[Zawgyi]

မွတ္တမ္းေကာင္းတစ္ခု ပုိင္ဆုိင္ခဲ့တဲ့ ရီးယဲလ္ယာယီနည္းျပ ဆုိလာရီ Santiago Solari

ရီးယဲလ္အသင္းကုိ ယာယီနည္းျပအျဖစ္ ကုိင္တြယ္ေနတဲ့ ဆုိလာရီ Santiago Solari ဟာ (၂)ပဲြအၿပီးမွာပဲ မွတ္တမ္းေကာင္းတစ္ခုကုိ ပုိင္ဆုိင္ခဲ့ပါၿပီ။ ဆုိလာရီဟာ ပဲြဦးထြက္ျဖစ္တဲ့ Melilla နဲ႔ စပိန္ဘုရင့္ဖလားပဲြမွာ (၄)ဂုိးျပတ္၊ ဗယ္လာဒုိလစ္နဲ႔ ကစားခဲ့တဲ့ လာလီဂါပဲြမွာ (၂)ဂုိးျပတ္ အႏုိင္ရခဲ့ၿပီး ေပးဂုိးမရွိခဲ့ပါဘူး။ ရီးယဲလ္အသင္းကုိ နည္းျပတစ္ဦး စတင္ကုိင္တြယ္ၿပီး (၂)ပဲြဆက္အႏုိင္ရခဲ့တဲ့အျပင္ ေပးဂုိးလုံး၀မရွိတာက ႏွစ္ေပါင္း (၆၁)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ပါပဲ။

Real-Madrid-Players

Real-Madrid-Players

ရီးယဲလ္အသင္းနည္းျပေတြထဲမွာ ပထမဆုံး(၂)ပဲြကုိ ေပးဂုိးမရွိအႏုိင္ယူခဲ့သူက Luis Carniglia ျဖစ္ၿပီး ၁၉၅၇ ခုႏွစ္က ျဖစ္ပါတယ္။ ဆုိလာရီအေနနဲ႔ ႏွစ္ပဲြစလုံး အသင္းငယ္ေတြနဲ႔သာ ရင္ဆုိင္ခဲ့ရတယ္ဆုိေပမယ့္ ႏုိင္ပဲြေတြ ေ၀းေနတဲ့ ရီးယဲလ္အသင္းအတြက္ ႏုိင္ပဲြျပန္ရေအာင္ စြမ္းေဆာင္ခဲ့တာက စိတ္ဓာတ္ပုိင္းမွာ အားသာခ်က္လုိ႔ေျပာရမွာပါ။ ရီးယဲလ္အသငး္ဟာ စက္တင္ဘာ၊ (၂၃)ရက္က အက္စ္ပန္ညိဳကုိ အႏုိင္ရၿပီးေနာက္ပုိင္း လာလီဂါမွာ ႏုိင္ပဲြမရွိေတာ့ဘဲ (၂)ပဲြသေရ၊ (၃)ပဲြ႐ႈံး ရလဒ္ထြက္ေပၚခဲ့ၿပီး အခုမွ ႏုိင္ပဲြျပန္ရတာျဖစ္ပါတယ္။ ရီးယဲလ္အသင္းဟာ အခုလာမယ့္ၾကားရက္မွာ ပါလ္ဇန္နဲ႔ ခ်န္ပီယံလိဂ္အေ၀းကြင္း၊ လာမယ့္တစ္ပတ္က်ရင္ ဆယ္လ္တာဗီဂုိနဲ႔ လာလီဂါအေ၀းကြင္းပဲြေတြ ကစားရမွာလည္းျဖစ္ပါတယ္။

REF:AS
Photo:TheWorldNews,GettyImages
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခဲ့တဲ့ ရီးယဲလ်ယာယီနည်းပြ ဆိုလာရီ Santiago Solari

ရီးယဲလ်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ဆိုလာရီ Santiago Solari ဟာ (၂)ပွဲအပြီးမှာပဲ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါပြီ။ ဆိုလာရီဟာ ပွဲဦးထွက်ဖြစ်တဲ့ Melilla နဲ့ စပိန်ဘုရင့်ဖလားပွဲမှာ (၄)ဂိုးပြတ်၊ ဗယ်လာဒိုလစ်နဲ့ ကစားခဲ့တဲ့ လာလီဂါပွဲမှာ (၂)ဂိုးပြတ် အနိုင်ရခဲ့ပြီး ပေးဂိုးမရှိခဲ့ပါဘူး။ ရီးယဲလ်အသင်းကို နည်းပြတစ်ဦး စတင်ကိုင်တွယ်ပြီး (၂)ပွဲဆက်အနိုင်ရခဲ့တဲ့အပြင် ပေးဂိုးလုံးဝမရှိတာက နှစ်ပေါင်း (၆၁)နှစ်အတွင်း ပထမဆုံးအကြိမ်ပါပဲ။

Real-Madrid-Players

Real-Madrid-Players

ရီးယဲလ်အသင်းနည်းပြတွေထဲမှာ ပထမဆုံး(၂)ပွဲကို ပေးဂိုးမရှိအနိုင်ယူခဲ့သူက Luis Carniglia ဖြစ်ပြီး ၁၉၅၇ ခုနှစ်က ဖြစ်ပါတယ်။ ဆိုလာရီအနေနဲ့ နှစ်ပွဲစလုံး အသင်းငယ်တွေနဲ့သာ ရင်ဆိုင်ခဲ့ရတယ်ဆိုပေမယ့် နိုင်ပွဲတွေ ဝေးနေတဲ့ ရီးယဲလ်အသင်းအတွက် နိုင်ပွဲပြန်ရအောင် စွမ်းဆောင်ခဲ့တာက စိတ်ဓာတ်ပိုင်းမှာ အားသာချက်လို့ပြောရမှာပါ။ ရီးယဲလ်အသင်းဟာ စက်တင်ဘာ၊ (၂၃)ရက်က အက်စ်ပန်ညိုကို အနိုင်ရပြီးနောက်ပိုင်း လာလီဂါမှာ နိုင်ပွဲမရှိတော့ဘဲ (၂)ပွဲသရေ၊ (၃)ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့ပြီး အခုမှ နိုင်ပွဲပြန်ရတာဖြစ်ပါတယ်။ ရီးယဲလ်အသင်းဟာ အခုလာမယ့်ကြားရက်မှာ ပါလ်ဇန်နဲ့ ချန်ပီယံလိဂ်အဝေးကွင်း၊ လာမယ့်တစ်ပတ်ကျရင် ဆယ်လ်တာဗီဂိုနဲ့ လာလီဂါအဝေးကွင်းပွဲတွေ ကစားရမှာလည်းဖြစ်ပါတယ်။

REF:AS
Photo:TheWorldNews,GettyImages
Naing Linn(Akhayar)
www.akhayar.com