Sony ရဲ့ မိုဘိုင်း Strategy က ဘယ်သူမှ မလုပ်ဘူးသေးတဲ့ ကမ္ဘာ့ပထမဆုံးဆိုတဲ့ နည်းပညာတွေ ချပြမယ်။ ဒီအချက်က ဂုဏ်ယူလို့ကောင်းတယ်ဆိုတော့ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် မိတ်ဆက်တယ်။

ခုလည်း 5K (5,040 x 2,160 ) Resolution ရှိတဲ့ OLED Panel ကြီးကို Xperia စမတ်ဖုန်းသစ်နဲ့ ထုတ်ပြဦးမှာဆိုတော့ ဘယ်လိုအတွေးဝင်သွားကြလဲ?
ဒီသတင်းက အတိကျလို့ မပြောနိုင်ပေမယ့် စမတ်ဖုန်းတွေမှာ Ultra HD Panel အသုံးပြုတာ Sony ဖုန်းတွေပဲ ရှိပါတယ်။

Photo: Android Pit

Panel ထဲမှာလည်း အကောင်းဆုံး OLED ကြီးဆိုတော့ Display တမျိုးထဲနဲ့တင် မက်လောက်စရာဖြစ်နေပါပြီ။

Pixel ၁၀ သန်းကျော်ပါတယ်

ဆိုတော့ 5K Display ကြီးကို ဘယ် Screen Size မှာ သုံးလာမှာလဲ? 6.5″ မျက်နှာပြင်နဲ့ ပုံဖော်လာနိုင်တယ် ဆိုထားလို့ သီအိုရီအရ 899 ppi အထိ ရှိနိုင်ပါတယ်။

လက်ရှိ အမြင့်ဆုံး 4K Panel က 643 ppi ပေးစွမ်းနိုင်ပြီး ၃၀ ရာခိုင်နှုန်း ပိုများတဲ့ စွမ်းအားက ပိုပြီး ကြည်လင်နေစေမှာပါ။ ဘာလို့လဲဆိုတော့ Pixel ပေါင်း 10,888,400 ထပ် ထည့်နိုင်တဲ့အတွက် မတရား Gorgeous ဖြစ်နေမှာက ကျိန်းသေပါပဲ။

ဒါနဲ့ 5K Display ကို ဘယ်နားသွားသုံးမလဲ? Ultra HD Content တွေ ရှိတယ်ဆိုမယ့် အဲ့လောက်ထိ Support မလုပ်ကြသေးဘူး။

ဒီ Resolution အတိုင်းဆို ဂိမ်းနဲ့ စာဖတ်တာ၊ အင်တာနက်သုံးတာ သိသိသာသာကို Crisp ဖြစ်လာတာ ၊ ရုပ်ထွက် ပိုကြည်လာမှာ ခံစားရပေမယ့် အသေချာတော့ မပြောတတ်သေးပါဘူး။

5K Content နည်းပါးနေဆဲ

နောက်ပြီး 5K တွန်းဖို့ Hardware ပါဝါ လိုသေးတာကြောင့် Snapdragon 855 Plus နဲ့ Adreno 640 နဲ့ အားဖြည့်ထားမယ်လို့ သိရပါတယ်။
Refresh Rate အနေနဲ့ 60Hz ရှိမယ်ဆိုထားတဲ့အတွက် မိုဘိုင်း Display ထဲမှာ စံနမူနာ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ Sony ထုတ်ခဲ့မယ်ဆိုရင်ပေါ့။

လောလောဆယ်မှာတော့ Xperia စမတ်ဖုန်းသစ် မိတ်ဆက်လာမယ်လို့ သိရပေမယ့် အခုလို 5K Display နဲ့ Hardware Specification အတိုင်း လာမယ်လို့ ပြောမရသေးပါဘူး။

Source: NotebookCheck
2B (Akhayar)
www.akhayar.com