[Zawgyi]




သားသားငယ်ငယ်ကပုံလေး


ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

သားအတွက်ပညာရေးကိုပဲ အဓိကထားတယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

ထွန်းအိန္ဒြာဗိုလ် ရဲ့သားလေး အောင်ဗိုလ်ကောင်းသန့် ဟာ ၁၂ နှစ်ပြည့်ပြီးပါပြီ။ သားသားလေးရဲ့ ပညာရေးကို အဓိကထားတဲ့ အတွက်ကျောင်းမပြီးသေးလို့ တခြားဘာမှ လုပ်ဆောင်တာတွေမရှိပေမယ့် သားလေးကအားကစားအနေနဲ့ Golf ကစားရတာကိုတော့ ဝါသနာပါတယ်လို့ မခိုင်ကြီးကပြောလေ့ရှိပါတယ်။

တစ်ဦးတည်းသောသားလေးမို့ အရမ်းချစ်တယ်ဆိုတာကို သူတို့သားအမိပုံတွေ ကြည့်မိသူတိုင်း ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။မခိုင်ကြီး ဟာ သရုပ်ဆောင်ပီပြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အတွက်ပရိသတ်တချို့ကတော့ သားလေးကိုလည်း အမေလိုပဲအနုပညာရှင်တစ်ယောက်ဖြစ်လာမလားဆိုပြီးတော့ မျှော်လင့်ကြပါတယ်။

သားသားငယ်ငယ်ကပုံလေး

မခိုင်ကြီးကတော့ သားလေးအောင်ဗိုလ်ကောင်းသန့် ဝါသနာပါတာကိုပဲရွေးချယ်ခိုင်းမှာပါလို့ အမြဲပြောလေ့ရှိပါတယ်။ သားသားနဲ့ အတူတူရိုက်ထားတဲ့ သားအမိနှစ်ယောက်ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Mi Mi Khine Facebook

www.akhayar.com