[ZawGyi]
The police are coming.
၂)A number of
The rich get richer.
၎)အခြေအနေပ်ါမူတည်ပြီး ဆုံးဖြတ်တယ်
Crime does not pay.
www.akhayar.com
[Unicode]
အမြဲတမ်း Verb အများလိုက်ရမှာဒါတွေပါ
အင်္ဂလိပ်စာလေ့လာဖြစ်အောင်တစ်ပတ်မှာတစ်ကြိမ် အင်္ဂလိပ်သင်ခန်းစာလေးတွေကိုဖော်ပြပေးရာမှာ အရင်တစ်ပတ်က အမြဲတမ်း Singular Verb လိုက်ရမယ့် Subject တွေအကြောင်းကိုဖော်ပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဘယ် Subject Noun တွေနောက်မှာ Plural Verb အမြဲလိုက်ရမလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
၁)Staff,Personnel,Police  လိုမျိုးအများကိုယ်စားပြုနာမ်တွေ
Staff,Personnel,Police တွေဆိုတာက လူအများကိုကိုယ်စားပြုတဲ့ နာမ်တွေပါ။ ဒီလိုနာမ်တွေရဲ့နောက်မှာ အမြဲတမ်းကြိယာအများလိုက်ပါတယ်။
ဥပမာ- The staff are at a meetng.
The army personnel number seven hundred.
The police are coming.
၂)A number of
အမြဲတမ်းမှတ်ထားရမှာက A number of ဆိုပြီး a သုံးပေမယ့် အမြဲတမ်းအများဖြစ်တယ်ဆိုတာပါပဲ။ A number of ဟာ Several ဖြစ်ပါတယ်။
ဥပမာ – A number of students do not have files.
၃)နာမ်အဖြစ်သုံးတဲ့ တချို့သောနာမဝိသေသနတွေ
the poor,the rich, the educated,the sick, the intelligent လိုမျိုးတွေပါ။ ဒါတွေဟာ လူချမ်းသာများ၊ ဆင်းရဲသားများ၊ ပညာတတ်များ၊ နာမကျန်းဖြစ်သူများ၊ ဉာဏ်ကောင်းသူများ စသဖြင့်အများကိုရည်ညွှန်းတာဖြစ်ပါတယ်။ ဒါကြောင့် ကြိယာအများလိုက်ရပါမယ်။
ဥပမာ – The poor have no housing.
The educated have no problem with jobs.
The rich get richer.
၄)အခြေအနေပါ်မူတည်ပြီး ဆုံးဖြတ်တယ်
တချို့သော နာမ်တွေက ကြိယာအနည်းလိုက်မလား အများလိုက်မလားဆိုတာက Depending on the context ပါ။ အကြောင်းအရာ အခြေအနေပေါ်လိုက်ပြီး ဆုံးဖြတ်ပါတယ်။ ဒီနေရာမှာထူးခြားတာ ခုရှိပါတယ်။
1) Emphasis on group as one unit.
အစုအဝေးတစ်ခုတည်းလို့ သတ်မှတ်တဲ့အခါကြိယာအနည်းလိုက်ပါမယ်။
board, committee,company,management , team, family,government, jury,audience စတာတွေပါ။
ဥပမာ- My family enjoys watching television.
The jury has returned a verdict of ‘Not gulity’. ဒီလို စိတ်တူကိုယ်တူ အစုတစ်ခုတည်းလို့ဆိုနိုင်တဲ့အကြောင်းအရာတွေမှာ ကြိယာအနည်းလိုက်ပြီးတော့…
2) Emphasis on the individuals within the groups.
အဖွဲ့ထဲမှာတင် တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့အခါမျိုး သဘောထားကွဲနေတာမျိုးတွေမှာ ကြိယာအများလိုက်ရပါမယ်။
ဥပမာ- My family have different tastes in food.
The jury are not in agreement over the verdict. ဆိုတာမျိုးပါ။
အဓိပ္ပါယ်ကိုတည်မှီဆုံးဖြတ်မယ်
တချို့သောနာမ်တွေဟာ ကြိယာအနည်းအများလိုက်မလားဆိုတာကို အဓိပ္ပါယ်ပေါ်မူတည်ဆုံးဖြတ်ပါတယ်။ Depending on the meaing ပါ။
1)ဥပမာ- Sound travels faster than the jets.
The thought of the test terrifies him.
Your experience qualifies you.
Crime does not pay.
ဒီလို ကြိယာအနည်းနဲ့ သုံးသလို ဒီလိုကျရင်တော့ အများလိုက်ပါတယ်။
2)ဥပမာ- Sounds of laughter fill the air.
Happy thoughts come to her mind.
His experiences in Spain were exciting.
His crimes are serious. စသဖြင့် ကြိယာအများသုံးပြန်ပါတယ်။
ဒါကြောင့် အားလုံးခွဲခြားမှတ်သားကြဖို့လိုပါတယ်။ မရှင်းတာလေးတွေရှိရင်လည်း ကွန်းမန့်မှာမေးခဲ့နိုင်ပါတယ်နော်။
www.akhayar.com