[Zawgyi]

အမ်ိဳးသမီးေတြ တစ္ကိုယ္ေတာ္ခရီးသြားႏိုင္ဖို႔“Solo Burma” ပရိုဂရမ္ရိုက္ကူးမယ့္ ေအးျမတ္သူ

သရုပ္ေဆာင္ေအးျမတ္သူက သူမအေနနဲ႔ ခရီးသြားရတာကိုသေဘာက်သလို သူမလိုပဲ ခရီးသြားခ်င္တဲ့အမ်ိဳးသမီးေတြအတြက္ တစ္ကိုယ္ေတာ္ခရီးသြားဖို႔ ခြန္အားျဖစ္ေစဖို႔နဲ႔ ခရီးသြားတဲ့အခါ အမ်ိဳးသမီးေတြ ကိုယ္တိုင္ဦးေဆာင္ႏိုင္ေစဖို႔ရည္ရြယ္ၿပီး “Solo Burma”ဆိုတဲ့ တစ္ကိုယ္ေတာ္ခရီးသြားပရိုဂရမ္ ရုိက္သြားဖို႔ရွိတယ္လို႔ ဆိုပါတယ္။

ခရီးသြားရတာကိုသေဘာက်ႏွစ္သက္ေပမယ့္ ခ်စ္သူေကာင္ေလး ဒါမွမဟုတ္ မိသားစုရဲ႕ဦးေဆာင္မႈ သာမရွိရင္ တစ္ကိုယ္တည္းခရီးသြားဖို႔ မဝံ့မရဲျဖစ္ေနတဲ့ အမ်ိဳးသမီးေတြအတြက္ ဒီပရိုဂရမ္ကရည္ရြယ္ၿပီး သရုပ္ေဆာင္ေအးျမတ္သူကိုယ္တိုင္ တစ္ကိုယ္တည္းခရီးသြားၿပီး တင္ဆက္မယ့္အစီအစဥ္လို႔လည္း သိရပါတယ္။

ဒီ “Solo Burma” ပရိုဂရမ္နဲ႔ပတ္သက္ၿပီး သရုပ္ေဆာင္ေအးျမတ္သူက “ဒီ Solo Burma က မိန္းမတစ္ေယာက္တည္းခရီးသြားတာမ်ဳိး၊ ရည္ရြယ္ခ်က္ကဘာလဲဆိုေတာ့ ျမန္မာအမ်ိဳးသမီးေတြက ဥပမာ ခရီးသြားမယ္ဆိုရင္ ရည္းစားကဦးေဆာင္ရတယ္ ကိုယ္ကသိပ္ဦးေဆာင္စရာမလိုဘူး ေနာက္ကလိုက္ ရံုပဲေပါ့။ အဲလိုမဟုတ္ဘဲ အမ်ိဳးသမီးေတြက ကိုယ္ကိုယ္တိုင္ဦးေဆာင္ႏိုင္တယ္ ကိုယ့္ရဲ႕မိသားစုကို ကိုယ္တိုင္ေခၚႏိုင္တဲ့ အမ်ိဳးသမီးေတြျဖစ္ရမယ္။ ခရီးတစ္ခုသြားမယ္ဆိုရင္ ကိုယ္သြားတတ္တယ္ဆိုရင္ ကိုယ့္မိသားစုကိုေခၚသြားလို႔ရတယ္။ အဓိကကေတာ့ ျမန္မာအမ်ိဳးသမီးေတြစိတ္ဓာတ္ႀကံ႕ခိုင္ေစဖို႔အတြက္ရယ္ အရာရာကို ရဲရဲဝံ့ဝံ့သြားလာႏိုင္ဖို႔ ခရီးေတြသြားရင္တစ္ေယာက္တည္းသြားႏိုင္ဖို႔ အဲဒီလိုေတြရည္ညႊန္းၿပီးေတာ့ ဒီ Solo Burma ဆိုတဲ့ ခရီးသြားပရိုဂရမ္အစီအစဥ္ေလးစၿပီး တည္ျဖစ္ပါတယ္။ ေအးျမတ္သူ အဲဒီဟာကိုသြားပါမယ္၊ သြားမယ့္ေနရာေတြကိုေတာ့ ေလာေလာဆယ္ ႀကိဳမေျပာခ်င္ေသးဘူး၊ သြားတာေတာ့သြားမွာ ေနရာလည္းရွိၿပီးသား။ လုပ္ငန္းေလးအေကာင္အထည္ေပၚတဲ႔အခါ တရားဝင္အသိေပးသြားမွာပါ။ အဓိကရည္ရြယ္ခ်က္ကေတာ့ အမ်ိဳးသမီးေတြဟာ ကိုယ့္ဒူးကုိယ္ခၽြန္ၿပီးေတာ့ လုပ္ႏိုင္တယ္၊ သြားႏိုင္တယ္ဆိုတာကို အဓိက HightLight ျပခ်င္တာပါ”လို႔ သူမကေျပာပါတယ္။

အမ်ိဳးသမီးတစ္ဦးတည္းခရီးသြားမယ့္ “Solo Burma” ပရိုဂရမ္ကို ရုပ္သံခ်န္နယ္မ်ားမွာလည္း ျပသ သြားမွာျဖစ္ၿပီး အစီအစဥ္အေသးစိတ္ကိုေတာ့ ထပ္မံေၾကျငာေပးသြားမယ္လို႔ဆိုပါတယ္။ မၾကာေသးမီကမွ MRTV Entertainment ခ်န္နယ္ကေန ထုတ္လႊင့္ျပသခဲ့တဲ့ သရုပ္ေဆာင္ေအးျမတ္သူရဲ႕ Expedition Myanmar အစီအစဥ္နဲ႔သြားခဲ့တဲ့ ခရီးသြားပရိုဂရမ္ဟာလည္း ပရိသတ္ေတြႏွစ္ၿခိဳက္ အားေပးမႈကို ရရွိခဲ့ပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အမျိုးသမီးတွေ တစ်ကိုယ်တော်ခရီးသွားနိုင်ဖို့ “Solo Burma” ပရိုဂရမ်ရိုက်ကူးမယ့် အေးမြတ်သူ

သရုပ်ဆောင်အေးမြတ်သူက သူမအနေနဲ့ ခရီးသွားရတာကိုသဘောကျသလို သူမလိုပဲ ခရီးသွားချင်တဲ့အမျိုးသမီးတွေအတွက် တစ်ကိုယ်တော်ခရီးသွားဖို့ ခွန်အားဖြစ်စေဖို့နဲ့ ခရီးသွားတဲ့အခါ အမျိုးသမီးတွေ ကိုယ်တိုင်ဦးဆောင်နိုင်စေဖို့ရည်ရွယ်ပြီး “Solo Burma”ဆိုတဲ့ တစ်ကိုယ်တော်ခရီးသွားပရိုဂရမ် ရိုက်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

ခရီးသွားရတာကိုသဘောကျနှစ်သက်ပေမယ့် ချစ်သူကောင်လေး ဒါမှမဟုတ် မိသားစုရဲ့ဦးဆောင်မှု သာမရှိရင် တစ်ကိုယ်တည်းခရီးသွားဖို့ မဝံ့မရဲဖြစ်နေတဲ့ အမျိုးသမီးတွေအတွက် ဒီပရိုဂရမ်ကရည်ရွယ်ပြီး သရုပ်ဆောင်အေးမြတ်သူကိုယ်တိုင် တစ်ကိုယ်တည်းခရီးသွားပြီး တင်ဆက်မယ့်အစီအစဉ်လို့လည်း သိရပါတယ်။

ဒီ “Solo Burma” ပရိုဂရမ်နဲ့ပတ်သက်ပြီး သရုပ်ဆောင်အေးမြတ်သူက “ဒီ Solo Burma က မိန်းမတစ်ယောက်တည်းခရီးသွားတာမျိုး၊ ရည်ရွယ်ချက်ကဘာလဲဆိုတော့ မြန်မာအမျိုးသမီးတွေက ဥပမာ ခရီးသွားမယ်ဆိုရင် ရည်းစားကဦးဆောင်ရတယ် ကိုယ်ကသိပ်ဦးဆောင်စရာမလိုဘူး နောက်ကလိုက် ရုံပဲပေါ့။ အဲလိုမဟုတ်ဘဲ အမျိုးသမီးတွေက ကိုယ်ကိုယ်တိုင်ဦးဆောင်နိုင်တယ် ကိုယ့်ရဲ့မိသားစုကို ကိုယ်တိုင်ခေါ်နိုင်တဲ့ အမျိုးသမီးတွေဖြစ်ရမယ်။ ခရီးတစ်ခုသွားမယ်ဆိုရင် ကိုယ်သွားတတ်တယ်ဆိုရင် ကိုယ့်မိသားစုကိုခေါ်သွားလို့ရတယ်။ အဓိကကတော့ မြန်မာအမျိုးသမီးတွေစိတ်ဓာတ်ကြံ့ခိုင်စေဖို့အတွက်ရယ် အရာရာကို ရဲရဲဝံ့ဝံ့သွားလာနိုင်ဖို့ ခရီးတွေသွားရင်တစ်ယောက်တည်းသွားနိုင်ဖို့ အဲဒီလိုတွေရည်ညွှန်းပြီးတော့ ဒီ Solo Burma ဆိုတဲ့ ခရီးသွားပရိုဂရမ်အစီအစဉ်လေးစပြီး တည်ဖြစ်ပါတယ်။ အေးမြတ်သူ အဲဒီဟာကိုသွားပါမယ်၊ သွားမယ့်နေရာတွေကိုတော့ လောလောဆယ် ကြိုမပြောချင်သေးဘူး၊ သွားတာတော့သွားမှာ နေရာလည်းရှိပြီးသား။ လုပ်ငန်းလေးအကောင်အထည်ပေါ်တဲ့အခါ တရားဝင်အသိပေးသွားမှာပါ။ အဓိကရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီးတော့ လုပ်နိုင်တယ်၊ သွားနိုင်တယ်ဆိုတာကို အဓိက HightLight ပြချင်တာပါ”လို့ သူမကပြောပါတယ်။

အမျိုးသမီးတစ်ဦးတည်းခရီးသွားမယ့် “Solo Burma” ပရိုဂရမ်ကို ရုပ်သံချန်နယ်များမှာလည်း ပြသ သွားမှာဖြစ်ပြီး အစီအစဉ်အသေးစိတ်ကိုတော့ ထပ်မံကြေငြာပေးသွားမယ်လို့ဆိုပါတယ်။ မကြာသေးမီကမှ MRTV Entertainment ချန်နယ်ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ သရုပ်ဆောင်အေးမြတ်သူရဲ့ Expedition Myanmar အစီအစဉ်နဲ့သွားခဲ့တဲ့ ခရီးသွားပရိုဂရမ်ဟာလည်း ပရိသတ်တွေနှစ်ခြိုက် အားပေးမှုကို ရရှိခဲ့ပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။