့ နှစ်သိမ့်ခဲ့ပါတယ် (တော်သေးတာပေါ့နော်)

Image (Internet)

ဒီကြားထဲ ထွက်ပေါ်လာတဲ့သတင်းတခုက Beijing စက်ရုံကိုပါ ပိတ်သိမ်းလိုက်ပြီး ထုတ်လုပ်မှုရပ်ဆိုင်းနေပြီဆိုတာပါ။ ဒီကိစ္စက လက်ရှိရင်ဆိုင်နေရတဲ့ Mobile Division ကြောင့်မဟုတ်ပေမယ့် တရုတ်နိုင်ငံမှာ အင်အားကြီးထွားနေတဲ့ Huawei ၊ OPPO ကုမ္ပဏီတွေကြောင့် Samsung ရဲ့ Tianjin စက်ရုံပိတ်ပစ်လိုက်သလို အပြီးတိုင်စွန့်ခွာလိုက်တာဖြစ်နိုင်ပါတယ်။

Image (Internet)

Sony အဆိုရတော့ ဗီယက်နမ်မှာပဲ Xperia ဖုန်းတွေ ထုတ်သွားမှာဖြစ်ပြီး ၂၀၁၈ တနှစ်လုံး အလုံးရေ ၆.၅ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီပမာဏက အမှန်တိုင်းပြောရရင် Samsung ရဲ့ ၂၀၁၈ ကွာတားတခု ရောင်းအားတောင် မရှိခဲ့ပါဘူး။

Image (Internet)

အခုလို ရောင်းအားစုတ်ပြတ်နေပါစေ၊ Sony ကတော့သူတို့ရဲ့ မိုဘိုင်းကို ထိုးရောင်းသွားမှာမဟုတ်ဘဲ ၂၀၂၀ ဧပြီကျရင် အကျိုးမြတ်ပိုရလာမယ်လို့ တွက်ထားပါတယ်။ အထူးသဖြင့် Date အောက်နေတဲ့ဒီဇိုင်း၊ Software Update ဖက်အာရုံစိုက်သွားမှာဖြစ်ပြီး ပရိတ်သတ်ကြီးရော Sony အပေါ်ဘယ်လိုမြင်လဲ ပြောသွားကြည့်ပါဦး။

Source: Android Authority ၊ Android Police
2B (Akhayar)