[Zawgyi]



Solari

Solari



Melilla 0 – 4 Real Madrid

Ref: BBC Sports
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်လာတဲ့ ဆိုလာရီ Solari

ရီးယဲလ်အသင်းဟာ ယာယီနည်းပြ ဆိုလာရီ Solari ကို အမြဲတမ်းနည်းပြအဖြစ် ရာသီကုန်အထိ ပြောင်းလဲခန့်အပ်လိုက်ပြီလို့သိရပါတယ်။ ရလဒ်တွေဆိုးရွားခဲ့တဲ့ လိုပယ်တက်ဂီ Lopetgui ကို ရီးယဲလ်အသင်းဟာ ထုတ်ပယ်အပြီးမှာတော့ ဆိုလာရီ ကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ ဆိုလာရီဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့သလို ရီးယဲလ်အသင်းဟာလည်း တိုးတက်မှုတွေရှိလာခဲတာကြောင့် အခုလိုမျိုး အမြဲတမ်းနည်းပြဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

Solari

Solari

ဆိုလာရီ ဟာ ရီးယဲလ်နည်းပြဘဝအစ (၄)ပွဲဆက်နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဒါဟာ အသင်းသမိုင်းမှာ ကောင်းမွန်တဲ့ မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီ(၄)ပွဲမှာ ရီးယဲလ်ဟာ သွင်းဂိုး(၁၅)ဂိုးသွင်းယူနိုင်ခဲ့ပြီး (၂)ဂိုးသာခွင့်ပြုခဲ့ရပါတယ်။ လက်ရှိမှာ ရီးယဲလ်အသင်းဟာ လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့(၄)မှတ်သာ ကွာဟနေတာကြောင့် ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေသလို ဆိုလာရီ ဟာလည်း ဇီဒန်း Zidane ရဲ့ ခြေရာကိုလိုက်နင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဆိုလာရီ လက်ထက် ရီးယဲလ်မက်ဒရစ်အသင်း ရလဒ်များ

Melilla 0 – 4 Real Madrid
Real Madrid 2 – 0 Real Valladolid
Viktoria Plzeň 0 – 5 Real Madrid
Celta de Vigo 2 – 4 Real Madrid

Ref: BBC Sports
Photo: ESPN.com , konectados radio – villa regina
Ko Kyue(Akhayar)
www.akhayar.com