မန်ယူအသင်းဟာ ဒီရာသီမှာ ဆုဖလား မျှော်လင့်ချက်ကုန်ဆုံးခဲ့ပြီဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း ထိပ်သီး(၄)သင်းစာရင်းဝင်ဖို့က အခက်အခဲတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ဒီအနေအထားတွေကြောင့် နည်းပြ ဆိုးလ်ရှား Solskjaer ဟာ အသင်းကို လာမယ့်နွေမှာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး အသစ်ပြန်လည်တည်ဆောက်ဖို့ ဆန္ဒရှိနေပါတယ်။ နည်းပြ ဆိုးလ်ရှား ဟာ လာမယ့်နွေမှာ အပြောင်းအရွှေ့စရိတ်အဖြစ် ပေါင်သန်း(၂၀၀)ကျော်သုံးစွဲဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့်လည်း လာမယ့်ရာသီ မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက စိတ်ဝင်စားစရာကောင်းနေခဲ့တာတော့ အမှန်ပါပဲ။

လက်ရှိမှာလည်း မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဟာ နည်းပြ ဆိုးလ်ရှားကို အနည်းဆုံး ကစားသမားသစ်(၃)ယောက် ခေါ်ယူပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ မန်ယူအသင်းဟာ ဘာစီလိုနာအသင်းကို (၂)ကျော့ပေါင်းရလဒ် ( ၄ – ၀ )နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို (၂)သင်းကြား ကွာခြားချက်ကကြီးမားခဲ့တာကြောင့် ဘုတ်အဖွဲ့က အနည်းဆုံး နာမည်ကျော်ကစားသမား(၃)ယောက်ခေါ်ယူဖို့ ခွင့်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ မန်ယူအသင်းခေါ်ယူဖို့ စိတ်ဝင်စား ပစ်မှတ်ထားနေတဲ့ နာမည်ကျော် ကစားသမားတွေဟာ လက်ရှိမှာ အများအပြားရှိနေတာကြောင့် လာမယ့်ရာသီ မန်ယူအသင်းကို ဘယ်ကစားသမားအသစ်တွေ ရောက်ရှိလာမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Ref: Goal.com
Photo: Burnham & Highbridge Weekly News , VG
Ko Kyue(Akhayar)
www.akhayar.com