[Zawgyi]

ဆြန္ေဟာင္မင္ Son Heung-min နဲ႔ လာမယ္လာ Lamela တို႔ကုိ ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ စပါး

စပါး Tottenham Hotspur အသင္းဟာ အသင္းရဲ႕ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဆြန္ေဟာင္မင္ Son Heung-min နဲ႔ လာမယ္လာ Lamela တို႔ကုိ ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီျဖစ္ပါတယ္။ အသက္(၂၆)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေတာင္ကုိရီးယားလက္ေရြးစင္ကစားသမား ဆြန္ေဟာင္မင္ဟာ စပါးအသင္းနဲ႔ ၂၀၂၂ ခုႏွစ္အထိ (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး အာဂ်င္တီးနားကစားသမား လာမယ္လာကေတာ့ ၂၀၂၂ ခုႏွစ္အထိ (၄)ႏွစ္စာခ်ဳပ္သက္တမ္းတိုးခဲ့တာျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္က ေလဗာကူဆင္အသင္းက ေျပာင္းေရႊ႕ခဲ့သူ ဆြန္ေဟာင္မင္ဟာ စပါးအသင္းရဲ႕ အဓိက ကစားသမားအျဖစ္ ပါ၀င္ေျခစြမ္းျပေနၿပီး ပဲြေပါင္း(၁၄၀)ကစား (၄၇)ဂုိးသြင္းယူထားတယ္။

Lamela

Lamela

ၿပီးခဲ့တဲ့ရာသီက စပါးအသင္းအတြက္ ၿပိဳင္ပဲြစုံ(၅၅)ပဲြမွာ (၅၃)ဂုိးအထိသြင္းယူခဲ့တဲ့ ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပဲြတစ္ေလွ်ာက္ အာရွကစားသမားထဲမွာ သြင္းဂုိးအမ်ားဆုံးအျဖစ္ ရပ္တည္ေနသူလည္းျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္က ႐ုိးမားအသင္းကေန ေျပာင္းေရႊ႕ခဲ့တဲ့ လာမယ္လာကေတာ့ စပါးအသင္းအတြက္ (၁၅၄)ပဲြကစား၊ (၂၃)ဂုိးသြင္းယူထားသူပါ။ လာမယ္လာဟာ တင္ပါးဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း စပါးအသင္းမွာ ပုံမွန္ကစားခြင့္မရခဲ့ဘဲ ၿပီးခဲ့တဲ့ႏုိ၀င္ဘာလကမွ ဒဏ္ရာျပန္သက္သာလာတဲ့အတြက္ ပဲြထြက္ကစားခြင့္ရရွိခဲ့သူျဖစ္ပါတယ္။ လာမယ္လာအေနနဲ႔ ဒဏ္ရာျပႆနာေၾကာင့္ ႐ုန္းကန္ခဲ့ရေပမယ့္လည္း သူ႔ရဲ႕ေျခစြမ္းအေပၚ ယုံၾကည္မႈရွိတာေၾကာင့္ စပါးအသငး္က စာခ်ဳပ္သက္တမ္းတိုးခဲ့တာလည္းျဖစ္တယ္။

REF:BBC
Photo:Telegraph,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဆွန်ဟောင်မင် Son Heung-min နဲ့ လာမယ်လာ Lamela တို့ကို နှစ်ရှည်စာချုပ်သက်တမ်းတိုးခဲ့တဲ့ စပါး

စပါး Tottenham Hotspur အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆွန်ဟောင်မင် Son Heung-min နဲ့ လာမယ်လာ Lamela တို့ကို နှစ်ရှည်စာချုပ်သက်တမ်းတိုးခဲ့ပြီဖြစ်ပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ကိုရီးယားလက်ရွေးစင်ကစားသမား ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ (၅)နှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီး အာဂျင်တီးနားကစားသမား လာမယ်လာကတော့ ၂၀၂၂ ခုနှစ်အထိ (၄)နှစ်စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က လေဗာကူဆင်အသင်းက ပြောင်းရွှေ့ခဲ့သူ ဆွန်ဟောင်မင်ဟာ စပါးအသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ခြေစွမ်းပြနေပြီး ပွဲပေါင်း(၁၄၀)ကစား (၄၇)ဂိုးသွင်းယူထားတယ်။

Lamela

Lamela

ပြီးခဲ့တဲ့ရာသီက စပါးအသင်းအတွက် ပြိုင်ပွဲစုံ(၅၅)ပွဲမှာ (၅၃)ဂိုးအထိသွင်းယူခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အာရှကစားသမားထဲမှာ သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က ရိုးမားအသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ လာမယ်လာကတော့ စပါးအသင်းအတွက် (၁၅၄)ပွဲကစား၊ (၂၃)ဂိုးသွင်းယူထားသူပါ။ လာမယ်လာဟာ တင်ပါးဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း စပါးအသင်းမှာ ပုံမှန်ကစားခွင့်မရခဲ့ဘဲ ပြီးခဲ့တဲ့နိုဝင်ဘာလကမှ ဒဏ်ရာပြန်သက်သာလာတဲ့အတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ လာမယ်လာအနေနဲ့ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း သူ့ရဲ့ခြေစွမ်းအပေါ် ယုံကြည်မှုရှိတာကြောင့် စပါးအသင်းက စာချုပ်သက်တမ်းတိုးခဲ့တာလည်းဖြစ်တယ်။

REF:BBC
Photo:Telegraph,Twitter
Naing Linn(Akhayar)
www.akhayar.com