Sony က Dolby Vision Blu-ray Player နဲ့ Dolby Atmos Receiver ကို ထုတ်ဖော်ပြသ

Sony က Dolby Vision Blu-ray Player နဲ့ Dolby Atmos Receiver ကို ထုတ်ဖော်ပြသ



HUAWEI Nova 2i
HUAWEI Nova 2i




Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Entertainment ဈေးကွက်ထဲမှာ နာမည်ကြီးဖြစ်တဲ့ Sony ကနေ အခုအချိန်မှာ 4K Dolby Vision HDR စနစ်နဲ့ Video Playback ကို Support ပြုလုပ်တဲ့ Blu-ray Player တစ်ခုနဲ့ Dolby Atmos Audio ကိုပါ ဖမ်းယူနိုင်တဲ့ A/V Receiver တစ်ခုကို ယခုနှစ် CES 2018 ပွဲမှာ ပြသခဲ့ပါတယ်။

ပထမဆုံး UBP-X700 လို့ အမည်ပေးထားတဲ့ Blu-ray Player ဟာ HDR 10 နဲ့ Dolby Vision ပါဝင်တဲ့ 4K Blu-ray Disc တွေကို ဖွင့်ပေးနိုင်တဲ့ Player တစ်ခုဖြစ်ပြီးတော့ အင်တာနက်ကတစ်ဆင့် Netflix ၊ Amazon Prime Video နဲ့ YouTube လိုမျိုး Internet Services က Streaming အသုံးပြုချင်တယ်ဆိုရင်လည်း Built-in Applications တွေထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

HUAWEI Nova 2i
HUAWEI Nova 2i

HUAWEI nova 2i အကြောင်း အသေးစိတ်သိရှိရန်

နောက်ထပ် တစ်ခုကတော့ Sony ကနေ လက်ရှိ Home Theater Setup တွေကို အဆင့်တစ်ခုမြှင့်တင်ပေးစေမယ့် STR-DH790 A/V Receiver ပဲဖြစ်ပါတယ်။ Sony ရဲ့ အဆိုအရတော့ အဆိုပါ Receiver ဟာ HDR Format တွေကို ဘယ်လိုမှ Signal Loss မရှိပဲ ပေးပို့နိုင်တဲ့ Receiver တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Sony ကနေ အခု Product အသစ် ၂ ခုကို Sony ရဲ့ နောက်ဆုံးထွက် TV တွေနဲ့ အသုံးပြုဖို့အတွက် ထွက်ရှိထားတာဖြစ်ပြီးတော့ Sony ရဲ့ လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ ဒေါ်လာ ၃ သောင်းတန် 4K Projector နဲ့ပါ တွဲဖက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်းတွေကိုတော့ ပြောကြားသွားခြင်းမရှိပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com