[Zawgyi]

The Voice Myanmar ကို Comment ေပးလိုက္တဲ့ ေတးေရးဆရာျမင့္မိုးေအာင္

MRTV4 ကေန စေနေန႕ နဲ႕ တနဂၤေႏြ ေန႕ည ၉ နာရီ အခ်ိန္မွာ လာေနက်ျဖစ္တဲ့ The Voice Myanmar အစီအစဥ္ အေပၚကို ေတးေရးဆရာျမင့္မိုးေအာင္ က အခုလိုသံုးသပ္ျပခဲ့ပါတယ္။

“The Voice Myanmar ကို အရမ္းသေဘာက်ပါတယ္။ နိုင္ငံတကာမွာလည္းရွိတယ္ေလ နဂိုတုန္း က အိမ္မက္ဆံုရာ တုန္း ကလည္း Blind Audition ကို ဆရာတို႕ လုပ္ဖူးပါတယ္။ အဲ့တုန္းကေတာ့ ျပည္တြင္းကလုပ္တယ္ဆိုေတာ့ ကုန္က်စရိတ္ေတြ ကလည္း မနိုင္ဘူးေပါ့ အခု ကက်ေတာ့ နိုင္ငံတကာ ပံုစံ လုပ္ရတာဆိုေတာ့ အဆင့္အတန္း  က ပိုၿပီးေတာ့ ေကာင္းသလို ပံ႔ပိုးမႈေတြ ကလည္း ပိုၿပီးမ်ားတယ္ ၊ ေကာင္းတယ္ ဒါေၾကာင့္မို႕လည္း ျပည့္စံုတယ္လို႕ ေျပာခ်င္ပါတယ္။

ေတးေရးဆရာျမင့္မိုးေအာင္

ေတးေရးဆရာျမင့္မိုးေအာင္

အဲ့ဒီမွာ ပါဝင္တဲ့ ဒိုင္ေတြ တနည္းအားျဖင့္ နည္းျပေတြ ကလည္း ဆြဲေဆာင္မႈရွိရွိနဲ႕ တင္ဆက္တာဆိုေတာ့ ပရိသတ္က စိတ္ဝင္စားမယ္ ဆိုတာကို သိပါတယ္။ ဒီေတာ့ ေျပာခ်င္တာ က တစ္ခု ပဲ တကယ္ေကာင္းတဲ့ ၿပိဳင္ပြဲဝင္ထြက္ေပၚလာပါေစလို႕ပဲ ဆုေတာင္းရတာေပါ့ေလ။ ၿပိဳင္ပြဲတင္ဆက္ပံုေတြကအင္မတန္ေကာင္းေပမယ့္ တခါတေလမွာ ထူးခြ်န္တဲ့ ၿပိဳင္ပြဲဝင္ပါလာသလား ၊ မပါလာဘူးလား ဆိုတာကလည္း စကားေျပာတယ္ေလ။ ၿပိဳင္ပြဲေသးေသးေလးဆိုေပမယ့္လည္း တကယ့္ ကိုထူးခြ်န္တဲ့ မ်ိဳးဆက္သစ္လူငယ္တစ္ေယာက္ပါရင္ပါတက္တယ္ ။ တကယ့္ ၿပိဳင္ပြဲႀကီးေပမယ့္ လည္းတခါတေလ သိပ္ၿပီး အရည္အေသြးေတြ မကြာျခားဘဲ ထူးထူးျခားျခား မပါတာမ်ိဳးလည္း ျဖစ္တတ္တာေပါ့ေနာ္။ ဒီတစ္ခု ကေတာ့ ကံတရားနဲ႕လည္း ဆိုင္တာေပါ့ေနာ္” ဆိုၿပီး ေတာ့ ေတးေရးဆရာျမင့္မိုးေအာင္ က The Voice Myanmar အစီအစဥ္နဲ႕ပတ္သတ္လို႕ အခုလို ေျပာျပခဲ့တာျဖစ္ပါတယ္။

Photo Credit:Myint Moe Aung Facebook & the voice myanmar page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

The Voice Myanmar ကို Comment ပေးလိုက်တဲ့ တေးရေးဆရာမြင့်မိုးအောင်

MRTV4 ကနေ စနေနေ့ နဲ့ တနင်္ဂနွေ နေ့ည ၉ နာရီ အချိန်မှာ လာနေကျဖြစ်တဲ့ The Voice Myanmar အစီအစဉ် အပေါ်ကို တေးရေးဆရာမြင့်မိုးအောင် က အခုလိုသုံးသပ်ပြခဲ့ပါတယ်။

“The Voice Myanmar ကို အရမ်းသဘောကျပါတယ်။ နိုင်ငံတကာမှာလည်းရှိတယ်လေ နဂိုတုန်း က အိမ်မက်ဆုံရာ တုန်း ကလည်း Blind Audition ကို ဆရာတို့ လုပ်ဖူးပါတယ်။ အဲ့တုန်းကတော့ ပြည်တွင်းကလုပ်တယ်ဆိုတော့ ကုန်ကျစရိတ်တွေ ကလည်း မနိုင်ဘူးပေါ့ အခု ကကျတော့ နိုင်ငံတကာ ပုံစံ လုပ်ရတာဆိုတော့ အဆင့်အတန်း က ပိုပြီးတော့ ကောင်းသလို ပံ့ပိုးမှုတွေ ကလည်း ပိုပြီးများတယ် ၊ ကောင်းတယ် ဒါကြောင့်မို့လည်း ပြည့်စုံတယ်လို့ ပြောချင်ပါတယ်။

တေးရေးဆရာမြင့်မိုးအောင်

တေးရေးဆရာမြင့်မိုးအောင်

အဲ့ဒီမှာ ပါဝင်တဲ့ ဒိုင်တွေ တနည်းအားဖြင့် နည်းပြတွေ ကလည်း ဆွဲဆောင်မှုရှိရှိနဲ့ တင်ဆက်တာဆိုတော့ ပရိသတ်က စိတ်ဝင်စားမယ် ဆိုတာကို သိပါတယ်။ ဒီတော့ ပြောချင်တာ က တစ်ခု ပဲ တကယ်ကောင်းတဲ့ ပြိုင်ပွဲဝင်ထွက်ပေါ်လာပါစေလို့ပဲ ဆုတောင်းရတာပေါ့လေ။ ပြိုင်ပွဲတင်ဆက်ပုံတွေကအင်မတန်ကောင်းပေမယ့် တခါတလေမှာ ထူးချွန်တဲ့ ပြိုင်ပွဲဝင်ပါလာသလား ၊ မပါလာဘူးလား ဆိုတာကလည်း စကားပြောတယ်လေ။ ပြိုင်ပွဲသေးသေးလေးဆိုပေမယ့်လည်း တကယ့် ကိုထူးချွန်တဲ့ မျိုးဆက်သစ်လူငယ်တစ်ယောက်ပါရင်ပါတက်တယ် ။ တကယ့် ပြိုင်ပွဲကြီးပေမယ့် လည်းတခါတလေ သိပ်ပြီး အရည်အသွေးတွေ မကွာခြားဘဲ ထူးထူးခြားခြား မပါတာမျိုးလည်း ဖြစ်တတ်တာပေါ့နော်။ ဒီတစ်ခု ကတော့ ကံတရားနဲ့လည်း ဆိုင်တာပေါ့နော်” ဆိုပြီး တော့ တေးရေးဆရာမြင့်မိုးအောင် က The Voice Myanmar အစီအစဉ်နဲ့ပတ်သတ်လို့ အခုလို ပြောပြခဲ့တာဖြစ်ပါတယ်။

Photo Credit:Myint Moe Aung Facebook & the voice Myanmar page

ကြည်သာ (Akhayar)

www.akhayar.com