
Sony WH-1000XM3


Sony WH-1000XM3



Sony WH-1000XM3


အခု Sony ရဲ့ WH-1000XM3 Noise Canceling Headphone ဟာ ဈေးနှုန်းအနေနဲ့တော့ ၃၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ ယခင် WH-1000XM2 ထက် ဒေါ်လာ ၅၀ ပိုများမှာဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Sony ရဲ့ MDR – 1000X နဲ့ WH-1000XM2 Headphone တွေဟာ လက်ရှိအချိန်မှာ ပြင်ပဆူညံသံတွေကို အကောာင်းဆုံးဖယ်ရှားနိုင်တဲ့ Noise-Canceling Headphone တွေပဲဖြစ်ပါတယ်။ အခုအချိန်မှာ Sony ကနေ ယခင်က ထွက်ရှိထားတဲ့ Generation တွေထက် ပိုကောင်းတဲ့ Third Generation Sony WH-1000XM3 ကို IFA 2018 မှာ ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။

Sony WH-1000XM3

ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ Sony WH-1000XM2 Headphone ဟာ အသံအရည်အသွေးပိုင်း၊ စွမ်းဆောင်ရည်ပိုင်းနဲ့ Battery Life မှာ အလွန်ကောင်းမွန်ခဲ့တဲ့အတွက် အခုအချိန်အထိ တခြားသော Noise-Canceling Headphone တွေအနေနဲ့ လိုက်မမှီခဲ့ပေမယ့် အခု Sony က ပိုကောင်းတဲ့ WH-1000XM3 နဲ့ အကောင်းဆုံး Noise-Canceling Headphone နေရာကို ရယူလိုက်တယ်လို့တောင်ပြောလို့ရပါတယ်။

Sony WH-1000XM3

အခု Sony WH-1000XM3 ဟာ သီးသန့် QN1 Noise-Canceling Processor ပါဝင်ပြီးတော့ ပတ်ဝန်းကျင်က ဆူညံသံတွေအပြင် စကားသံတစ်ခုချင်းစီကိုပါ ဖယ်ရှားနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။ အခုလိုမျိုး Noise-Canceling Level ကို စိတ်ကြိုက်ချိန်ညှိနိုင်သလို တကယ်လို့ အရေးတကြီးကြားဖို့ လိုအပ်တဲ့အသံတွေရှိလာရင်လည်း Earcup ကို လက်နဲ့အုပ်လိုက်တာနဲ့ ပတ်ဝန်းကျင်အသံပြန်ကြားနိုင်တဲ့ “Quick Attention” Mode လည်း ပါဝင်မှာပါ။

ဒီ Headphone ရဲ့ အဓိကပြောင်းလဲသွားတဲ့အချက်ကတော့ USB-C ကို ပြောင်းလဲအသုံးပြုတာဖြစ်ပြီးတော့ ၁၀ မိနစ်အားသွင်းရုံနဲ့ ၅ နာရီကြာနားထောင်နိုင်မှာဖြစ်သလို 0-100% ပြည့်ဖို့ကိုလည်း ၃ နာရီအတွင်းပဲ ကြာမြင့်တော့မှာဖြစ်ပါတယ်။ တကယ်လို့ အားအပြည့်ရှိနေတယ်ဆိုရင် နာရီ ၃၀ လောက် ဆက်တိုက်နားထောင်နိုင်မှာပါ။

Sony WH-1000XM3

ကျန်တဲ့ပြောင်းလဲသွားတဲ့အချက်တွေကတော့ Headband ကို ပိုပြီး Comfortable ဖြစ်အောင်ဆောင်ရွက်ထားတာနဲ့ Google Assistant ဒါမှမဟုတ် Siri ကို Trigger လုပ်နိုင်တဲ့ Assistant Trigger ပါဝင်လာတာဖြစ်ပါတယ်။

အခု Sony ရဲ့ WH-1000XM3 Noise Canceling Headphone ဟာ စျေးနှုန်းအနေနဲ့တော့ ၃၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ ယခင် WH-1000XM2 ထက် ဒေါ်လာ ၅၀ ပိုများမှာဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com