[Zawgyi]

ဆုိလာရီ Santiago Solari ဟာ ဇီဒန္း Zidane ေနာက္တစ္ေယာက္ ျဖစ္လာမွာလား

ဆန္တီယာဂိုဆုိလာရီ Santiago Solari အေပၚ ကၽြန္ေတာ္တို႔ရဲ႕ အျမင္ေတြ ေျပာင္းလဲသင့္ဖုိ႔ အခ်ိန္ေရာက္လာၿပီလား။ လူငယ္အသင္း နည္းျပတစ္ဦးအတြက္ ရလဒ္ေတြဆုိးရြားေနတဲ့ ရီးယဲလ္စီနီယာအသင္းကုိ ကုိင္တြယ္ခြင့္ ရခ့ဲတာဟာ ဂုဏ္ယူစရာလုိ႔ ေျပာႏုိင္သလုိ၊ တျခားတစ္ဖက္မွာလည္း စိန္ေခၚမႈေတြ၊ ဖိအားေတြအျပင္ သူ႔ရဲ႕ဘ၀တက္လမ္းပါ ထိခုိက္ႏုိင္မယ့္ အေၾကာင္းအရာေတြက ေစာင့္ႀကိဳေနတယ္။ အခုအခ်ိန္မွာ ဆုိလာရီဟာ စိန္ေခၚမႈေတြ၊ သူ႔အေပၚ ေစာင့္ၾကည့္ေနတဲ့ သံသယမ်က္လုံးေတြကုိ တျဖည္းျဖည္းနဲ႔ ေခ်ဖ်က္ျပေနၿပီ။ ရီးယဲလ္ ယာယီနည္းျပဘ၀မွာ (၃)ပဲြ ကုိင္တြယ္ထားၿပီး (၃)ပဲြႏုိင္ ေပးဂုိးမရွိေအာင္ စြမ္းေဆာင္ခဲ့တယ္။

Santiago-Solari

Santiago-Solari

ပထမဆုံးပဲြမွာ Melilla ကုိ (၄)ဂုိးျပတ္၊ ဒုတိယပဲြမွာ ဗယ္လာဒုိလစ္ကုိ (၂-၀)၊ တတိယေျမာက္ပဲြမွာ ပါလ္ဇန္ကုိ (၅)ဂုိးျပတ္ စတဲ့ ရလဒ္ေတြဟာ ဆုိလာရီအတြက္ အနာဂတ္ေရွ႕ဆက္ဖုိ႔ ခြန္အားေတြပါပဲ။ အသင္းငယ္ေတြနဲ႔ ေတြ႕လုိ႔ပါဆုိတဲ့ အေၾကာင္းျပခ်က္ေတြက ဆုိလာရီရဲ႕ အရည္အေသြးကုိ နိမ့္ခ်သလုိျဖစ္ေစတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ရီးယဲလ္က စိတ္ဓာတ္ပ်က္၊ စုစည္းမႈ ကင္းမဲ့ေနခ်ိန္ျဖစ္ၿပီး အဲဒီလုိအသင္းကုိ အေတြ႕အႀကံဳ လုံလုံေလာက္ေလာက္ မရွိ၊ ျပင္ဆင္ခ်ိန္မရွိဘဲ ကုိင္တြယ္ခဲ့ရခ်ိန္မွာ (၃)ပဲြဆက္ ေပးဂုိးမဲ့ ႏုိင္ပဲြရေအာင္ စြမ္းေဆာင္ခဲ့တဲ့ ဆုိလာရီရဲ႕ အရည္အေသြးကုိ ေသခ်ာေပါက္ အသိအမွတ္ျပဳရမယ္။

Real-Madrid-Players

Real-Madrid-Players

အခုဆုိရင္ ဆုိလာရီဟာ ရီးယဲလ္အသင္း သမုိင္းတစ္ေလွ်ာက္ ပထမဆုံး(၃)ပဲြဆက္ ေပးဂုိးမရွိဘဲ ႏုိင္ပဲြရခဲ့တဲ့ ဒုတိယေျမာက္နည္းျပ အျဖစ္ မွတ္တမ္း၀င္ခဲ့ၿပီ။ ရီးယဲလ္အသင္း သမုိင္းမွာ ပထမဆုံး(၃)ပဲြဆက္ အႏုိင္ရေအာင္ စြမ္းေဆာင္ခဲ့သူက Luis Carniglia ျဖစ္ၿပီး ၁၉၅၇ ခုႏွစ္က ျဖစ္ပါတယ္။ ရီးယဲလ္အသင္းနဲ႔အတူ စံခ်ိန္တင္ ေအာင္ျမင္မႈေတြ ရယူခဲ့ဖူးတ့ဲ ဇီဒန္း Zidane ေတာင္ ဆုိလာရီလုိ မစြမ္းေဆာင္ႏုိင္ခဲ့ဘူး။ ဇီဒန္းတုန္းကလည္း ရီးယဲလ္အသင္းကုိ စကုိင္တုန္းက ဘယ္သူမွ အထင္မႀကီးခဲ့ေပမယ့္ အေကာင္းဆုံး စြမ္းေဆာင္ရည္ျပခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား (၃)ႀကိမ္အပါအ၀င္ ဆုဖလား(၉)ခုအထိ ရယူခဲ့တာပဲမဟုတ္လား။ ဆုိလာရီဟာ ဇီဒန္း ေနာက္တစ္ေယာက္လုိ႔ သတ္မွတ္ဖုိ႔ ေစာလြန္းေပမယ့္ ျဖစ္မလာဘူးလုိ႔လည္း ယတိျပတ္ မေျပာႏုိင္ေသးပါဘူး။ ဒါေပမဲ့ ဆုိလာရီရဲ႕ စြမ္းေဆာင္ရည္ေတြအရ သူ႔ကုိ အခ်ိန္အတိုင္းအတာ တစ္ခုသတ္မွတ္ၿပီး ေစာင့္ၾကည့္သင့္တယ္လုိ႔ေတာ့ ယူဆမိပါတယ္ . . .

Photo:RTVE,Premier League,Managing Madrid,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဆိုလာရီ Santiago Solari ဟာ ဇီဒန်း Zidane နောက်တစ်ယောက် ဖြစ်လာမှာလား

ဆန်တီယာဂိုဆိုလာရီ Santiago Solari အပေါ် ကျွန်တော်တို့ရဲ့ အမြင်တွေ ပြောင်းလဲသင့်ဖို့ အချိန်ရောက်လာပြီလား။ လူငယ်အသင်း နည်းပြတစ်ဦးအတွက် ရလဒ်တွေဆိုးရွားနေတဲ့ ရီးယဲလ်စီနီယာအသင်းကို ကိုင်တွယ်ခွင့် ရခဲ့တာဟာ ဂုဏ်ယူစရာလို့ ပြောနိုင်သလို၊ တခြားတစ်ဖက်မှာလည်း စိန်ခေါ်မှုတွေ၊ ဖိအားတွေအပြင် သူ့ရဲ့ဘဝတက်လမ်းပါ ထိခိုက်နိုင်မယ့် အကြောင်းအရာတွေက စောင့်ကြိုနေတယ်။ အခုအချိန်မှာ ဆိုလာရီဟာ စိန်ခေါ်မှုတွေ၊ သူ့အပေါ် စောင့်ကြည့်နေတဲ့ သံသယမျက်လုံးတွေကို တဖြည်းဖြည်းနဲ့ ချေဖျက်ပြနေပြီ။ ရီးယဲလ် ယာယီနည်းပြဘဝမှာ (၃)ပွဲ ကိုင်တွယ်ထားပြီး (၃)ပွဲနိုင် ပေးဂိုးမရှိအောင် စွမ်းဆောင်ခဲ့တယ်။

Santiago-Solari

Santiago-Solari

ပထမဆုံးပွဲမှာ Melilla ကို (၄)ဂိုးပြတ်၊ ဒုတိယပွဲမှာ ဗယ်လာဒိုလစ်ကို (၂-ဝ)၊ တတိယမြောက်ပွဲမှာ ပါလ်ဇန်ကို (၅)ဂိုးပြတ် စတဲ့ ရလဒ်တွေဟာ ဆိုလာရီအတွက် အနာဂတ်ရှေ့ဆက်ဖို့ ခွန်အားတွေပါပဲ။ အသင်းငယ်တွေနဲ့ တွေ့လို့ပါဆိုတဲ့ အကြောင်းပြချက်တွေက ဆိုလာရီရဲ့ အရည်အသွေးကို နိမ့်ချသလိုဖြစ်စေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရီးယဲလ်က စိတ်ဓာတ်ပျက်၊ စုစည်းမှု ကင်းမဲ့နေချိန်ဖြစ်ပြီး အဲဒီလိုအသင်းကို အတွေ့အကြုံ လုံလုံလောက်လောက် မရှိ၊ ပြင်ဆင်ချိန်မရှိဘဲ ကိုင်တွယ်ခဲ့ရချိန်မှာ (၃)ပွဲဆက် ပေးဂိုးမဲ့ နိုင်ပွဲရအောင် စွမ်းဆောင်ခဲ့တဲ့ ဆိုလာရီရဲ့ အရည်အသွေးကို သေချာပေါက် အသိအမှတ်ပြုရမယ်။

Real-Madrid-Players

Real-Madrid-Players

အခုဆိုရင် ဆိုလာရီဟာ ရီးယဲလ်အသင်း သမိုင်းတစ်လျှောက် ပထမဆုံး(၃)ပွဲဆက် ပေးဂိုးမရှိဘဲ နိုင်ပွဲရခဲ့တဲ့ ဒုတိယမြောက်နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ။ ရီးယဲလ်အသင်း သမိုင်းမှာ ပထမဆုံး(၃)ပွဲဆက် အနိုင်ရအောင် စွမ်းဆောင်ခဲ့သူက Luis Carniglia ဖြစ်ပြီး ၁၉၅၇ ခုနှစ်က ဖြစ်ပါတယ်။ ရီးယဲလ်အသင်းနဲ့အတူ စံချိန်တင် အောင်မြင်မှုတွေ ရယူခဲ့ဖူးတဲ့ ဇီဒန်း Zidane တောင် ဆိုလာရီလို မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဇီဒန်းတုန်းကလည်း ရီးယဲလ်အသင်းကို စကိုင်တုန်းက ဘယ်သူမှ အထင်မကြီးခဲ့ပေမယ့် အကောင်းဆုံး စွမ်းဆောင်ရည်ပြခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၃)ကြိမ်အပါအဝင် ဆုဖလား(၉)ခုအထိ ရယူခဲ့တာပဲမဟုတ်လား။ ဆိုလာရီဟာ ဇီဒန်း နောက်တစ်ယောက်လို့ သတ်မှတ်ဖို့ စောလွန်းပေမယ့် ဖြစ်မလာဘူးလို့လည်း ယတိပြတ် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဆိုလာရီရဲ့ စွမ်းဆောင်ရည်တွေအရ သူ့ကို အချိန်အတိုင်းအတာ တစ်ခုသတ်မှတ်ပြီး စောင့်ကြည့်သင့်တယ်လို့တော့ ယူဆမိပါတယ် . . .

Photo:RTVE,Premier League,Managing Madrid,Goal.com
Naing Linn(Akhayar)
www.akhayar.com