[Zawgyi]

မန္ယူနည္းျပရာထူးအတြက္ ပိုေရပန္းစားလာတဲ႔ ဇီဒန္း Zidane

မန္ယူနည္းျပရာထူးအတြက္ ရီးယဲလ္မက္ဒရစ္အသင္းနည္းျပေဟာင္း ဇီဒန္း Zidane ဟာပိုေရပန္းစားလာတယ္လို႔ သိရျပီး မန္ယူအသင္းဟာ စပါးအသင္းကို ႐ံႈးနိမ္႔ခဲ႔တာေၾကာင္႔ ဇီဒန္း Zidane ဟာ ေရပန္းစားမႈပိုျမင္႔တက္လာခဲ႔တာပါ။ မန္ယူအသင္းနည္းျပ ေမာ္ရင္ဟို Mourinho ရဲ႕ လက္ရိွအေျခအေနဟာ ၾကိဳးတန္းေပၚမွာေလွ်ာက္ေနရတဲ႔ အေနအထားျဖစ္ေနပါတယ္။ ဇီဒန္း Zidane ဟာ မန္ယူနည္းျပရာထူးကို စိတ္၀င္စားတယ္လို႔ ၀န္ခံထားတာေၾကာင္႔ အေျခအေနေတြဟာ ေစာင္႔ၾကည္႔ခ်င္စရာျဖစ္လာခဲ႔ပါျပီ။

Zidane

Zidane

စပါးအသင္းကို ႐ံႈးနိမ္႔ခဲ႔ျပီးေနာက္မွာေတာ႔ မန္ယူပရိသတ္အမ်ားစုဟာ ေမာ္ရင္ဟို Mourinho ရဲ႕ေနရာမွာ ဇီဒန္း Zidane နဲ႔အစားထိုးလိုေနၾကတာကို စစ္တမ္းေတြအရသိရပါတယ္။ ဇီဒန္း Zidane ရီးယဲလ္မက္ဒရစ္အသင္းကို စြမ္းေဆာင္ေပးခဲ႔တဲ႔ မွတ္တမ္းေတြေၾကာင္႔ မန္ယူပရိသတ္ေတြဟာ ဇီဒန္း Zidane အေပၚစိတ္၀င္စားမႈျမင္႔တက္ေနၾကတာပါ။ အသက္(၄၆)နွစ္အရြယ္ရိွျပီျဖစ္သူ ဇီဒန္း Zidane ဟာ ရီးယဲလ္မက္ဒရစ္အသင္းကို ေအာင္ျမင္မႈေတြမ်ားစြာ ရွာေဖြေပးခဲ႔သူျဖစ္ပါတယ္။

ဇီဒန္း Zidane ရဲ႕ ရီးယဲလ္မက္ဒရစ္အသင္းနည္းျပဘ၀ ေအာင္ျမင္မႈမ်ား

La Liga: 2016–17
Supercopa de España: 2017
UEFA Champions League: 2015–16, 2016–17, 2017–18
UEFA Super Cup: 2016, 2017
FIFA Club World Cup: 2016, 2017

Ref: CaughtOffside
Photo: Daily Post Nigeria , elpais.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်ယူနည်းပြရာထူးအတွက် ပိုရေပန်းစားလာတဲ့ ဇီဒန်း Zidane

မန်ယူနည်းပြရာထူးအတွက် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်း Zidane ဟာပိုရေပန်းစားလာတယ်လို့ သိရပြီး မန်ယူအသင်းဟာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဇီဒန်း Zidane ဟာ ရေပန်းစားမှုပိုမြင့်တက်လာခဲ့တာပါ။ မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ရဲ့ လက်ရှိအခြေအနေဟာ ကြိုးတန်းပေါ်မှာလျှောက်နေရတဲ့ အနေအထားဖြစ်နေပါတယ်။ ဇီဒန်း Zidane ဟာ မန်ယူနည်းပြရာထူးကို စိတ်ဝင်စားတယ်လို့ ဝန်ခံထားတာကြောင့် အခြေအနေတွေဟာ စောင့်ကြည့်ချင်စရာဖြစ်လာခဲ့ပါပြီ။

Zidane

Zidane

စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ မန်ယူပရိသတ်အများစုဟာ မော်ရင်ဟို Mourinho ရဲ့နေရာမှာ ဇီဒန်း Zidane နဲ့အစားထိုးလိုနေကြတာကို စစ်တမ်းတွေအရသိရပါတယ်။ ဇီဒန်း Zidane ရီးယဲလ်မက်ဒရစ်အသင်းကို စွမ်းဆောင်ပေးခဲ့တဲ့ မှတ်တမ်းတွေကြောင့် မန်ယူပရိသတ်တွေဟာ ဇီဒန်း Zidane အပေါ်စိတ်ဝင်စားမှုမြင့်တက်နေကြတာပါ။ အသက်(၄၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဇီဒန်း Zidane ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို အောင်မြင်မှုတွေများစွာ ရှာဖွေပေးခဲ့သူဖြစ်ပါတယ်။

ဇီဒန်း Zidane ရဲ့ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဘ၀ အောင်မြင်မှုများ

La Liga: 2016–17
Supercopa de España: 2017
UEFA Champions League: 2015–16, 2016–17, 2017–18
UEFA Super Cup: 2016, 2017
FIFA Club World Cup: 2016, 2017

Ref: CaughtOffside
Photo: Daily Post Nigeria , elpais.com
Ko Kyue(Akhayar)
www.akhayar.com