[Zawgyi]

အသက္ ၄၁ နွစ္ဆိုေပမယ့္ ပ်ိဳပ်ိဳေမတို႔အသည္းကို ကိုင္လႈပ္နိုင္တဲ့မင္းသားေခ်ာ Song Seung Heon

Song Seung-heon ကို  ၁၉၇၆ ခုနွစ္ေအာက္တုိဘာလ ၅ ရက္ေန႕မွာေမြးခဲ့တာျဖစ္ပါတယ္။ အခုလတ္တေလာ လူမႈကြန္ရက္ေပၚမွာ “ဦးဦး” ဆိုၿပီးေတာ့ မိန္းကေလးေတြၾကားေရပန္းစားေနတဲ့ မင္းသားတစ္လက္လည္း ျဖစ္ပါတယ္။ ေဆာင္းဦးရြက္ေၾကြ ခ်စ္သက္ေသ ဇာတ္ကားတုန္းက ဂြ်န္ေစာ ဆိုတဲ့ ဇာတ္ေကာင္နာမည္နဲ႕ ျမန္မာပရိသတ္ေတြအၾကား ေရပန္းစားခဲ့တဲ့ Song Seung Heon ဟာ အခုဆိုရင္လည္း သူပါဝင္တဲ့ ေမွာ္ဝင္ည ဆိုတဲ့ ဇာတ္ကားကို လက္ရွိမွာ ရုပ္သံဇာတ္လမ္းတြဲ အျဖစ္ျပသေနတာျဖစ္တဲ့ အတြက္ ဒီဇာတ္ကားနဲ႕လည္းေအာင္ျမင္မႈ ရရွိေနတယ္လို႕ေျပာရမွာျဖစ္ပါတယ္။

အခု နာမည္ႀကီးေနတဲ့ ေမွာ္ဝင္ညကေတာ့ Black ဆိုတဲ့ဇာတ္ကားျဖစ္ၿပီး စံုေထာက္တစ္ဦး Han Moo-gang (Detective) အေနနဲ႕ ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ၂၀၁၇ ခုနွစ္မွာ ရိုက္ကူးခဲ့တာပါ။

ေမွာ္ဝင္ည အျဖစ္ နာမည္ႀကီးေနတဲ့ Black ဇာတ္ကား

Song Seung Heon ဟာ အနုပညာအလုပ္ေတြကို ၁၉၉၅ ခုနွစ္ေလာက္ကတည္းက စတင္လုပ္ေဆာင္ခဲ့ သူလည္းျဖစ္ပါတယ္။ သူပါဝင္သရုပ္ေဆာင္ခဲ့တဲ့ Movie ေတြကေတာ့ Fate (2008) ၊  A Better Tomorrow (2010)၊ Obsessed (2014) ၊ Wonderful Nightmare (2015) ၊ The Third Way of Love (2015) ၊ Man of Will (2107) အစရွိတဲ့ ဇာတ္ကားေတြျဖစ္ပါတယ္။

Photo Credit: Viki

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အသက် ၄၁ နှစ်ဆိုပေမယ့် ပျိုပျိုမေတို့အသည်းကို ကိုင်လှုပ်နိုင်တဲ့မင်းသားချော Song Seung Heon

Song Seung-heon ကို ၁၉၇၆ ခုနှစ်အောက်တိုဘာလ ၅ ရက်နေ့မှာမွေးခဲ့တာဖြစ်ပါတယ်။ အခုလတ်တလော လူမှုကွန်ရက်ပေါ်မှာ “ဦးဦး” ဆိုပြီးတော့ မိန်းကလေးတွေကြားရေပန်းစားနေတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်ကားတုန်းက ဂျွန်စော ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ မြန်မာပရိသတ်တွေအကြား ရေပန်းစားခဲ့တဲ့ Song Seung Heon ဟာ အခုဆိုရင်လည်း သူပါဝင်တဲ့ မှော်ဝင်ည ဆိုတဲ့ ဇာတ်ကားကို လက်ရှိမှာ ရုပ်သံဇာတ်လမ်းတွဲ အဖြစ်ပြသနေတာဖြစ်တဲ့ အတွက် ဒီဇာတ်ကားနဲ့လည်းအောင်မြင်မှု ရရှိနေတယ်လို့ပြောရမှာဖြစ်ပါတယ်။

အခု နာမည်ကြီးနေတဲ့ မှော်ဝင်ညကတော့ Black ဆိုတဲ့ဇာတ်ကားဖြစ်ပြီး စုံထောက်တစ်ဦး Han Moo-gang (Detective) အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၇ ခုနှစ်မှာ ရိုက်ကူးခဲ့တာပါ။

မှော်ဝင်ည အဖြစ် နာမည်ကြီးနေတဲ့ Black ဇာတ်ကား

Song Seung Heon ဟာ အနုပညာအလုပ်တွေကို ၁၉၉၅ ခုနှစ်လောက်ကတည်းက စတင်လုပ်ဆောင်ခဲ့ သူလည်းဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ Movie တွေကတော့ Fate (2008) ၊ A Better Tomorrow (2010)၊ Obsessed (2014) ၊ Wonderful Nightmare (2015) ၊ The Third Way of Love (2015) ၊ Man of Will (2107) အစရှိတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။

Photo Credit: Viki

ကြည်သာ (Akhayar)

www.akhayar.com