Period ဆိုတာ မဖိတ်ခေါ်ပေမယ့် အမြဲလည်လည်လာတဲ့ ဧည့်သည်ပါ။ မိန်းကလေးတွေတစ်လတစ်ခါ မခံစားချင်ပေမယ့် ခံစားနေရတဲ့ Period ကာလလေးမှာတော့ စိတ်ခံစားမှုဟာ လုံးဝကိုအထွတ်အထိပ်မှာပါပဲ…ထိလွယ်ရှလွယ် စိတ်ထိခိုက်လွယ်တဲ့ကာလဆိုရင်လည်း မမှားပါဘူး။ ဒီလိုအချိန်လေးတွေမှာ မိန်းကလေးတွေကြား အဖြစ်များတတ်တဲ့ Mood Swing လေးတွေကို အခရာပရိတ်သတ်ကြီးတို့အတွက် ပြောပြပေးလိုက်ပါတယ်နော်…

အရမ်း Sensitive ဖြစ်နေတတ်တာမျိုး

Sensitive ဖြစ်တယ်ဆိုတာ ပုံမှန်အချိန်တွေမှာ သိပ်မသိသာတတ်တဲ့ Mood Swing လေးတစ်ခုပါ…ဒါပေမဲ့ Period ဖြစ်နေတဲ့အချိန်အတောအတွင်းမှာတော့ ဘာကိုမှ ဆတ်ဆတ်ထိမခံဖြစ်တတ်ပါတယ်.။ ပြောရမယ်ဆိုရင် ပုံမှန်အချိန် သူငယ်ချင်းအချင်းချင်းစနောက်ပြောဆိုတာမျိုးက ပြသာနာမရှိပေမဲ့ Period ကာလအတွင်းမှာဆိုရင်တော့ အရမ်းကိုစိတ်ထိခိုက်ခံစားလွယ်တာကြောင့် ပုံမှန်စနောက်နေကြ စကားလုံးအသေးအဖွဲလေးတွေက သူတို့အတွက် အရမ်းကိုစိတ်ထိခိုက်ခံစားရစေတဲ့ စကားလုံးတွေဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးအပေါင်းအသင်းများတဲ့ ကောင်လေးတွေ အခုလိုအခြေအနေမျိုးမှာ အပြောအဆိုလေးတွေ ဆင်ခြင်နိုင်မှ အဆင်ပြေပါလိမ့်မယ်။

စိတ်ဓာတ်ကျ/စိတ်ပင်ပန်းတာမျိုး

မိန်းကလေးတွေ Period အတွင်းအရမ်းအဖြစ်များတဲ့ Mood Swing တစ်ခုဖြစ်ပါတယ်။ ခုလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ပုံမှန်လုပ်နေကြ အလုပ်ကတောင် ခါတိုင်းထက် သုံးဆလောက် ပိုပင်ပန်းနေတတ်ပါတယ်။ စိတ်ပင်ပန်းမှုတွေကြောင့် စိတ်ဓာတ်ကျပြီးတစ်ယောက်တည်း တွေဝေခံစားနေတတ်တယ်။ မိန်းကလေးတစ်ယောက် Period ကာလအတွင်း ခုလိုခံစားနေရပြီဆိုရင် သူဟာတစ်ယောက်တည်းငိုင်တွေနေပြီး လူများတဲ့နေရာတွေကိုရှောင်မယ် ၊ ကျောင်းတက်နေတဲ့သူဆိုရင်လည်း ကိုယ့်ရဲ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဝေးဝေးမှာ တစ်ယောက်တည်းနေချင်လာတယ်။ ဘာလို့လဲလို့မေးရင်တော့ သူ့မှာသေချာရေရာတဲ့အကြောင်းပြချက်မရှိပါဘူး။ ဒါတွေဟာ သူမရဲ့ ခံစားလွယ်နေတဲ့ Mood Swing ကြောင့်ပါပဲ။

ပုံမှန်ထက်ပိုပြီး အစားမက်လာတာမျိုး

မထင်ရပေမဲ့ Period အချိန်မှာဆိုရင် မိန်းကလေးတွေက ကိုယ်ကိုယ်တိုင်တောင်သတိမထားမိဘဲ အရင်ကထက်ပိုပြီး အစားတွေပိုစားလာတာပါပဲ။ စားနေရရင်ကို စိတ်ကျေနပ်ပြီး ပျော်ရွှင်နေသလိုပါပဲ။ စိတ်ထဲကနေတောင့်တပြီးစားချင်နေတာဖြစ်တဲ့အတွက်ကြောင့် တစ်ချို့ဆိုရင်ကိုယ်ကိုယ်တိုင်တောင်စားလို့စားလိုက်မှန်းမသိကြပါဘူ။း Diet လုပ်နေတဲ့သူတွေအနေနဲ့လည်း အခုလိုအချိန်မှာတော့ အစားအသောက်ဂရုမစိုက်နိုင်တော့ပါဘူး။ ကိုယ့်ရဲ့စိတ်ကိုကိုယ်ပဲဖြည့်ဆည်းပေးနိုင်တာကြောင့် စားချင်တာသာစားလိုက်ကြတော့တာပါပဲ။ ဒါကြောင့် Period ဖြစ်နေတဲ့အချိန်မှာဆိုရင်တော့ သူတို့ကိုသူငယ်ချင်းတွေကပဲဖြစ်ဖြစ် ချစ်သူကောင်လေးကပဲဖြစ်ဖြစ် Chocolate လေးတွေ Candy လေးတွေကို များများဝယ်ကျွေးလိုက်တာနဲ့ သူတို့ရဲ့စိတ်ထိခိုက်ခံစားနေရတာတွေကို သက်သာစေမှာပါ။ (ကိုယ်စားချင်တာပြောပါတယ် ၊ တစ်ယောက်နဲ့တစ်ယောက်တော့မတူဘူးပေါ့)

ပုံမှန်ထက်ပိုပြီး Active ဒါမှမဟုတ် Positive Vibesလေးတွေ ရှိလာတာမျိုး

တစ်ချို့ကောင်မလေးတွေရှိပါတယ်။ ပုံမှန်အချိန်တွေမှာအနေအေးပေမဲ့ Period ကာလအတွင်းမှာဆိုရင်တော့ အရမ်းကို Active ဖြစ်နေတတ်တာမျိုးပါ။ ဒီလို Mood Swing လေးတွေက တွေ့ရခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီခံစားချက်လေးက Period လာတာကို ကြိုက်နှစ်သက်ပြီး စိတ်ကျေနပ်နေတဲ့ မိန်းကလေးတွေမှာပဲ တွေ့ရတာမို့လို့ပါ။ သူတို့အတွက် Period လာတာဟာ စိတ်ပင်ပန်းစရာလို့မမြင်ဘဲ ကောင်းတဲ့အရာလို့ခံစားရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာတော့ သူတို့ဟာ အရင်ကထက်ပိုပြီး တက်ကြွလန်းဆန်းလာတဲ့အပြင် အရာအားလုံးကို သည်းခံနိုင်ပြီး အကောင်းမြင်တတ်နေတာမျိုးလေးပါ။ ပုံမှန်အချိန်မှာတောင် ကိုယ်သည်းမခံနိုင်တဲ့လုပ်ရပ်လေးတွေက အခုလိုအချိန်မှာတော့ သူတို့အတွက် နားလည်ပေးလို့ရတဲ့အရာတွေ ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒီလို Mood Swing မျိုးဖြစ်တတ်တဲ့မိန်းကလေးကိုပိုင်ဆိုင်ထားတဲ့ ချစ်သူကောင်လေးအတွက်တော့ သိပ်ကံကောင်းတယ်လို့ဆိုရမှာပါပဲ။

Period အတွင်းမှာ ဒီထက်မကတဲ့ Mood Swing လေးတွေအများကြီးရှိပါသေးတယ်။ ဒါကြောင့်လည်း Period ဆိုတာက မိန်းကလေးတွေအတွက် အရမ်းကိုနာကျင်ရပြီး စိတ်ခံစားလွယ်တဲ့ကာလအပိုင်းအခြားလေးဖြစ်နေတာပါ။ အခုလို Period ဖြစ်နေတဲ့ ကောင်မလေးတွေကို သူတို့ရဲ့သူငယ်ချင်းလေးတွေ ဒါမှမဟုတ် ချစ်သူကောင်လေးတွေကပဲ ခါတိုင်းထက်ပိုနားလည်ပေးပြီး ပိုဂရုစိုက်ပေးလိုက်ကြဖို့ အကြံပေးချင်ပါတယ်။

Piki (Akhayar)

www.akhayar.com