[Zawgyi]

ဇီဇာေၾကာင္လြန္းတဲ့ နာမည္ေက်ာ္ေဘာလုံးသမားမ်ား (၁)

ကၽြန္ေတာ္တို႔ရဲ႕ ပတ္၀န္းက်င္မွာ ဇီဇာေၾကာင္တဲ့လူေတြကုိ ေတြ႕ဖူးၾကမွာေပ့ါ။ တခ်ိဳ႕ဆုိရင္ ဇီဇာေၾကာင္လြန္းလုိ႔ အေပါင္းအသင္း သိပ္မရွိတဲ့သူေတြလည္း ရွိၾကတယ္။ ဒါဟာ သာမန္လူေတြတင္ မဟုတ္ပါဘူး။ တကယ့္ကုိ ကမၻာေက်ာ္ေဘာလုံးသမား တခ်ိဳ႕မွာလည္း ဇီဇာေၾကာင္တဲ့ အက်င့္စ႐ုိက္ေတြရွိၾကတယ္။ အဲဒီသူေတြက ဘယ္သူေတြလဲဆုိတာ ပရိသတ္ေတြအတြက္ ဗဟုသုတရေအာင္ ေဖာ္ျပလုိက္ပါတယ္ . . .

ေရာ္နယ္လ္ဒင္ဟုိ Ronaldinho

Ronaldinho-fashion

Ronaldinho-fashion

ဘရာဇီးလ္နဲ႔ ဘာစီလုိနာ ဂႏၳ၀င္ကစားသမား ေရာ္နယ္လ္ဒင္ဟုိဟာ ကစားသမားဘ၀ အဆုံးသတ္ခါနီးမွာ မကၠဆီကုိကလပ္ Querétaro အသင္းမွာ တစ္ရာသီ ကစားခဲ့ဖူးတယ္။ သူ႔ကုိ ေခၚဖုိ႔ Querétaro အသင္း ရင္းခဲ့ရတာက မနည္းပါဘူး။ ေရာ္နယ္လ္ဒင္ဟုိက အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ ေဆြေႏြးတဲ့အထဲမွာ သူ႔ကုိ ေခၚမယ္ဆုိရင္ ေရကူးကန္ပါတဲ့ အိမ္၊ သဲေသာင္ျပင္ေဘာလုံးကြင္းနဲ႔ ေဘာလုံးကြင္းအေသးစား တစ္ခု၊ အိမ္အကူ (၄)ေယာက္ စီစဥ္သတ္မွတ္ေပးရမယ္လုိ႔ ေတာင္းဆုိခဲ့လုိ႔ပါပဲ။

ဂ်ာဗင္ဟုိ Gervinho

Gervinho

Gervinho

ဂ်ာဗင္ဟုိကလည္း ေရာ္နယ္လ္ဒင္ဟုိ လုိပါပဲ။ တ႐ုတ္စူပါလိဂ္ကလပ္ ဟုိင္ေဘေဖာ္ကၽြန္းအသင္းနဲ႔ အေျပာင္းအေရႊ႕ကိစၥ ေဆြးေႏြးေနတုနး္မွာ သူက သီးသန္႔ကမ္းေျခတစ္ခု၊ သူ႔မိသားစုေနဖုိ႔အတြက္ အေကာင္းစား အိမ္ႀကီးရခုိင္တစ္လုံး၊ ရဟတ္ယာဥ္တစ္စင္း ေပးဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး၊ အုိင္ဗရီကုိ႔စ္ကုိ ျပန္ခ်င္တဲ့အခ်ိန္ျပန္လုိ႔ရေအာင္ ေလယာဥ္လက္မွတ္ စီစဥ္ေပးရမယ္ဆုိတာကလည္း ပါပါေသးတယ္။

မာရာဒုိနာ Diego Maradona

Maradona

Maradona

အာဂ်င္တီးနား ဂႏၳ၀င္ မာရာဒုိနာရဲ႕ ေတာင္းဆုိမႈက အေပၚက ႏွစ္ေယာက္ေလာက္ သိပ္မမ်ားပါဘူး။ ယူေအအီးကလပ္ Al Wasl အသင္းနည္းျပအျဖစ္ ေဆာင္ရြက္ဖုိ႔ ကမ္းလွမ္းေတာ့ မာရာဒုိနာက သူ႔သမီးနဲ႔ ေျမးရွိရာ စပိန္ႏုိင္ငံကုိ အခ်ိန္မေရြးသြားႏုိင္ဖုိ႔ သီးသန္႔ရဟတ္ယာဥ္ စီစဥ္ေပးရမယ္လုိ႔ ေတာင္းဆုိခဲ့ၿပီး Al Wasl အသင္းကလည္း သေဘာတူညီခဲ့တယ္။ ဒါေပမဲ့ အဲဒီရဟတ္ယာဥ္ကုိ မာရာဒုိနာ သိပ္ေတာင္ မစီးလုိက္ရပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ (၁)ႏွစ္ေလာက္အၾကာမွာပဲ ရာထူးက ထုတ္ပယ္ခံလုိက္ရလုိ႔ပါပဲ။

ေနမာ Neymar

Neymar

Neymar

PSG အသင္းနဲ႔ ေနမာရဲ႕ အေျပာင္းအေရႊ႕ကိစၥမွာ လူသိပ္မသိတဲ့အခ်က္ေတြ ရွိခဲ့တယ္။ ေနမာဟာ သူေပးရမယ့္ အခြန္ေငြကုိ ကာမိေအာင္လုိ႔ (၁)ႏွစ္လစာကုိ ယူ႐ုိ(၂၅)သန္း ေတာင္းဆုိခဲ့တဲ့အျပင္ ပါရီမွာ သူ႔နာမည္နဲ႔ ဟုိတယ္တခ်ိဳ႕ တည္ေဆာက္ေပးရမယ္လုိ႔ ေတာင္းဆုိခဲ့တယ္။ PSG အသင္းပုိင္ရွင္ Al-Khelaifi က သေဘာမတူခဲ့လုိ႔ အေစာပုိင္းမွာ ေဆြးေႏြးမႈ ၾကန္႔ၾကာခဲ့ေပမယ့္ ေနာက္ပုိင္းမွေတာ့ ဘယ္လုိျဖစ္သြားလဲမသိ၊ ေနမာလည္း PSG အသင္းကုိ ေျပာင္းေရႊခဲ့ပါတယ္။

စီေရာ္နယ္လ္ဒုိ Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

နာမည္ႀကီး ေပၚတူဂီကစားသမား စီေရာ္နယ္လ္ဒုိရဲ႕ သူ႔ အလုပ္သမားေတြကုိ သတ္မွတ္ထားတဲ့ စည္းကမ္းသတ္မွတ္ခ်က္ကမွ တကယ့္ကုိ အံ့အားသင့္စရာ။ သူ႔ အိမ္မွာ အလုပ္လုပ္မယ့္ အိမ္အလုပ္သမားေတြကုိ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈတစ္ခု သတ္မွတ္ထားတယ္။ အဲဒါကေတာ့ သူ႔ရဲ႕ ျပင္ပဘ၀ေနထုိင္ပုံေတြ၊ အိမ္တြင္းေရး လွ်ိဳ႕၀ွက္ခ်က္ေတြကုိ စီေရာ္နယ္လ္ဒုိ ဒါမွမဟုတ္ သူ႔ရဲ႕ေနာက္ဆုံး ေဆြမ်ိဳးေတြ ေသဆုံးၿပီးတဲ့ေနာက္ ႏွစ္ေပါင္း(၇၀)အထိ အျပင္မွာ မေပါက္ၾကားေအာင္ ထိန္းသိမ္းထားဖုိ႔ပါပဲ။ ဘာေတြမ်ား လွ်ိဳ႕၀ွက္ခ်က္ ႀကီးႀကီးမားမား ရွိလဲေတာ့ မသိပါဘူး။

ပရိသတ္ႀကီးေရ .. ဒါကေတာ့ နာမည္ေက်ာ္ ေဘာလုံးသမားေတြရဲ႕ ႐ူးေၾကာင္ေၾကာင္ႏုိင္တဲ့ စည္းကမ္းသတ္မွတ္ခ်က္ေတြျဖစ္ပါတယ္။ သူတို႔တင္မကေသးပါဘူး၊ တျခားနာမည္ေက်ာ္ ကစားသမားေတြလည္း ရွိပါေသးတယ္။ အဲဒါကုိေတာ့ အပုိင္း(၂)အျဖစ္ ဆက္လက္ေဖာ္ျပသြားမွာျဖစ္လုိ႔ ေစာင့္ေမွ်ာ္ဖတ္႐ႈၾကပါဦး . . .

REF:Marca
Photo:The Independent,10z Soccer,SoccerBible,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဇီဇာကြောင်လွန်းတဲ့ နာမည်ကျော်ဘောလုံးသမားများ (၁)

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဇီဇာကြောင်တဲ့လူတွေကို တွေ့ဖူးကြမှာပေ့ါ။ တချို့ဆိုရင် ဇီဇာကြောင်လွန်းလို့ အပေါင်းအသင်း သိပ်မရှိတဲ့သူတွေလည်း ရှိကြတယ်။ ဒါဟာ သာမန်လူတွေတင် မဟုတ်ပါဘူး။ တကယ့်ကို ကမ္ဘာကျော်ဘောလုံးသမား တချို့မှာလည်း ဇီဇာကြောင်တဲ့ အကျင့်စရိုက်တွေရှိကြတယ်။ အဲဒီသူတွေက ဘယ်သူတွေလဲဆိုတာ ပရိသတ်တွေအတွက် ဗဟုသုတရအောင် ဖော်ပြလိုက်ပါတယ် . . .

ရော်နယ်လ်ဒင်ဟို Ronaldinho

Ronaldinho-fashion

Ronaldinho-fashion

ဘရာဇီးလ်နဲ့ ဘာစီလိုနာ ဂန္ထဝင်ကစားသမား ရော်နယ်လ်ဒင်ဟိုဟာ ကစားသမားဘ၀ အဆုံးသတ်ခါနီးမှာ မက္ကဆီကိုကလပ် Querétaro အသင်းမှာ တစ်ရာသီ ကစားခဲ့ဖူးတယ်။ သူ့ကို ခေါ်ဖို့ Querétaro အသင်း ရင်းခဲ့ရတာက မနည်းပါဘူး။ ရော်နယ်လ်ဒင်ဟိုက အသင်းနဲ့ စာချုပ်ချုပ်ဆိုဖို့ ဆွေနွေးတဲ့အထဲမှာ သူ့ကို ခေါ်မယ်ဆိုရင် ရေကူးကန်ပါတဲ့ အိမ်၊ သဲသောင်ပြင်ဘောလုံးကွင်းနဲ့ ဘောလုံးကွင်းအသေးစား တစ်ခု၊ အိမ်အကူ (၄)ယောက် စီစဉ်သတ်မှတ်ပေးရမယ်လို့ တောင်းဆိုခဲ့လို့ပါပဲ။

ဂျာဗင်ဟို Gervinho

Gervinho

Gervinho

ဂျာဗင်ဟိုကလည်း ရော်နယ်လ်ဒင်ဟို လိုပါပဲ။ တရုတ်စူပါလိဂ်ကလပ် ဟိုင်ဘေဖော်ကျွန်းအသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေတုန်းမှာ သူက သီးသန့်ကမ်းခြေတစ်ခု၊ သူ့မိသားစုနေဖို့အတွက် အကောင်းစား အိမ်ကြီးရခိုင်တစ်လုံး၊ ရဟတ်ယာဉ်တစ်စင်း ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး၊ အိုင်ဗရီကို့စ်ကို ပြန်ချင်တဲ့အချိန်ပြန်လို့ရအောင် လေယာဉ်လက်မှတ် စီစဉ်ပေးရမယ်ဆိုတာကလည်း ပါပါသေးတယ်။

မာရာဒိုနာ Diego Maradona

Maradona

Maradona

အာဂျင်တီးနား ဂန္ထဝင် မာရာဒိုနာရဲ့ တောင်းဆိုမှုက အပေါ်က နှစ်ယောက်လောက် သိပ်မများပါဘူး။ ယူအေအီးကလပ် Al Wasl အသင်းနည်းပြအဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းတော့ မာရာဒိုနာက သူ့သမီးနဲ့ မြေးရှိရာ စပိန်နိုင်ငံကို အချိန်မရွေးသွားနိုင်ဖို့ သီးသန့်ရဟတ်ယာဉ် စီစဉ်ပေးရမယ်လို့ တောင်းဆိုခဲ့ပြီး Al Wasl အသင်းကလည်း သဘောတူညီခဲ့တယ်။ ဒါပေမဲ့ အဲဒီရဟတ်ယာဉ်ကို မာရာဒိုနာ သိပ်တောင် မစီးလိုက်ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ (၁)နှစ်လောက်အကြာမှာပဲ ရာထူးက ထုတ်ပယ်ခံလိုက်ရလို့ပါပဲ။

နေမာ Neymar

Neymar

Neymar

PSG အသင်းနဲ့ နေမာရဲ့ အပြောင်းအရွှေ့ကိစ္စမှာ လူသိပ်မသိတဲ့အချက်တွေ ရှိခဲ့တယ်။ နေမာဟာ သူပေးရမယ့် အခွန်ငွေကို ကာမိအောင်လို့ (၁)နှစ်လစာကို ယူရို(၂၅)သန်း တောင်းဆိုခဲ့တဲ့အပြင် ပါရီမှာ သူ့နာမည်နဲ့ ဟိုတယ်တချို့ တည်ဆောက်ပေးရမယ်လို့ တောင်းဆိုခဲ့တယ်။ PSG အသင်းပိုင်ရှင် Al-Khelaifi က သဘောမတူခဲ့လို့ အစောပိုင်းမှာ ဆွေးနွေးမှု ကြန့်ကြာခဲ့ပေမယ့် နောက်ပိုင်းမှတော့ ဘယ်လိုဖြစ်သွားလဲမသိ၊ နေမာလည်း PSG အသင်းကို ပြောင်းရွှေခဲ့ပါတယ်။

စီရော်နယ်လ်ဒို Cristiano Ronaldo

Cristiano-Ronaldo

Cristiano-Ronaldo

နာမည်ကြီး ပေါ်တူဂီကစားသမား စီရော်နယ်လ်ဒိုရဲ့ သူ့ အလုပ်သမားတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်ကမှ တကယ့်ကို အံ့အားသင့်စရာ။ သူ့ အိမ်မှာ အလုပ်လုပ်မယ့် အိမ်အလုပ်သမားတွေကို ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုတစ်ခု သတ်မှတ်ထားတယ်။ အဲဒါကတော့ သူ့ရဲ့ ပြင်ပဘဝနေထိုင်ပုံတွေ၊ အိမ်တွင်းရေး လျှို့ဝှက်ချက်တွေကို စီရော်နယ်လ်ဒို ဒါမှမဟုတ် သူ့ရဲ့နောက်ဆုံး ဆွေမျိုးတွေ သေဆုံးပြီးတဲ့နောက် နှစ်ပေါင်း(၇၀)အထိ အပြင်မှာ မပေါက်ကြားအောင် ထိန်းသိမ်းထားဖို့ပါပဲ။ ဘာတွေများ လျှို့ဝှက်ချက် ကြီးကြီးမားမား ရှိလဲတော့ မသိပါဘူး။

ပရိသတ်ကြီးရေ .. ဒါကတော့ နာမည်ကျော် ဘောလုံးသမားတွေရဲ့ ရူးကြောင်ကြောင်နိုင်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေဖြစ်ပါတယ်။ သူတို့တင်မကသေးပါဘူး၊ တခြားနာမည်ကျော် ကစားသမားတွေလည်း ရှိပါသေးတယ်။ အဲဒါကိုတော့ အပိုင်း(၂)အဖြစ် ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး . . .

REF:Marca
Photo:The Independent,10z Soccer,SoccerBible,
Naing Linn(Akhayar)
www.akhayar.com