[Zawgyi]

ဇီဇာေၾကာင္လြန္းတဲ့ နာမည္ေက်ာ္ေဘာလုံးသမားမ်ား (၂)

ကၽြန္ေတာ္တို႔ရဲ႕ ပတ္၀န္းက်င္မွာ ဇီဇာေၾကာင္တဲ့လူေတြကုိ ေတြ႕ဖူးၾကမွာေပ့ါ။ တခ်ိဳ႕ဆုိရင္ ဇီဇာေၾကာင္လြန္းလုိ႔ အေပါင္းအသင္း သိပ္မရွိတဲ့သူေတြလည္း ရွိၾကတယ္။ ဒါဟာ သာမန္လူေတြတင္ မဟုတ္ပါဘူး။ တကယ့္ကုိ ကမၻာေက်ာ္ေဘာလုံးသမား တခ်ိဳ႕မွာလည္း ဇီဇာေၾကာင္တဲ့ အက်င့္စ႐ုိက္ေတြရွိၾကတယ္။ အဲဒီသူေတြက ဘယ္သူေတြလဲဆုိတာ ပရိသတ္ေတြအတြက္ ဗဟုသုတရေအာင္ အပုိင္း(၂)အျဖစ္ ေဖာ္ျပလုိက္ပါတယ္ . . .

အဒီဘာေယာ Adebayor

Adebayor-

Adebayor-

ပရီးမီးယားလိဂ္ရဲ႕ နာမည္ေက်ာ္ တုိက္စစ္မွဴးေဟာင္း အဒီဘာေယာဟာ လုိင္ယြန္အသင္းကုိ ေျပာင္းေရႊ႕ဖုိ႔ နီးစပ္ခဲ့ဖူးတယ္။ ဒါေပမဲ့ သူ႔ရဲ႕ မတန္တဆ လုိအင္ဆႏၵေၾကာင့္ အေျပာင္းအေရႊ႕က ျဖစ္မလာခ့ဲဘူး။ သူ ေတာင္းဆုိတာကုိလည္း ၾကည့္ေလ။ Mediterranean ပယ္လယ္မွာရွိတဲ့ Corsica ကၽြန္းမွာ စံအိမ္ႀကီးတစ္ခု ေဆာက္ေပးရမယ္၊ သီးသန္႔ စားဖုိမွဴးထားေပးရမယ္၊ လာကာဇက္ Alexandre Lacazette ရဲ႕ နံပါတ္ (၁၀)ကုိလည္း ေပးရမယ္ဆုိၿပီး ႀကီးႀကီးက်ယ္က်ယ္ေတြ ေတာင္းဆုိခဲ့တယ္။ ရလဒ္ကေတာ့ လုိင္ယြန္အသင္းဟာ အဒီဘာေယာနဲ႔ အေျပာင္းအေရႊ႕ကိစၥ ေဆြးေႏြးမႈကုိ ရပ္ဆုိင္းခဲ့တာပါပဲ။

လာဗက္ဇီ Lavezzi

Lavezzi

Lavezzi

၂၀၁၆ ခုႏွစ္မွာ ျပင္သစ္ထိပ္သီး PSG အသင္းကေန တ႐ုတ္စူပါလိဂ္ကလပ္ ဟုိင္ေဘေဖာ္ကၽြန္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့ လာဗက္ဇီဟာ ကမၻာ႔၀င္ေငြအေကာင္းဆုံး ေဘာလုံးသမားတစ္ဦးအျဖစ္ ရပ္တည္ေနတာ အားလုံးအသိပါပဲ။ ဒါေပမဲ့ လာဗက္ဇီဟာ အဲဒီေလာက္နဲ႔ မတင္းတိမ္ေသးပါဘူး။ သူက အိမ္ႀကီးအိမ္ေကာင္း (၂)လုံး၊ ကား(၂)စီး၊ ရဟတ္ယာဥ္ (၁)စင္း၊ သီးသန္႔စားဖုိမွဴးေတြ စီစဥ္ေပးဖုိ႔ ဟုိင္ေဘေဖာ္ကၽြန္း တာ၀န္ရွိသူေတြကုိ ေတာင္းဆုိခ့ဲပါေသးတယ္။

ဟူဂုိလုိရစ္ Hugo Lloris

Hugo-Lloris

Hugo-Lloris

စပါးအသင္းရဲ႕ ျပင္သစ္၀ါရင့္ ဂုိးသမားႀကီး ဟူဂုိလုိရစ္က်ေတာ့ တစ္မ်ိဳးတစ္ဘာသာပါ။ စပါးအသင္းနဲ႔ ခ်ဳပ္ဆုိခဲ့တဲ့ စာခ်ဳပ္ထဲမွာ အသင္း ႐ႈံးသည္ျဖစ္ေစ၊ ႏုိင္သည္ျဖစ္ေစ သူ႔ကုိ Bonus ေပးရမယ္ဆုိတဲ့ စည္းကမ္းပါ၀င္ပါတယ္။ အသင္းႏုိင္လုိ႔ Bonus ေပးရတာက သိပ္မဆန္းေပမယ့္ ႐ႈံးပဲြေတြ႕လည္း Bonus ေပးရတာကေတာ့ ရွားပါးလြန္းပါတယ္။ လုိရစ္ရဲ႕ စာခ်ဳပ္ထဲမွာ သူ ပဲြထြက္ကစားမယ္ဆုိရင္ ေပါင္(၇၀၀၀)၊ အသင္းႏုိင္ရင္ ေပါင္(၈၀၀၀၀)၊ သေရ ဒါမွမဟုတ္ ရႈံးသည္ျဖစ္ေစ ေပါင္(၃၅၀၀)ေပးရမယ္လုိ႔ ထည့္သြင္းခ်ဳပ္ဆုိထားတယ္။ လုိရစ္ကုိ ဆုေၾကးမေပးရေအာင္ စပါးအသငး္ကပဲ ၿပိဳင္ဘက္ကုိ တမင္တကာ အ႐ႈံးေပးရမယ့္ပုံပါပဲ။

ဗာမယ္လန္း Vermaelen

Vermaelen

Vermaelen

ဘာစီလုိနာနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တုနး္က ဗာမယ္လန္းဟာ အခ်က္တစ္ခ်က္ကုိ ထည့္သြင္းခဲ့ပါတယ္။ အဲဒါကေတာ့ သူ ပုံမွန္ကစားေနက် Centre Back မဟုတ္ဘဲ တျခားေနရာမွာ ကစားခုိင္းရင္ ယူ႐ုိ(၁)သိန္း ေပးရမယ္ဆုိတဲ့ အခ်က္ပါပဲ။ ဘယ္လုိ ရည္ရြယ္ခ်က္မွန္းေတာ့ မေျပာတတ္ပါဘူး။

အဂၢါ Daniel Agger

Daniel-Agger

Daniel-Agger

လီဗာပူးလ္ ေနာက္ခံလူေဟာင္း ဒန္နီယဲလ္အဂၢါကုိ ပရိသတ္ေတြ မွတ္မိၾကဦးမွာပါ။ ၂၀၁၄ ခုႏွစ္မွာ လီဗာပူးလ္ကေန ဘရြန္ဘီကုိ ႐ုတ္တရက္ ေျပာင္းေရႊ႕ခဲ့သူ အဂၢါဟာ ဘရြန္ဘီနဲ႔ ခ်ဳပ္ဆုိခဲ့တဲ့ စာခ်ဳပ္ထဲမွာ ထူးထူးျခားျခား အခ်က္တစ္ခုကုိ ထည့္သြင္းခဲ့တယ္။ ဒါကေတာ့ ဘရြန္ဘီအသင္းရဲ႕ အိမ္ကြင္းပဲြစဥ္ေတြကစားရင္ အသင္းအက်ႌမွာ သူရဲ႕ ကုမၸဏီျဖစ္တဲ့ Kloagger နာမည္ကုိ ႐ုိက္ႏွိပ္ၿပီး ၀တ္ဆင္ကစားရမယ္ဆုိတဲ့အခ်က္ပါပဲ။ ကုမၸဏီကုိ Promotion ဆင္းတယ္လုိ႔ပဲ ေျပာရမလား။

ဗန္ဒါဗတ္ Van der Vaart

Van-der-Vaart-

Van-der-Vaart-

မၾကာေသးခင္ကမွ ေဘာလုံးသမားဘ၀က အနားယူသြားတဲ့ ဗန္ဒါဗတ္ရဲ႕ ဇီဇာေၾကာင္ပုံကလည္း ထူးဆန္းပါတယ္။ ဘက္တစ္အသင္းမွာ ကစားခဲ့တုန္းက သူ၀တ္ဆင္မယ့္ ေဘာကန္ဖိနပ္အေရာင္ထဲမွာ အနီေရာင္ကလဲြၿပီး က်န္တဲ့ ဘယ္အေရာင္မဆုိ ၀တ္ဆင္ကစားခြင့္ျပဳရမယ္ဆုိတဲ့ အခ်က္ကုိ ထည့္သြင္းခဲ့တာပဲျဖစ္ပါတယ္။

မြိဳက္စ္ကိန္း Moise Kean

Moise-Kean

Moise-Kean

ဒီကစားသမားက နာမည္မႀကီးေပမယ့္ သူ႔အျဖစ္ကလည္း ရယ္စရာေကာင္းလုိ႔ ထည့္သြင္းထားတာပါ။ အသက္(၁၈)ႏွစ္သာ ရွိေသးတဲ့ ဂ်ဴဗင္တပ္စ္လူငယ္ၾကယ္ပြင့္ မြိဳက္စ္ကိန္းဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ အရမ္းနီးစပ္တဲ့အေျခအေနကုိ ေရာက္ၿပီး သူ႔အေဖရဲ႕ ကန္႔ကြက္မႈေၾကာင့္ ပ်က္ျပယ္ခဲ့တာျဖစ္ပါတယ္။ သူ႔အေဖက ဘာလုိ႔ ကန္႔ကြက္တာလဲဆုိေတာ့ ဂ်ဴဗင္တပ္စ္အသင္းဟာ သူတို႔ ကတိေပးထားတဲ့အတိုင္း လယ္ထြန္စက္နဲ႔ စုိက္ပ်ိဳးေရးပစၥည္းေတြကုိ မ၀ယ္ေပးတဲ့အတြက္ေၾကာင့္ စာခ်ဳပ္သစ္ကိစၥကို ကန္႔ကြက္ခဲ့တာပါတဲ့။

ပရိသတ္ႀကီးေရ .. ေဘာလုံးသမားေတြရဲ႕ အက်င့္စ႐ုိက္ေတြကလည္း တစ္မ်ိဳးတစ္ဘာသာပါပဲ။ ပရိသတ္ေတြ ဒီ Article ကုိ ဖတ္ၿပီး ဗဟုသုတရႏုိင္လိမ့္မယ္လုိ႔လည္း ေမွ်ာ္လင့္ပါတယ္ . . .

REF:Marca
Photo:FOX Sports Asia,Pinterest,Evening Standard,Twitter,Yahoo! Sports,ESPN
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဇီဇာကြောင်လွန်းတဲ့ နာမည်ကျော်ဘောလုံးသမားများ (၂)

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဇီဇာကြောင်တဲ့လူတွေကို တွေ့ဖူးကြမှာပေ့ါ။ တချို့ဆိုရင် ဇီဇာကြောင်လွန်းလို့ အပေါင်းအသင်း သိပ်မရှိတဲ့သူတွေလည်း ရှိကြတယ်။ ဒါဟာ သာမန်လူတွေတင် မဟုတ်ပါဘူး။ တကယ့်ကို ကမ္ဘာကျော်ဘောလုံးသမား တချို့မှာလည်း ဇီဇာကြောင်တဲ့ အကျင့်စရိုက်တွေရှိကြတယ်။ အဲဒီသူတွေက ဘယ်သူတွေလဲဆိုတာ ပရိသတ်တွေအတွက် ဗဟုသုတရအောင် အပိုင်း(၂)အဖြစ် ဖော်ပြလိုက်ပါတယ် . . .

အဒီဘာယော Adebayor

Adebayor-

Adebayor-

ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် တိုက်စစ်မှူးဟောင်း အဒီဘာယောဟာ လိုင်ယွန်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့ရဲ့ မတန်တဆ လိုအင်ဆန္ဒကြောင့် အပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘူး။ သူ တောင်းဆိုတာကိုလည်း ကြည့်လေ။ Mediterranean ပယ်လယ်မှာရှိတဲ့ Corsica ကျွန်းမှာ စံအိမ်ကြီးတစ်ခု ဆောက်ပေးရမယ်၊ သီးသန့် စားဖိုမှူးထားပေးရမယ်၊ လာကာဇက် Alexandre Lacazette ရဲ့ နံပါတ် (၁၀)ကိုလည်း ပေးရမယ်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ တောင်းဆိုခဲ့တယ်။ ရလဒ်ကတော့ လိုင်ယွန်အသင်းဟာ အဒီဘာယောနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့တာပါပဲ။

လာဗက်ဇီ Lavezzi

Lavezzi

Lavezzi

၂၀၁၆ ခုနှစ်မှာ ပြင်သစ်ထိပ်သီး PSG အသင်းကနေ တရုတ်စူပါလိဂ်ကလပ် ဟိုင်ဘေဖော်ကျွန်းကို ပြောင်းရွှေ့ခဲ့တဲ့ လာဗက်ဇီဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားတစ်ဦးအဖြစ် ရပ်တည်နေတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ လာဗက်ဇီဟာ အဲဒီလောက်နဲ့ မတင်းတိမ်သေးပါဘူး။ သူက အိမ်ကြီးအိမ်ကောင်း (၂)လုံး၊ ကား(၂)စီး၊ ရဟတ်ယာဉ် (၁)စင်း၊ သီးသန့်စားဖိုမှူးတွေ စီစဉ်ပေးဖို့ ဟိုင်ဘေဖော်ကျွန်း တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါသေးတယ်။

ဟူဂိုလိုရစ် Hugo Lloris

Hugo-Lloris

Hugo-Lloris

စပါးအသင်းရဲ့ ပြင်သစ်ဝါရင့် ဂိုးသမားကြီး ဟူဂိုလိုရစ်ကျတော့ တစ်မျိုးတစ်ဘာသာပါ။ စပါးအသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ အသင်း ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ သူ့ကို Bonus ပေးရမယ်ဆိုတဲ့ စည်းကမ်းပါဝင်ပါတယ်။ အသင်းနိုင်လို့ Bonus ပေးရတာက သိပ်မဆန်းပေမယ့် ရှုံးပွဲတွေ့လည်း Bonus ပေးရတာကတော့ ရှားပါးလွန်းပါတယ်။ လိုရစ်ရဲ့ စာချုပ်ထဲမှာ သူ ပွဲထွက်ကစားမယ်ဆိုရင် ပေါင်(၇၀၀၀)၊ အသင်းနိုင်ရင် ပေါင်(၈၀၀၀၀)၊ သရေ ဒါမှမဟုတ် ရှုံးသည်ဖြစ်စေ ပေါင်(၃၅၀၀)ပေးရမယ်လို့ ထည့်သွင်းချုပ်ဆိုထားတယ်။ လိုရစ်ကို ဆုကြေးမပေးရအောင် စပါးအသင်းကပဲ ပြိုင်ဘက်ကို တမင်တကာ အရှုံးပေးရမယ့်ပုံပါပဲ။

ဗာမယ်လန်း Vermaelen

Vermaelen

Vermaelen

ဘာစီလိုနာနဲ့ စာချုပ်ချုပ်ခဲ့တုန်းက ဗာမယ်လန်းဟာ အချက်တစ်ချက်ကို ထည့်သွင်းခဲ့ပါတယ်။ အဲဒါကတော့ သူ ပုံမှန်ကစားနေကျ Centre Back မဟုတ်ဘဲ တခြားနေရာမှာ ကစားခိုင်းရင် ယူရို(၁)သိန်း ပေးရမယ်ဆိုတဲ့ အချက်ပါပဲ။ ဘယ်လို ရည်ရွယ်ချက်မှန်းတော့ မပြောတတ်ပါဘူး။

အဂ္ဂါ Daniel Agger

Daniel-Agger

Daniel-Agger

လီဗာပူးလ် နောက်ခံလူဟောင်း ဒန်နီယဲလ်အဂ္ဂါကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ ၂၀၁၄ ခုနှစ်မှာ လီဗာပူးလ်ကနေ ဘရွန်ဘီကို ရုတ်တရက် ပြောင်းရွှေ့ခဲ့သူ အဂ္ဂါဟာ ဘရွန်ဘီနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ ထူးထူးခြားခြား အချက်တစ်ခုကို ထည့်သွင်းခဲ့တယ်။ ဒါကတော့ ဘရွန်ဘီအသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေကစားရင် အသင်းအင်္ကျီမှာ သူရဲ့ ကုမ္ပဏီဖြစ်တဲ့ Kloagger နာမည်ကို ရိုက်နှိပ်ပြီး ဝတ်ဆင်ကစားရမယ်ဆိုတဲ့အချက်ပါပဲ။ ကုမ္ပဏီကို Promotion ဆင်းတယ်လို့ပဲ ပြောရမလား။

ဗန်ဒါဗတ် Van der Vaart

Van-der-Vaart-

Van-der-Vaart-

မကြာသေးခင်ကမှ ဘောလုံးသမားဘဝက အနားယူသွားတဲ့ ဗန်ဒါဗတ်ရဲ့ ဇီဇာကြောင်ပုံကလည်း ထူးဆန်းပါတယ်။ ဘက်တစ်အသင်းမှာ ကစားခဲ့တုန်းက သူဝတ်ဆင်မယ့် ဘောကန်ဖိနပ်အရောင်ထဲမှာ အနီရောင်ကလွဲပြီး ကျန်တဲ့ ဘယ်အရောင်မဆို ဝတ်ဆင်ကစားခွင့်ပြုရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းခဲ့တာပဲဖြစ်ပါတယ်။

မွိုက်စ်ကိန်း Moise Kean

Moise-Kean

Moise-Kean

ဒီကစားသမားက နာမည်မကြီးပေမယ့် သူ့အဖြစ်ကလည်း ရယ်စရာကောင်းလို့ ထည့်သွင်းထားတာပါ။ အသက်(၁၈)နှစ်သာ ရှိသေးတဲ့ ဂျူဗင်တပ်စ်လူငယ်ကြယ်ပွင့် မွိုက်စ်ကိန်းဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အရမ်းနီးစပ်တဲ့အခြေအနေကို ရောက်ပြီး သူ့အဖေရဲ့ ကန့်ကွက်မှုကြောင့် ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ သူ့အဖေက ဘာလို့ ကန့်ကွက်တာလဲဆိုတော့ ဂျူဗင်တပ်စ်အသင်းဟာ သူတို့ ကတိပေးထားတဲ့အတိုင်း လယ်ထွန်စက်နဲ့ စိုက်ပျိုးရေးပစ္စည်းတွေကို မဝယ်ပေးတဲ့အတွက်ကြောင့် စာချုပ်သစ်ကိစ္စကို ကန့်ကွက်ခဲ့တာပါတဲ့။

ပရိသတ်ကြီးရေ .. ဘောလုံးသမားတွေရဲ့ အကျင့်စရိုက်တွေကလည်း တစ်မျိုးတစ်ဘာသာပါပဲ။ ပရိသတ်တွေ ဒီ Article ကို ဖတ်ပြီး ဗဟုသုတရနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် . . .

REF:Marca
Photo:FOX Sports Asia,Pinterest,Evening Standard,Twitter,Yahoo! Sports,ESPN
Naing Linn(Akhayar)
www.akhayar.com