[Zawgyi]

Camila Morrone နဲ႔ လက္ထပ္ေတာ့မယ္လုိ႔ သတင္းႀကီးေနတဲ့ Leonardo DiCaprio

အသက္ (၄၄) ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ မင္းသားေခ်ာ Leonardo DiCaprio ဟာ မင္းသမီး Camila Morrone နဲ႔ လက္ထပ္ေတာ့မယ္လုိ႔ သတင္းထြက္ေနပါတယ္။ Camila Morrone ဟာ (၂၁) ႏွစ္သာရွိေသးၿပီး အသက္ကြာဟခ်က္က (၂၃) ႏွစ္ေတာင္ရွိတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ခ်စ္သူသက္တမ္းဟာ (၁) ႏွစ္ေက်ာ္ရွိခဲ့ၿပီး လက္ရွိအခ်ိန္မွာ မခြဲႏုိင္မခြာရက္ေအာင္ နားလည္မႈခုိင္ျမဲခဲ့ၿပီျဖစ္ပါတယ္။

Leonardo DiCaprio ဟာ အရင္တုန္းက Emma Bunton ၊ Bijou Phillips ၊ Kristen Zang ၊ Emma Miller ၊ Gisele Bündchen နဲ႔ Bar Refaeli တုိ႔လုိ မိန္းမေခ်ာေတြနဲ႔ ခ်စ္သူျဖစ္ခဲ့ေပမယ့္ Camila Morrone ေလာက္ ဘယ္သူ႕ကုိမွ မခ်စ္ခဲ့ပါဘူးလုိ႔ သိရပါတယ္။ ၂ဝ၁၉ခုႏွစ္မွာ လက္ထပ္ဖြယ္ရွိၿပီး Leonardo DiCaprio ဟာ ကေလးခ်ီခ်င္ေနၿပီလုိ႔ သတင္းထြက္ေနပါတယ္။

Camila Morrone ရဲ႕ ပေထြးေတာ္စပ္တဲ့ မင္းသားႀကီး Al Pacino နဲ႔ Leonardo DiCaprio တုိ႔ဟာ သူငယ္ခ်င္းအရင္းေတြျဖစ္ၾကၿပီး လြန္ခဲ့တဲ့ (၁ဝ) ႏွစ္ေလာက္တည္းက သူမရဲ႕အိမ္ကုိ အဝင္အထြက္ရွိတယ္လုိ႔ သိရပါတယ္။ အေခ်ာအလွေတြရဲ႕ အလွကြန္ရက္မွာ လူးလြန္႔ဖူးတဲ့ မင္းသားေခ်ာ Leonardo DiCaprio ဟာ Camila Morrone ရဲ႕ ရင္ခြင္မွာ ေမွးစက္ေတာ့မယ္ ထင္ပါရဲ႕ ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Camila Morrone နဲ့ လက်ထပ်တော့မယ်လို့ သတင်းကြီးနေတဲ့ Leonardo DiCaprio

အသက် (၄၄) နှစ်ပြည့်သွားပြီဖြစ်တဲ့ မင်းသားချော Leonardo DiCaprio ဟာ မင်းသမီး Camila Morrone နဲ့ လက်ထပ်တော့မယ်လို့ သတင်းထွက်နေပါတယ်။ Camila Morrone ဟာ (၂၁) နှစ်သာရှိသေးပြီး အသက်ကွာဟချက်က (၂၃) နှစ်တောင်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ချစ်သူသက်တမ်းဟာ (၁) နှစ်ကျော်ရှိခဲ့ပြီး လက်ရှိအချိန်မှာ မခွဲနိုင်မခွာရက်အောင် နားလည်မှုခိုင်မြဲခဲ့ပြီဖြစ်ပါတယ်။

Leonardo DiCaprio ဟာ အရင်တုန်းက Emma Bunton ၊ Bijou Phillips ၊ Kristen Zang ၊ Emma Miller ၊ Gisele Bündchen နဲ့ Bar Refaeli တို့လို မိန်းမချောတွေနဲ့ ချစ်သူဖြစ်ခဲ့ပေမယ့် Camila Morrone လောက် ဘယ်သူ့ကိုမှ မချစ်ခဲ့ပါဘူးလို့ သိရပါတယ်။ ၂ဝ၁၉ခုနှစ်မှာ လက်ထပ်ဖွယ်ရှိပြီး Leonardo DiCaprio ဟာ ကလေးချီချင်နေပြီလို့ သတင်းထွက်နေပါတယ်။

Camila Morrone ရဲ့ ပထွေးတော်စပ်တဲ့ မင်းသားကြီး Al Pacino နဲ့ Leonardo DiCaprio တို့ဟာ သူငယ်ချင်းအရင်းတွေဖြစ်ကြပြီး လွန်ခဲ့တဲ့ (၁ဝ) နှစ်လောက်တည်းက သူမရဲ့အိမ်ကို အဝင်အထွက်ရှိတယ်လို့ သိရပါတယ်။ အချောအလှတွေရဲ့ အလှကွန်ရက်မှာ လူးလွန့်ဖူးတဲ့ မင်းသားချော Leonardo DiCaprio ဟာ Camila Morrone ရဲ့ ရင်ခွင်မှာ မှေးစက်တော့မယ် ထင်ပါရဲ့ ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com