[Zawgyi] 


MacBook Pro 13 Inch



Ref: Engadget 

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

MacBook Pro 2016 နဲ့နောက်ပိုင်း Base Model တွေမှာ Battery ပြဿနာအချို့ရှိနေ

Apple ရဲ့ Battery နဲ့ပတ်သက်တဲ့ ဇာတ်လမ်းက iPhone တွေမှာတင်အဆုံးသတ်မသွားခဲ့ပါဘူး။ 2016 နောက်ပိုင်းမှာ Design အသစ်နဲ့ထုတ်ခဲ့တဲ့ MacBook Pro တွေမှာလည်း Battery နဲ့ပတ်သက်တဲ့ ပြဿနာအချို့ရှိခဲ့ပါတယ်။ MacBook Pro Model တွေအားလုံးမှာဖြစ်တာမျိုးမဟုတ်ပဲ Base Model 13 Inch MacBook Pro တွေမှာ Battery ပွလာတာ၊ ဖောင်းလာတာတွေဖြစ်တာပါ။ 

MacBook Pro 13 Inch

October 2016 ကနေ October 2017 အတွင်းမှာထုတ်လုပ်ထားတဲ့ 13 Inch MacBook Pro Without Touch Bar အချို့ပဲ အခုလို Battery ပြဿနာကြုံရတာဖြစ်တယ်လို့ Apple ကကြေငြာထားပါတယ်။ Battery နဲ့ပတ်သက်လို့ ပြဿနာရှိခဲ့ရင် Apple က Battery အသစ်ပြန်လဲလှယ်ပေးမှာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း Apple Watch Series 2 42mm အလုံးတွေမှာ အခုလိုပဲ Battery ပြဿနာရှိတဲ့သူတွေကို Battery ပြန်လဲလှယ်ပေးဖို့ Apple ကတာဝန်ယူခဲ့ပါတယ်။ 

iPhone 6s နဲ့ iPhone 7 တွေတုန်းကလည်း User တွေက Battery မခံဘူးလို့ Complaint တက်ခဲ့ကြလို့ Smart Battery Case တွေထုတ်ရောင်းခဲ့ပါသေးတယ်။ အဲ့ဒီအချက်တွေကိုကြည့်ရင် Apple က Customer တွေရဲ့စိတ်ကျေနပ်မှုကို အလေးပေးတဲ့ ကုမ္ပဏီတစ်ခုဆိုတာ သိသာပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ Battery ပြဿနာတွေကြောင့် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာမှမရှိခဲ့ဘူးလို့ သိရပါတယ်။ 

Ref: Engadget 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။