[Zawgyi]

Huawei Mate 20 Pro စမတ္ဖုန္းရဲ႕ အထူးျခားဆုံး ဆန္းသစ္မႈေတြက ဘာေတြလဲ?

Huawei မိတ္ဆက္ထားလိုက္တဲ့ Mate 20 Pro စမတ္ဖုန္းက လက္ရွိ Android ဖုန္းေတြထဲမွာ အစြာဆုံး၊ စြမ္းေဆာင္ရည္ အေကာင္းဆုံးဖုန္းတစ္လုံးျဖစ္လာခဲ့ျပီလို႔ ေျပာႏိုင္ေနပါျပီ။ ဘာလို႔လဲဆိုရင္  LG V40 လို Focal Length မတူတဲ့ ကင္မရာ ၃ မ်ိဳးသုံးထားတယ္၊ Vivo Nex လို In-display Fingerprint Sensor သုံးထားတယ္၊ ဒါထက္ အံ့ၾသစရာေကာင္းလာတာက iPhone X လို Face Unlock အသုံးျပဳလို႔ရမယ့္ Authentication ထည့္သြင္းထားတာပါ။

Front View

ဒါေၾကာင့္မလို႔ Old Model ေတြကို အလာေကာင္းေပမယ့္ အခါေညာင္းသြားျပီလို႔ တမင္မေျပာရုံတမယ္ ၂၀၁၈ စမတ္ဖုန္း နည္းပညာသစ္ေတြ Mate 20 Pro ပိုင္ဆိုင္ထားျပီမလို႔ Huawei ၾကြားလုံးထုတ္ေနတာ မဆန္းပါဘူး။ Display ပိုင္းမွာဆိုရင္လည္း Curved Screen သုံးျပီး OLED Panel သုံးထားတဲ့ Galaxy Note 9 ထက္ေတာင္ ပိုသာေနပါေသးတယ္၊ 6.4” Display ကိုမွ 3120 x 1440p Resolution သုံးထားတာမလို႔ အားလုံးထက္ ႏွာတျဖား သာေနတယ္ေျပာရမလား?

Huawei Mate 20 Pro [Front & Back]

ဘက္ထရီပိုင္းမွာလည္း 4,200 mAh Battery သုံးထားျပီမလို႔ Mate 20 Pro ကို ေယဘူယ်သုံးသပ္ၾကည့္မယ္ဆိုရင္ Samsung Galaxy Note 9 ကို တမင္ယွဥ္ထားမွန္းသိသာပါတယ္။ ဘာလို႔လဲဆိုရင္ ဂိမ္းကစားတဲ့ေနရာမွာ 22% ပိုသာတယ္၊ စြမ္းေဆာင္ရည္ သုံးစြဲတဲ့အပိုင္းမွာ Note 9 ထက္ 14% ပိုအစားနည္းတယ္လို႔ Huawei ေျပာဆိုထားလို႔ပါ။

Noticeable Galaxy Note 9 like Edge Screen

ေနာက္ျပီး Flagship စမတ္ဖုန္းတိုင္း Wireless Charging ေထာက္ပံ့ထားျပီဆိုေပမယ့္ Mate 20 Pro ပိုစြာေနတဲ့ တျခားအခ်က္က Qi-Compatible ျဖစ္တဲ့ Device အားလုံးကိုပါ ျပန္အားသြင္းေပးႏိုင္မယ့္အခ်က္ပါ။ ေျပာတာေတာ့ Mate 20 Pro နဲ႔ Note 9 ၊ iPhone XS Max ၊ XS တို႔ကိုပါ Reverse Wireless Charging နဲ႔ အားသြင္းေပးႏိုင္မယ္ဆိုပဲ။

Qi-Charging Pad?

စြမ္းေဆာင္ရည္ပိုင္း အမြမ္းတင္ရဦးမယ္ဆိုရင္လည္း IFA 2018 မွာၾကြားလုံးထုတ္ထားတဲ့ 7nm Kirin 980 Processor နဲ႔ ပြဲထြက္လာတယ္။ Specification အရ Apple A12 Bionic Chip နဲ႔ Transistor အေရတြက္ခ်င္း အတူတူျဖစ္ျပီး Snapdragon 845 ထက္ စြမ္းေဆာင္ရည္ေရာ စြမ္းအင္ေခြ်တာတဲ့အပိုင္းေတြမွာ အားလုံးသာတယ္။

With a powerful Kirin SoC

ေနာက္ျပီး Dedicated Neural Processing Unit သီးသန္႔ပါဝင္လာတယ္၊ ဒီေကာင္က A.I ပိုင္းအတြက္ အားျဖည့္ထားတာျဖစ္ျပီး ကင္မရာပိုင္း၊ System ပိုင္းေတြမွာ P20 Pro ထက္ပိုေကာင္းလာေတာ့မယ္။

Back Cover

ကင္မရာပိုင္းေျပာရဦးမယ္ဆိုရင္ေတာ့ ျပတ္သားတဲ့ပုံရိပ္ေတြရိုက္ကူးဖို႔ Monochrome Sensor အစား Colour Sensor ေျပာင္းသုံးလိုက္ပါျပီ။ Huawei ကေတာ့ Monochrome မလိုအပ္တဲ့အတြက္ ဖယ္ရွားလိုက္တယ္ေျပာဆိုထားျပီး Triple-camera Setup ကို ေျပာရမယ္ဆိုရင္ 20MP ကို Super Wide Shot အတြက္၊ 40MP ကို သာမန္ Wide-angel ရိုက္ဖို႔အတြက္နဲ႔ Telephoto ပိုင္းကိုေတာ့ 8MP Camera ေတြနဲ႔ အားျဖည့္ထားမွာပါ။

Triple Camera with Dual-flash

ဒီလို P20 Pro နဲ႔သိပ္မကြာဘူးယူဆရတဲ့ Triple Camera အျပင္ ေက်ာဘက္ကင္မရာခြက္ထဲမွာ Dual-tone Flash စနစ္ပါလာခဲ့ပါျပီ။ Apple iPhone အသစ္ေတြမွာ မိတ္ဆက္သြားခဲ့သလိုေပါ့။ ေနာက္ျပီး ကင္မရာပိုင္းကို A.I 2.0 Image Processing နဲ႔ ကိုင္တြယ္သြားမွာျဖစ္ျပီး P20 Pro ထက္စာရင္ အမ်ားၾကီးပိုေကာင္းလာျပီလို႔ ေျပာရပါေတာ့မယ္။

Back Camera View

Huawei အဆိုရ ေကာင္းကင္အေရာင္ေနာက္ခံထားျပီး ရိုက္ကူးလိုက္တဲ့ပုံရိပ္တိုင္း ဘယ္ဟာက လူလဲ၊ ေနာက္ကြယ္က Object က ဘာေတြလဲ၊ ေကာင္းကင္ကဘယ္မွာလဲ စသျဖင့္ P20 Pro A.I စနစ္က ေကာင္းေကာင္း မခြဲျခားႏိုင္ခဲ့ဘူးဆိုပါတယ္။ ဒီအခ်က္ကို Mate 20 Pro သုံးထားတဲ့ A.I 2.0 နဲ႔ ေျဖရွင္းထားျပီမလို႔ လုပ္ေဆာင္ခ်က္ပိုအဆင့္ျမင့္လာျပီ ဆိုရပါေတာ့မယ္။

Different Colour Options

ေနာက္ျပီး ဗီဒီယိုရိုက္တဲ့အခါ Classic Movie Colour Modes ထည့္သြင္းထားျပီမလို႔ ရုပ္ရွင္ဆန္ဆန္ Cinematic Mood နဲ႔ ရိုက္ကူး လာႏိုင္ေတာ့မွာပါ။ ဒါေပမယ့္ဒီ Function ကေနရာတိုင္းအလုပ္မလုပ္ဘူးလို႔ အသုံးျပဳသူတခ်ိဳ႕ေျပာဆိုေနတာေတာ့ရွိပါတယ္။

Mate 20 Pro

ဒီလို စိတ္ဝင္စားစရာအားသာခ်က္ေတြနဲ႔ ပြဲထြက္လာတဲ့ Mate 20 Pro ကုိ သုံးသပ္ၾကည့္ရမယ္ဆိုရင္ ကင္မရာပိုင္းနဲ႔ စြမ္းေဆာင္ရည္ပိုေကာင္းလာတယ္လို႔ ေျပာရမွာပါ။ FaceID ၊ In-display Fingerprint ၊ 6.4” OLED Display ၊ 4,200 mAh Battery နဲ႔ IP68 Standard ပါဝင္လာတဲ့အခ်က္ေတြက ျပိဳင္ဖက္ေတြထက္သာေအာင္ ထုတ္ထားမွန္းသိသာေပမယ့္ လက္ေတြ႔မွာေရာ ဘယ္ေလာက္စြမ္းေဆာင္ႏိုင္မလဲ?

Worth to buy?

ေနာက္ဆုံးအေနနဲ႔ Huawei မိတ္ဆက္သြားတာက Mate 20 Pro ကို Hyper Optical Pattern နဲ႔ ေရာင္းခ်သြားဦးမွာျဖစ္ျပီး ရည္ရြယ္ခ်က္က လက္ေဗြရာမထင္ေအာင္၊ ကို္င္ရပိုအစဥ္ေျပေအာင္ သပ္သပ္ဒီဇိုင္းထုတ္ထားတယ္ဆိုတာပါ။ ဒီလို မိတ္ဆက္ထားလိုက္တဲ့ Mate 20 Pro (RAM 6GB ၊ 128GB) ေမာ္ဒယ္ကို $1,215 နဲ႔ ေရာင္းခ်သြားမွာျဖစ္လို႔ ေစ်းအၾကီးဆုံး Android စမတ္ဖုန္းျဖစ္လာခဲ့ျပီလို႔ပဲ ေျပာရေတာ့မွာပါ။ Reviews & Rating ထြက္လာခဲ့လို႔ အျပတ္အသတ္ ကြာေနတယ္၊ ပိုေကာင္းတယ္ဆိုရင္ Mate 20 Pro ဝယ္ကိုင္ဖို႔ အဆင္သင့္ပဲလား?

2B (Akhayar)
www.akhayar.com

[Unicode]

Huawei Mate 20 Pro စမတ်ဖုန်းရဲ့ အထူးခြားဆုံး ဆန်းသစ်မှုတွေက ဘာတွေလဲ?

Huawei မိတ်ဆက်ထားလိုက်တဲ့ Mate 20 Pro စမတ်ဖုန်းက လက်ရှိ Android ဖုန်းတွေထဲမှာ အစွာဆုံး၊ စွမ်းဆောင်ရည် အကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာခဲ့ပြီလို့ ပြောနိုင်နေပါပြီ။ ဘာလို့လဲဆိုရင်  LG V40 လို Focal Length မတူတဲ့ ကင်မရာ ၃ မျိုးသုံးထားတယ်၊ Vivo Nex လို In-display Fingerprint Sensor သုံးထားတယ်၊ ဒါထက် အံ့သြစရာကောင်းလာတာက iPhone X လို Face Unlock အသုံးပြုလို့ရမယ့် Authentication ထည့်သွင်းထားတာပါ။

Front View

ဒါကြောင့်မလို့ Old Model တွေကို အလာကောင်းပေမယ့် အခါညောင်းသွားပြီလို့ တမင်မပြောရုံတမယ် ၂၀၁၈ စမတ်ဖုန်း နည်းပညာသစ်တွေ Mate 20 Pro ပိုင်ဆိုင်ထားပြီမလို့ Huawei ကြွားလုံးထုတ်နေတာ မဆန်းပါဘူး။ Display ပိုင်းမှာဆိုရင်လည်း Curved Screen သုံးပြီး OLED Panel သုံးထားတဲ့ Galaxy Note 9 ထက်တောင် ပိုသာနေပါသေးတယ်၊ 6.4” Display ကိုမှ 3120 x 1440p Resolution သုံးထားတာမလို့ အားလုံးထက် နှာတဖြား သာနေတယ်ပြောရမလား?

Huawei Mate 20 Pro [Front & Back]

ဘက်ထရီပိုင်းမှာလည်း 4,200 mAh Battery သုံးထားပြီမလို့ Mate 20 Pro ကို ယေဘူယျသုံးသပ်ကြည့်မယ်ဆိုရင် Samsung Galaxy Note 9 ကို တမင်ယှဉ်ထားမှန်းသိသာပါတယ်။ ဘာလို့လဲဆိုရင် ဂိမ်းကစားတဲ့နေရာမှာ 22% ပိုသာတယ်၊ စွမ်းဆောင်ရည် သုံးစွဲတဲ့အပိုင်းမှာ Note 9 ထက် 14% ပိုအစားနည်းတယ်လို့ Huawei ပြောဆိုထားလို့ပါ။

Noticeable Galaxy Note 9 like Edge Screen

နောက်ပြီး Flagship စမတ်ဖုန်းတိုင်း Wireless Charging ထောက်ပံ့ထားပြီဆိုပေမယ့် Mate 20 Pro ပိုစွာနေတဲ့ တခြားအချက်က Qi-Compatible ဖြစ်တဲ့ Device အားလုံးကိုပါ ပြန်အားသွင်းပေးနိုင်မယ့်အချက်ပါ။ ပြောတာတော့ Mate 20 Pro နဲ့ Note 9 ၊ iPhone XS Max ၊ XS တို့ကိုပါ Reverse Wireless Charging နဲ့ အားသွင်းပေးနိုင်မယ်ဆိုပဲ။

Qi-Charging Pad?

စွမ်းဆောင်ရည်ပိုင်း အမွမ်းတင်ရဦးမယ်ဆိုရင်လည်း IFA 2018 မှာကြွားလုံးထုတ်ထားတဲ့ 7nm Kirin 980 Processor နဲ့ ပွဲထွက်လာတယ်။ Specification အရ Apple A12 Bionic Chip နဲ့ Transistor အရေတွက်ချင်း အတူတူဖြစ်ပြီး Snapdragon 845 ထက် စွမ်းဆောင်ရည်ရော စွမ်းအင်ချွေတာတဲ့အပိုင်းတွေမှာ အားလုံးသာတယ်။

With a powerful Kirin SoC

နောက်ပြီး Dedicated Neural Processing Unit သီးသန့်ပါဝင်လာတယ်၊ ဒီကောင်က A.I ပိုင်းအတွက် အားဖြည့်ထားတာဖြစ်ပြီး ကင်မရာပိုင်း၊ System ပိုင်းတွေမှာ P20 Pro ထက်ပိုကောင်းလာတော့မယ်။

Back Cover

ကင်မရာပိုင်းပြောရဦးမယ်ဆိုရင်တော့ ပြတ်သားတဲ့ပုံရိပ်တွေရိုက်ကူးဖို့ Monochrome Sensor အစား Colour Sensor ပြောင်းသုံးလိုက်ပါပြီ။ Huawei ကတော့ Monochrome မလိုအပ်တဲ့အတွက် ဖယ်ရှားလိုက်တယ်ပြောဆိုထားပြီး Triple-camera Setup ကို ပြောရမယ်ဆိုရင် 20MP ကို Super Wide Shot အတွက်၊ 40MP ကို သာမန် Wide-angel ရိုက်ဖို့အတွက်နဲ့ Telephoto ပိုင်းကိုတော့ 8MP Camera တွေနဲ့ အားဖြည့်ထားမှာပါ။

Triple Camera with Dual-flash

ဒီလို P20 Pro နဲ့သိပ်မကွာဘူးယူဆရတဲ့ Triple Camera အပြင် ကျောဘက်ကင်မရာခွက်ထဲမှာ Dual-tone Flash စနစ်ပါလာခဲ့ပါပြီ။ Apple iPhone အသစ်တွေမှာ မိတ်ဆက်သွားခဲ့သလိုပေါ့။ နောက်ပြီး ကင်မရာပိုင်းကို A.I 2.0 Image Processing နဲ့ ကိုင်တွယ်သွားမှာဖြစ်ပြီး P20 Pro ထက်စာရင် အများကြီးပိုကောင်းလာပြီလို့ ပြောရပါတော့မယ်။

Back Camera View

Huawei အဆိုရ ကောင်းကင်အရောင်နောက်ခံထားပြီး ရိုက်ကူးလိုက်တဲ့ပုံရိပ်တိုင်း ဘယ်ဟာက လူလဲ၊ နောက်ကွယ်က Object က ဘာတွေလဲ၊ ကောင်းကင်ကဘယ်မှာလဲ စသဖြင့် P20 Pro A.I စနစ်က ကောင်းကောင်း မခွဲခြားနိုင်ခဲ့ဘူးဆိုပါတယ်။ ဒီအချက်ကို Mate 20 Pro သုံးထားတဲ့ A.I 2.0 နဲ့ ဖြေရှင်းထားပြီမလို့ လုပ်ဆောင်ချက်ပိုအဆင့်မြင့်လာပြီ ဆိုရပါတော့မယ်။

Different Colour Options

နောက်ပြီး ဗီဒီယိုရိုက်တဲ့အခါ Classic Movie Colour Modes ထည့်သွင်းထားပြီမလို့ ရုပ်ရှင်ဆန်ဆန် Cinematic Mood နဲ့ ရိုက်ကူး လာနိုင်တော့မှာပါ။ ဒါပေမယ့်ဒီ Function ကနေရာတိုင်းအလုပ်မလုပ်ဘူးလို့ အသုံးပြုသူတချို့ပြောဆိုနေတာတော့ရှိပါတယ်။

Mate 20 Pro

ဒီလို စိတ်ဝင်စားစရာအားသာချက်တွေနဲ့ ပွဲထွက်လာတဲ့ Mate 20 Pro ကို သုံးသပ်ကြည့်ရမယ်ဆိုရင် ကင်မရာပိုင်းနဲ့ စွမ်းဆောင်ရည်ပိုကောင်းလာတယ်လို့ ပြောရမှာပါ။ FaceID ၊ In-display Fingerprint ၊ 6.4” OLED Display ၊ 4,200 mAh Battery နဲ့ IP68 Standard ပါဝင်လာတဲ့အချက်တွေက ပြိုင်ဖက်တွေထက်သာအောင် ထုတ်ထားမှန်းသိသာပေမယ့် လက်တွေ့မှာရော ဘယ်လောက်စွမ်းဆောင်နိုင်မလဲ?

Worth to buy?

နောက်ဆုံးအနေနဲ့ Huawei မိတ်ဆက်သွားတာက Mate 20 Pro ကို Hyper Optical Pattern နဲ့ ရောင်းချသွားဦးမှာဖြစ်ပြီး ရည်ရွယ်ချက်က လက်ဗွေရာမထင်အောင်၊ ကိုင်ရပိုအစဉ်ပြေအောင် သပ်သပ်ဒီဇိုင်းထုတ်ထားတယ်ဆိုတာပါ။ ဒီလို မိတ်ဆက်ထားလိုက်တဲ့ Mate 20 Pro (RAM 6GB ၊ 128GB) မော်ဒယ်ကို $1,215 နဲ့ ရောင်းချသွားမှာဖြစ်လို့ ဈေးအကြီးဆုံး Android စမတ်ဖုန်းဖြစ်လာခဲ့ပြီလို့ပဲ ပြောရတော့မှာပါ။ Reviews & Rating ထွက်လာခဲ့လို့ အပြတ်အသတ် ကွာနေတယ်၊ ပိုကောင်းတယ်ဆိုရင် Mate 20 Pro ဝယ်ကိုင်ဖို့ အဆင်သင့်ပဲလား?

2B (Akhayar)
www.akhayar.com