[Zawgyi]

ခ်စ္သူရည္းစားေတြအျဖစ္ အတူတူေတြ႕ရဦးမယ့္ Song Hye Kyo နဲ႕ Park Bo Gum

ေဆာင္းဦးရြက္ေၾကြ ခ်စ္သက္ေသဇာတ္ကားမွာ အြန္ေစာလုိ႕ ျမန္မာပရိသတ္ေတြပါးစပ္ဖ်ား နာမည္တြင္ခဲ့တဲ့ ေတာင္ကုိရီးယားထိပ္တန္းမင္းသမီး ေဆာင္းေဟကုိ ကေတာ့ အိမ္ေထာင္ျပဳျပီးေနာက္မွာ ရုိက္ကူးထားတဲ့ Boyfriend ဆုိတဲ့ ဇာတ္ကားေလးနဲ႕ ပရိသတ္ဆီျပန္လာဦးမွာျဖစ္ပါတယ္။
အာရွကမိန္းကေလးပရိသတ္ေတြၾကားနာမည္ၾကီးတဲ့ မင္းသား ပတ္ဘုိဂန္ ကလည္း Boyfriend ဇာတ္လမ္းတြဲေလးမွာ ေဆာင္းေဟကုိ နဲ႕အတူတြဲဖက္သရုပ္ေဆာင္ထားတယ္လုိ႕သိရပါတယ္။

Song Hye Kyo , Park Bo Gum

ဇူလုိင္လထဲက စတင္ရုိက္ကူးခဲ့တဲ့ ဒီဇာတ္လမ္းတြဲကုိ လာမယ့္ ႏုိ၀င္ဘာလကစျပီး TvN ရုပ္သံလုိင္းမွာ ပထမဆုံး အပုိင္းကုိ စတင္ျပသေတာ့မွာျဖစ္ေၾကာင္း ရုိက္ကူးေရးအဖြဲ႕က အတည္ျပဳေျပာၾကားလိုက္ျပီျဖစ္ပါတယ္။ ဇာတ္ပုိ႕ေနရာအတြက္ကုိေတာ့ လက္ရွိအခ်ိန္ထိ အရံအႏုပညာရွင္ေတြနဲ႕အတူ ရုိက္ကူးေနဆဲျဖစ္ျပီး ပရိသတ္အခ်စ္္ေတာ္မင္းသမီးေခ်ာ ေဆာင္းေဟကုိ ကေတာ့ ဒီဇာတ္ကားမွာ ခ်မ္းသာတဲ့ မိသားစုကေန ဆင္းသက္ျပီး ကေလးတစ္ေယာက္အေမ၊ ကြာရွင္းထားတဲ့ တစ္ခုလပ္အမ်ိဳးသမီး တစ္ေယာက္အျဖစ္ ပါ၀င္သရုပ္ေဆာင္ထားတယ္လို႕သိရပါတယ္။

Song Hye Kyo

အသက္(၂၅)ႏွစ္အရြယ္ မင္းသား ပတ္ဘုိဂန္ ကုိေတာ့ ကုမၸဏီေတြေတာ္ေတာ္မ်ားမ်ားမွာ အလုပ္ေတြလုိက္ေလွ်ာက္ေနရတဲ့ အခ်ိန္ပုိင္းအလုပ္သမားေလး Kim Jin Hyuk အေနနဲ႕ပရိသတ္ေတြေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ေလွ်ာက္သမွ် ကုမၸဏီတုိင္းမွာ အလုပ္မရတဲ့ ပတ္ဘုိဂန္ တစ္ေယာက္ သူ႕ဘ၀ထဲကုိ ေလးေလးနက္နက္ျဖစ္ေစမယ့္ အမ်ိဳးသမီးတစ္ေယာက္နဲ႕ စတင္ေတြ႕ဆုံမွာပါ။ အဲ့ဒီအမ်ိဳးသမီးကေတာ့ ေဆာင္းေဟကုိျဖစ္ျပီး သူတုိ႕ ႏွစ္ေယာက္ ဘယ္လုိေတြ႕ဆုံရင္းႏွီးျပီး ခ်စ္ၾကဳိးေတြရစ္ေႏွာင္သြားမလဲ ဆုိတာကုိေတာ့ ဒီဇာတ္လမ္းတြဲေလး ထြက္လာတဲ့ေန႕မွပဲ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

park-bogum

ပတ္ဘုိဂန္ကလည္း ဇာတ္လမ္းတြဲမ်ားစြာ ရုိက္ကူးထားဖူးတဲ့ နာမည္ရ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့အတြက္ သူ႕ထက္၀ါရင့္တဲ့ မင္းသမီး ေဆာင္းေဟကုိ နဲ႕ အတြဲညီညီသရုပ္ေဆာင္ထားမွာ ေသခ်ာပါတယ္။ သူဟာ Hello Monster ၊ Reply 1988 နဲ႕ Love in the Moonlight ဆုိတဲ့ ဇာတ္ကားေတြနဲ႕ အႏုပညာလမ္းေၾကာင္းေပၚ ေအာင္ျမင္မႈမွတ္တုိင္စုိက္ထူထားႏုိင္ခဲ့တာျဖစ္ပါတယ္။မင္းသမီး ေဆာင္းေဟကုိ နဲ႕ မင္းသား ပတ္ဘုိဂန္ တုိ႕ကုိ ခ်စ္သူရည္းစားေတြအျဖစ္ ျမင္ေတြ႕ရမယ့္ Boyfriend ဇာတ္လမ္းတြဲေလးကုိ ပရိသတ္ေတြလည္း ၾကဳိက္ႏွစ္သက္ၾကမယ္လုိ႕ ေမွ်ာ္လင့္ပါတယ္။

Stella (Akhayar)

www.Akhyar.com

[Unicode]

ချစ်သူရည်းစားတွေအဖြစ် အတူတူတွေ့ရဦးမယ့် Song Hye Kyo နဲ့ Park Bo Gum

ဆောင်းဦးရွက်ကြွေ ချစ်သက်သေဇာတ်ကားမှာ အွန်စောလို့ မြန်မာပရိသတ်တွေပါးစပ်ဖျား နာမည်တွင်ခဲ့တဲ့ တောင်ကိုရီးယားထိပ်တန်းမင်းသမီး ဆောင်းဟေကို ကတော့ အိမ်ထောင်ပြုပြီးနောက်မှာ ရိုက်ကူးထားတဲ့ Boyfriend ဆိုတဲ့ ဇာတ်ကားလေးနဲ့ ပရိသတ်ဆီပြန်လာဦးမှာဖြစ်ပါတယ်။ အာာရှကမိန်းကလေးပရိသတ်တွေကြားနာမည်ကြီးတဲ့ မင်းသား ပတ်ဘိုဂန် ကလည်း Boyfriend ဇာတ်လမ်းတွဲလေးမှာ ဆောင်းဟေကို နဲ့အတူတွဲဖက်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

Song Hye Kyo , Park Bo Gum

ဇူလိုင်လထဲက စတင်ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်းတွဲကို လာမယ့် နိုဝင်ဘာလကစပြီး TvN ရုပ်သံလိုင်းမှာ ပထမဆုံး အပိုင်းကို စတင်ပြသတော့မှာဖြစ်ကြောင်း ရိုက်ကူးရေးအဖွဲ့က အတည်ပြုပြောကြားလိုက်ပြီဖြစ်ပါတယ်။ ဇာတ်ပို့နေရာအတွက်ကိုတော့ လက်ရှိအချိန်ထိ အရံအနုပညာရှင်တွေနဲ့အတူ ရိုက်ကူးနေဆဲဖြစ်ပြီး ပရိသတ်အချစ်တော်မင်းသမီးချော ဆောင်းဟေကို ကတော့ ဒီဇာတ်ကားမှာ ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်ပြီး ကလေးတစ်ယောက်အမေ၊ ကွာရှင်းထားတဲ့ တစ်ခုလပ်အမျိုးသမီး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

Song Hye Kyo

အသက်(၂၅)နှစ်အရွယ် မင်းသားချော ပတ်ဘိုဂန် ကိုတော့ ကုမ္ပဏီတွေတော်တော်များများမှာ အလုပ်တွေလိုက်လျှောက်နေရတဲ့ အချိန်ပိုင်းအလုပ်သမားလေး Kim Jin Hyuk အနေနဲ့ပရိသတ်တွေတွေ့မြင်ရမှာဖြစ်ပါတယ်။ လျှောက်သမျှ ကုမ္ပဏီတိုင်းမှာ အလုပ်မရတဲ့ ပတ်ဘိုဂန် တစ်ယောက် သူ့ဘဝထဲကို လေးလေးနက်နက်ဖြစ်စေမယ့် အမျိုးသမီးတစ်ယောက်နဲ့ စတင်တွေ့ဆုံမှာပါ။ အဲ့ဒီအမျိုးသမီးကတော့ ဆောင်းဟေကိုဖြစ်ပြီး သူတို့ နှစ်ယောက် ဘယ်လိုတွေ့ဆုံရင်းနှီးပြီး ချစ်ကြိုးတွေရစ်နှောင်သွားမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲလေး ထွက်လာတဲ့နေ့မှပဲ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်

park-bogum

ပတ်ဘိုဂန်ကလည်း ဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားဖူးတဲ့ နာမည်ရ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် သူ့ထက်ဝါရင့်တဲ့ မင်းသမီး ဆောင်းဟေကို နဲ့ အတွဲညီညီသရုပ်ဆောင်ထားမှာ သေချာပါတယ်။ သူဟာ Hello Monster ၊ Reply 1988 နဲ့ Love in the Moonlight ဆိုတဲ့ ဇာတ်ကားတွေနဲ့ အနုပညာလမ်းကြောင်းပေါ် အောင်မြင်မှုမှတ်တိုင်စိုက်ထူထားနိုင်ခဲ့တာဖြစ်ပါတယ်။မင်းသမီး ဆောင်းဟေကို နဲ့ မင်းသား ပတ်ဘိုဂန် တို့ကို ချစ်သူရည်းစားတွေအဖြစ် မြင်တွေ့ရမယ့် Boyfriend ဇာတ်လမ်းတွဲလေးကို ပရိသတ်တွေလည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

Stella (Akhayar)

www.Akhyar.com